စိုးရိမ်မိပါတယ် အဓိကနေရာတွေကိုမှ ထိပါ့မလားလို့ ..

အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်းသို့ တော်လှန်ရေးအဖွဲ့ပေါင်းစုံက ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများနိုင်

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်၏ အနောက် မြောက်တိုင်း စစ် ဌာန ချုပ် (နမခ) အတွင်းသို့ ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ် သား အများအပြားသေဆုံးနိုင်ကြောင်း စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၄ ရက် ည ၇ နာရီအချိန်ခန့်က အနောက်မြောက်တိုင်းစစ် ဌာနချုပ် – နမခ အတွင်း သို့ ရော့ကတ် အလုံး ၂၀ ၊ ဒရုန်း ၅ စီးဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဌာနချုပ်အတွင်းရှိ ဗဟို ကင်းနေရာအပါအဝင် ပစ်မှတ်နေရာတော်တော်များများကို ကျရောက်ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်း ဖက်စစ်တပ်မှ အရာရှိကြီးများအပါအဝင် သေဆုံးသူအများအပြားရှိနိုင်ကြောင်း သိရသည်။

“အခုက တိတိကျကျ မသိရသေးဘူး။ အဖွဲ့တွေပေါင်းပြီးလုပ်တာတော်တော်များများပါတယ်။ သတင်း ထုတ်ပြန်ပေးမှာပါ။” ဟု တော်လှန်ရေးတပ်ဖွဲ့၏တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က YAK – 130 တိုက်လေယာဉ်ဖြင့် ၈ ကြိမ်တိုင်တိုင် ကင်းလှည့်ပတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်။

အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္အတြင္းသို႔ ေတာ္လွန္ေရးအဖြဲ႕ေပါင္းစုံက ေရာ့ကတ္၊ ဒ႐ုန္းမ်ားျဖင့္ ဗုံးက်ဲတိုက္ခိုက္မႈ စစ္သားမ်ား ထိခိုက္ေသဆုံးမႈမ်ားႏိုင္
ရန္ကုန္၊ ဧၿပီ ၂၅
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕နယ္ရွိ အၾကမ္းဖက္စစ္ေကာင္၏ အေနာက္ ေျမာက္တိုင္း စစ္ ဌာန ခ်ဳပ္ (နမခ) အတြင္းသို႔ ေရွာ့တိုက္ဒုံး၊ ဒ႐ုန္းမ်ားျဖင့္ ဗုံးက်ဲပစ္ခတ္တိုက္ခိုက္ခဲ့ရာ အၾကမ္း ဖက္စစ္ သား အမ်ားအျပားေသဆုံးႏိုင္ေၾကာင္း စစ္ကိုင္းအေျခစိုက္ ေတာ္လွန္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦး က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။
ယမန္ေန႔ ဧၿပီလ ၂၄ ရက္ ည ၇ နာရီအခ်ိန္ခန႔္က အေနာက္ေျမာက္တိုင္းစစ္ ဌာနခ်ဳပ္ – နမခ အတြင္း သို႔ ေရာ့ကတ္ အလုံး ၂၀ ၊ ဒ႐ုန္း ၅ စီးျဖင့္ ဗုံးက်ဲ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ စစ္ဌာနခ်ဳပ္အတြင္းရွိ ဗဟို ကင္းေနရာအပါအဝင္ ပစ္မွတ္ေနရာေတာ္ေတာ္မ်ားမ်ားကို က်ေရာက္ထိမွန္ေပါက္ကြဲခဲ့ေၾကာင္း၊ အၾကမ္း ဖက္စစ္တပ္မွ အရာရွိႀကီးမ်ားအပါအဝင္ ေသဆုံးသူအမ်ားအျပားရွိႏိုင္ေၾကာင္း သိရသည္။
“အခုက တိတိက်က် မသိရေသးဘူး။ အဖြဲ႕ေတြေပါင္းၿပီးလုပ္တာေတာ္ေတာ္မ်ားမ်ားပါတယ္။ သတင္း ထုတ္ျပန္ေပးမွာပါ။” ဟု ေတာ္လွန္ေရးတပ္ဖြဲ႕၏တာဝန္ရွိသူက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။
ထိုသို႔ တိုက္ခိုက္ခံရၿပီးေနာက္ အၾကမ္းဖက္စစ္ေကာင္စီတပ္က YAK – 130 တိုက္ေလယာဥ္ျဖင့္ ၈ ႀကိမ္တိုင္တိုင္ ကင္းလွည့္ပတ္စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ဓာတ္ပုံ- အေနာက္ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ သန္းထိုက္။

Be the first to comment

Leave a Reply

Your email address will not be published.


*