မတ္တရာလက်ဖက်ရည်ဆိုင်က ဖောင်းဒိုင်း(ရုပ်သံ)

မတ္တရာမြို့လယ် လက်ဖက်ရည်ဆိုင်မှာ စစ်အုပ်စု ဗိုလ်မှူးတစ်ယောက် သေနတ်နဲ့ ခုနှစ်ချက် ပစ်သတ်ခံရ၊

ဧပြီလ ၂၅ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့လယ်က လက်ဖက်ရည်ဆိုင်မှာ ဒီမနက်ပိုင်း စစ်အုပ်စု သစ္စာခံ ဗိုလ်မှူး တစ်ယောက် သေနတ်နဲ့ ခုနှစ်ချက် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဧပြီ(၂၄)ရက် မနက်(၈)နာရီကျော်က မတ္တရာမြို့၊ အမှတ်(၅)ရပ်ကွက်က “စူး” လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် ထိုင်သောက်နေတဲ့ ဗိုလ်မှုး သက်နိူင်စိုး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ စစ်အုပ်စုကလည်း သတင်းဖြန့်ပါတယ်။

သေဆုံးသူ စစ်အုပ်စု ဗိုလ်မှူးအဆင့်ဟာ အရပ်ဝတ်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေချိန် သေနတ်နဲ့ပစ်ခတ်လို့ ဝဲဂျိုစောင်း ဖောက်ထွက်ဒဏ်ရာ တစ်ချက်၊ ဝဲ-ဂျိုစောင်း ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက် ဖောက်ဝင်၊ ဖောက်ထွက်ဒဏ်ရာ တစ်ချက်၊ ရင်ညွှန့် ဖောက်ဝင်၊ နောက်ကျောဖောက်ထွက် ဒဏ်ရာ နှစ်ချက်နဲ့ သေတာလို့ စစ်အုပ်စုက ဆိုပါတယ်။

ဧပြီလ ၂၄ ရက်
ဒီနေ့ ဧပြီ(၂၄)ရက် မနက်(၈)နာရီကျော်က မတ္တရာမြို့၊ အမှတ်(၅)ရပ်ကွက်က “စူး” လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် ထိုင်သောက်နေတဲ့ ဗိုလ်မှုး သက်နိုင်စိုး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ စစ်အုပ်စုကလည်း သတင်းဖြန့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*