ကိုလှဆွေတို့ကိုချစ်သူတွေက နတ်နတ်သီးဝိုင်းကြွေးကြတာ

မြောက်ဥက္ကလာပ၊ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၂ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၅

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်နယ်မြေရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့ သစ်နယ်မြေရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများ ကင်းပတ်ရန်ထွက်ခွာ လာချိန် ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီး မိနစ်ပိုင်းအကြာ ရွှေပေါက္ကံတံတားသို့ အကြမ်းဖက်စစ်သားများ ကား ၂ စီးဖြင့် ရောက်ရှိ လာကာ ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို အရှေ့ပိုင်းခရိုင် မြောက်ဥကလာပမြို့နယ် (ပကဖ) ပြည်သူကာ ကွယ် ရေးအဖွဲ့ ၂ မှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“မနေ့ည ၇ နာရီလောက်မှာ မြောက်ဥက္ကလာရွှေပေါက်ကံတံတားမှာ ရဲနဲ့စစ်သား ၂၀ လောက် ပိတ်ဆို့ စစ်ဆေးတာတွေလုပ်တယ်။ မိုင်းကွဲလို့ စစ်တာလို့သိရတယ်။ ၁ နာရီလောက်စစ်ပြီးတော့ စစ်ဆေးရေးတွေလည်း ပြန်ရုပ်သွားတယ်။ ဖမ်းဆီးရရှိတာတွေဘာတွေတော့ မကြားမိဘူး” ဟု မြောက်ဥက္ကလာမြို့နယ်မှ ကင်းထောက်လူငယ်တစ်ဦးက ပြောဆိုသည်။

ေျမာက္ဥကၠလာပ၊ ေ႐ႊေပါကၠံနယ္ေျမရဲစခန္းကို ခ်ိန္ကိုက္မိုင္းျဖင့္ ေဖာက္ခြဲ တိုက္ခိုက္မႈ ရဲ ၂ ဦး အျပင္းအထန္ဒဏ္ရာရ
ရန္ကုန္၊ ဧၿပီ ၂၅
ရန္ကုန္ၿမိဳ႕၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ႐ႊေပါကၠံၿမိဳ႕သစ္နယ္ေျမရဲစခန္းကို ခ်ိန္ကိုက္မိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ရာ ရဲ ႏွစ္ဦး အျပင္းအထန္ဒဏ္ရာရရွိခဲ့ေၾကာင္း ေျမာက္ဥကၠလာၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ က ေျပာဆိုသည္။
ယမန္ေန႔ ဧၿပီလ ၂၄ ရက္ေန႔ ညေန ၆ နာရီ ၄၅ မိနစ္အခ်ိန္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ႐ႊေပါကၠံၿမိဳ႕ သစ္နယ္ေျမရဲစခန္းအတြင္းရွိ အၾကမ္းဖက္စစ္တပ္လက္ေအာက္ခံ ရဲမ်ား ကင္းပတ္ရန္ထြက္ခြာ လာခ်ိန္ ခ်ိန္ကိုက္မိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ရာ ရဲ ၂ ဦးထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
မိုင္းခြဲတိုက္ခိုက္ခံရၿပီး မိနစ္ပိုင္းအၾကာ ေ႐ႊေပါကၠံတံတားသို႔ အၾကမ္းဖက္စစ္သားမ်ား ကား ၂ စီးျဖင့္ ေရာက္ရွိ လာကာ ပိတ္ဆို႔စစ္ေဆးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေဖာက္ခြဲ တိုက္ခိုက္မႈကို အေရွ႕ပိုင္းခ႐ိုင္ ေျမာက္ဥကလာပၿမိဳ႕နယ္ (ပကဖ) ျပည္သူကာ ကြယ္ ေရးအဖြဲ႕ ၂ မွ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ား အထိ အခိုက္မရွိ ေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရသည္။
“မေန႔ည ၇ နာရီေလာက္မွာ ေျမာက္ဥကၠလာေ႐ႊေပါက္ကံတံတားမွာ ရဲနဲ႔စစ္သား ၂၀ ေလာက္ ပိတ္ဆို႔ စစ္ေဆးတာေတြလုပ္တယ္။ မိုင္းကြဲလို႔ စစ္တာလို႔သိရတယ္။ ၁ နာရီေလာက္စစ္ၿပီးေတာ့ စစ္ေဆးေရးေတြလည္း ျပန္႐ုပ္သြားတယ္။ ဖမ္းဆီးရရွိတာေတြဘာေတြေတာ့ မၾကားမိဘူး” ဟု ေျမာက္ဥကၠလာၿမိဳ႕နယ္မွ ကင္းေထာက္လူငယ္တစ္ဦးက ေျပာဆိုသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*