ဘယ်ကိုပြေးကြတာလဲဗျို့

ထားဝယ်က ထိုင်း-မြန်မာနယ်စပ်ရှိ မောထစစ်ကောင်စီတပ်စခန်း ကို KNLA နဲ့ ပူးပေါင်းတပ်များသိမ်းပိုက်၊လက်နက်ခဲယမ်းများစွာ ရရှိ

+++++++++++

ဧပြီ ၂၅ ၊ ၂၀၂၄

ထား၀ယ် က မောထ စစ်ကောင်စီအခြေစိုက် စစ်စခန်းကို စစ်သားများ စွန့်ခွါထွက်ပြေးသွားတာကြောင့် KNLAနှင့် PDF ပူးပေါင်း တပ်များ

က လက်နက် ၃၄ လက်၊ ခဲယမ်းများနှင့်အတူ စခန်းကို သိမ်းပိုက်ရရှိထားတယ်လို့ KNLA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှာ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှ မောထစစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့တာပါ။

အဆိုပါစခန်းမှာ စစ်သားအင်အား ၄၀ထက်မနည်းရှိပြီး တိုက်ခိုက်မှုများကြောင့် စခန်းကို စွန့်ခွါသွားတာလို့ သိရပါတယ်။

စခန်းမှာ မြိတ်အခြေစိုက် ခလရ ၁၇ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချထားတာလို့လည်း သိရပါတယ်။

လက်ရှိမှာ စခန်းကို သိမ်းဆည်းထားပြီး နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေကြောင်း သိရပါတယ်။

ထားဝယ္က ထိုင္း-ျမန္မာနယ္စပ္ရွိ ေမာထစစ္ေကာင္စီတပ္စခန္း ကို KNLA နဲ႔ ပူးေပါင္းတပ္မ်ားသိမ္းပိုက္၊လက္နက္ခဲယမ္းမ်ားစြာ ရရွိ
+++++++++++
ဧၿပီ ၂၅ ၊ ၂၀၂၄
ထား၀ယ္ က ေမာထ စစ္ေကာင္စီအေျခစိုက္ စစ္စခန္းကို စစ္သားမ်ား စြန္႔ခြါထြက္ေျပးသြားတာေၾကာင့္ KNLAႏွင့္ PDF ပူးေပါင္း တပ္မ်ား
က လက္နက္ ၃၄ လက္၊ ခဲယမ္းမ်ားႏွင့္အတူ စခန္းကို သိမ္းပိုက္ရရွိထားတယ္လို႔ KNLA ရဲ႕ စစ္ေရးသတင္းအရင္းအျမစ္ေတြထံက သိရပါတယ္။
ဧၿပီလ ၂၃ ရက္ေန႔ နံနက္ပိုင္းမွာ ထားဝယ္ၿမိဳ႕နယ္၊ ထိုင္း-ျမန္မာနယ္စပ္မွ ေမာထစစ္ေကာင္စီတပ္စခန္းကို KNLA ဦးေဆာင္တဲ့ ေတာ္လွန္ေရးတပ္မ်ားက စတင္တိုက္ခိုက္ခဲ့တာပါ။


အဆိုပါစခန္းမွာ စစ္သားအင္အား ၄၀ထက္မနည္းရွိၿပီး တိုက္ခိုက္မႈမ်ားေၾကာင့္ စခန္းကို စြန္႔ခြါသြားတာလို႔ သိရပါတယ္။
စခန္းမွာ ၿမိတ္အေျခစိုက္ ခလရ ၁၇ တပ္ရင္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား အထိုင္ခ်ထားတာလို႔လည္း သိရပါတယ္။
လက္ရွိမွာ စခန္းကို သိမ္းဆည္းထားၿပီး နယ္ေျမရွင္းလင္းေရးေတြလုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*