စရိတ်ညိမ်းနဲ့ကိုပို့ပေးနေတာနော်

ပြည်မြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် စုဆောင်းနေသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၅

ပဲခူးတိုင်း၊ ပြည်မြို့နယ်နှင့် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တို့တွင် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်စုဆောင်းနေသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဇီးအုပ် အုပ်စု၊ ရွှေမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဝင်းကြိုင်ကို ဖောင်းတင်ရွာအနီးတွင် တော်လှန်ရေးရဲဘော်များက ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားသည်။

ကျေးရွာအုပ်ချုပ်​ရေးမှူး ဝင်းကြိုင်သည် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်များ စုဆောင်းရန် အဓိက လုပ်ဆောင်နေသူဖြစ်ပြီး စစ်မှုထမ်းရန် လူငယ်များကို မဲနှိုက်ခိုင်းခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းမည့် လူငယ်များအား ထောက်ပံ့ရန်ဟုဆိုကာ ငွေကြေး အတင်းအဓမ္မကောက်ခံခြင်းများ လုပ်ဆောင်ကြောင်း၊ မဲပေါက်သည့် လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။

အလားတူ ဧပြီလ ၂၄ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ၊အင်္ဂလုံးအုပ်စု၊ ကသစ်ကုန်းကျေးရွာတွင် ရာအိမ်မှူး သိန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊​ သေနတ်သမားက ပစ်ခတ်စဉ် ၀ရုန်းသုန်းကား ထွက်ပြေးကြရမှ အသက် ၁၄ နှစ်အရွယ် ကလေးငယ် တစ်ဦးပါ သေဆုံးသွားခဲ့ကြောင်း၊ အခြားအမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ကသစ်ကုန်းကျေးရွာထဲမှာ အခုတော့ စစ်တပ်နဲ့ ရဲတွေက စစ်ဆေးတာတွေလုပ်နေတယ်။ ဖြစ်တာကတော့ စစ်သားစုဆောင်းရေးအတွက် ရာအိမ်မှူးက ဦးဆောင်လုပ်တာ။ အဲဒါကနေ အပစ်ခံရပြီး သေဆုံးတယ်လို့သိရတယ်။ ဒီကွမ်းခြံကုန်းဘက်မှာလည်း စစ်မှုထမ်းရမယ့် ကိစ္စ လူငယ်တွေ အရမ်းကို မလုပ်ချင်ကြတော့ ပြေးကြတာများတယ်။ အဲဒါကို အုပ်ကြီးတွေနဲ့ ရာအိမ်မှူးတွေက အတင်းအကျပ် လုပ်ကြတော့ အခုလိုတွေဖြစ်လာတာပဲ” ဟု ကသစ်ကုန်းကျေး ရွာနှင့် နီးစပ်သော ကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်လော်ဘီများက ထုတ်ပြန်ထားသည့် ပြည်မြို့နယ်၊ ဇီးအုပ် အုပ်စု၊ ရွှေမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဝင်းကြိုင် ပစ်ခတ်ခံရပြီးသေဆုံးနေစဉ်။

ျပည္ၿမိဳ႕နယ္ႏွင့္ ကြမ္းၿခံကုန္းၿမိဳ႕နယ္တို႔တြင္ စစ္မႈထမ္းဥပေဒျဖင့္ တပ္သားသစ္ စုေဆာင္းေနေသာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉးတို႔ ပစ္ခတ္ခံရၿပီး ေသဆုံး
ရန္ကုန္၊ ဧၿပီ ၂၅
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕နယ္ႏွင့္ ရန္ကုန္တိုင္း၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္တို႔တြင္ စစ္မႈထမ္းဥပေဒျဖင့္ တပ္သားသစ္စုေဆာင္းေနေသာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႏွင့္ ရာအိမ္မႉးတို႔ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။
ဧၿပီလ ၂၂ ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္ ပဲခူးတိုင္း၊ ျပည္ၿမိဳ႕နယ္၊ ဇီးအုပ္ အုပ္စု၊ ေ႐ႊေျမာင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးဝင္းႀကိဳင္ကို ေဖာင္းတင္႐ြာအနီးတြင္ ေတာ္လွန္ေရးရဲေဘာ္မ်ားက ပစ္ခတ္ရာမွ ေသဆုံးသြားေၾကာင္း စစ္တပ္ဘက္က သတင္းထုတ္ျပန္ထားသည္။
ေက်း႐ြာအုပ္ခ်ဳပ္​ေရးမႉး ဝင္းႀကိဳင္သည္ စစ္မႈထမ္းဥပေဒျဖင့္ တပ္သားသစ္မ်ား စုေဆာင္းရန္ အဓိက လုပ္ေဆာင္ေနသူျဖစ္ၿပီး စစ္မႈထမ္းရန္ လူငယ္မ်ားကို မဲႏႈိက္ခိုင္းျခင္း၊ ျပည္သူမ်ားထံမွ စစ္မႈထမ္းမည့္ လူငယ္မ်ားအား ေထာက္ပံ့ရန္ဟုဆိုကာ ေငြေၾကး အတင္းအဓမၼေကာက္ခံျခင္းမ်ား လုပ္ေဆာင္ေၾကာင္း၊ မဲေပါက္သည့္ လူငယ္မ်ားကို စစ္မႈထမ္းရန္ဟုဆိုကာ စစ္တပ္ေခၚ၍ ဖမ္းဆီးခိုင္းျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ေဒသျပည္သူတခ်ိဳ႕က ေျပာဆိုသည္။
အလားတူ ဧၿပီလ ၂၄ ရက္ေန႔ ည ၈ နာရီခြဲဝန္းက်င္အခ်ိန္ ရန္ကုန္တိုင္း၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္ ၊အဂၤလုံးအုပ္စု၊ ကသစ္ကုန္းေက်း႐ြာတြင္ ရာအိမ္မႉး သိန္းဝင္း ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း၊​ ေသနတ္သမားက ပစ္ခတ္စဥ္ ၀႐ုန္းသုန္းကား ထြက္ေျပးၾကရမွ အသက္ ၁၄ ႏွစ္အ႐ြယ္ ကေလးငယ္ တစ္ဦးပါ ေသဆုံးသြားခဲ့ေၾကာင္း၊ အျခားအမ်ိဳးသားတစ္ဦးလည္း ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။
“ကသစ္ကုန္းေက်း႐ြာထဲမွာ အခုေတာ့ စစ္တပ္နဲ႔ ရဲေတြက စစ္ေဆးတာေတြလုပ္ေနတယ္။ ျဖစ္တာကေတာ့ စစ္သားစုေဆာင္းေရးအတြက္ ရာအိမ္မႉးက ဦးေဆာင္လုပ္တာ။ အဲဒါကေန အပစ္ခံရၿပီး ေသဆုံးတယ္လို႔သိရတယ္။ ဒီကြမ္းၿခံကုန္းဘက္မွာလည္း စစ္မႈထမ္းရမယ့္ ကိစၥ လူငယ္ေတြ အရမ္းကို မလုပ္ခ်င္ၾကေတာ့ ေျပးၾကတာမ်ားတယ္။ အဲဒါကို အုပ္ႀကီးေတြနဲ႔ ရာအိမ္မႉးေတြက အတင္းအက်ပ္ လုပ္ၾကေတာ့ အခုလိုေတြျဖစ္လာတာပဲ” ဟု ကသစ္ကုန္းေက်း ႐ြာႏွင့္ နီးစပ္ေသာ ေက်း႐ြာမွ ျပည္သူတစ္ဦးက ေျပာဆိုသည္။
ဓာတ္ပုံ- စစ္တပ္ေလာ္ဘီမ်ားက ထုတ္ျပန္ထားသည့္ ျပည္ၿမိဳ႕နယ္၊ ဇီးအုပ္ အုပ္စု၊ ေ႐ႊေျမာင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးဝင္းႀကိဳင္ ပစ္ခတ္ခံရၿပီးေသဆုံးေနစဥ္။

Be the first to comment

Leave a Reply

Your email address will not be published.


*