ပွဲဟေ့ ပွဲဗျို့ ခဝေးကြီးတွေကိုက်ကြတဲ့ပွဲ

လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ထံမှ လက်နက်များ သိမ်းဆည်းရရှိမှု စစ်အရာရှိတချို့၊ ကြံ့ဖွတ်ပါတီခေါင်းဆောင် တချို့နှင့် ဗိုလ်ချုပ်ဟောင်းတချို့ပါ စစ်ဆေးမေးမြန်းခံရ ၊ လက်နက်တွေ ဘာအတွက်လဲဟု အဓိက စုံစမ်းစစ်ဆေး

■ ဖမ်းဆီးခံထားရသော မြင့်လှိုင်၊ ဒုဗိုလ်ချုပ်ကြီးညိုစောနှင့် ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးတို့မှာ ယခင်စစ်အာဏာရှင်ဟောင်း သန်းရွှေထံသို့ အဝင် အထွက်ရှိသော အဓိက လူယုံများဖြစ်

ရန်ကုန်၊ ဧပြီ ၂၆

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံနေရသော လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ထံမှ ရိုင်ဖယ်မောင်းပြန်သေနတ်၊ ပစ္စတိုသေနတ်နှင့် ကျည်ဆန်အများအပြား သိမ်းဆည်းရရှိပြီး အဆိုပါ လက်နက်များ သိမ်းဆည်းရရှိမှုအတွက် စစ်တပ်အရာရှိတချို့၊ ဗိုလ်ချုပ်ဟောင်းတချို့ပါ စစ်ဆေးမေးမြန်းခံနေရကြောင်း သိရှိရသည်။

“လက်နက်တွေနဲ့ ကျည်ဆန်တွေ ဖမ်းမိတာရှိပါတယ်။ အဲဒါက ဘာအတွက်လဲဆိုတာ အဓိက စိစစ်တယ်လို့ သိရတယ်။ ဘယ်လို အချိတ် အဆက်တွေနဲ့ လက်နက်ရယူခဲ့သလဲဆိုတာတွေလည်း လိုက်ဖော်ထုတ်နေတယ်လို့ သိရတယ်။ လက်နက်နဲ့ကျည်ဆန်တွေကိုလည်း တပ်မတော်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတချို့ဆီကတစ်ဆင့် ဝယ်ယူ၊ ရယူ စုဆောင်းခဲ့တယ်လို့ သိရတယ်။ အဲဒီအတွက်လည်း ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိတချို့ ခေါ်ယူမေးမြန်းခံရတာရှိတယ်။ နောက်တစ်ခါ ဗိုလ်ချုပ်မြင့်လှိုင်ရဲ့ မိတ်ဆွေ ဗိုလ်ချုပ်ဟောင်းတချို့ကိုလည်း ခေါ်ယူ မေးမြန်းတာရှိတယ်။ ဖမ်းတာမျိုးတော့မဟုတ်ဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်နက်နှင့်ကျည်ဆန်များသည် လုပ်ကြံခံရမည်စိုးရိမ်၍ မိမိကိုယ်ကိုကိုယ် ခုခံကာကွယ်ရန်အတွက်ဖြစ်သည်ဟု ဗိုလ်ချုပ်ဟောင်း မြင့်လှိုင်က ထွက်ဆိုထားသော်လည်း စစ်ကောင်စီဘက်က လက်နက်များ မည်သည့်အတွက်ကြောင့် ရယူ သိမ်း ဆည်းထားသည်ဆိုသော မေးခွန်းကို အကြိမ်ကြိမ် စစ်ဆေးလျက်ရှိကြောင်း၊ လက်ရှိ ခေါ်ယူ စစ်ဆေးနေမှုများကိုလည်း သတင်းမပေါက်ကြားရန် အထူးလျှို့ဝှက် စစ်ဆေးလျက်ရှိကြောင်း၊ ခေါ်ယူမေးမြန်းခံရသည့် စစ်အရာရှိတချို့နှင့် ဗိုလ်ချုပ်ဟောင်းတချို့လည်း သတင်းပြန်လည် ပေါက်ကြားခြင်းမရှိစေရန် တာဝန်ယူပါသည်ဆိုသော ခံဝန်များ လက်မှတ်ရေး ထိုးခိုင်းထားကြောင်း သိရှိရသည်။

လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို ဖမ်းဆီးမှု နောက် ဆက်တွဲ အဖြစ် မင်းအောင် လှိုင်၏ အကြံပေး ဒုဗိုလ်ချုပ်ကြီးညိုစော၊ ကြံ့ဖွတ်ပါတီ၏ CEC နှင့် နိုင်ငံခြားရေးရာ ကော်မတီ တာဝန်ခံ ဒုဗိုလ် ချုပ်ကြီး ဟောင်း အောင်စိုးတို့ကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးလျက်ရှိရာ ယင်းစစ်ဆေးမှုများမှာလည်း မပြီးဆုံးသေးဘဲ ဆက်လက်စစ်ကြောလျက်ရှိကြောင်း၊ ၎င်းတို့၏မိသားစုဝင်တချို့ပါ အကျုယ်ချုပ်ထားရှိသည်ဟု သိရှိထားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီ၏ အဂတိလိုက်စားမှု ကော်မရှင်က လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်၊ ဒုဗိုလ် ချုပ်ကြီး ညိုစောနှင့် ဒုဗိုလ် ချုပ်ကြီးဟောင်း အောင်စိုးတို့ကို အဂတိလိုက်စားမှုများဖြင့် အမှုဖွင့်ထားကြောင်း၊ သို့ရာတွင် လက်တွေ့ စစ်ဆေးနေမှုများမှာ အဂတိမှုမဟုတ်ဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည့် ကွန်ရက်နှင့် လှုပ်ရှားမှုကို ဖော်ထုတ်နေခြင်းဟု သိရှိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးညိုစောသည် မင်းအောင်လှိုင်၏ အထူးယုံကြည်ရသော အကြံပေးတစ်ဦးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးမှာလည်း မင်းအောင်လှိုင်၏ စီမံမှုဖြင့် ကြံ့ဖွတ်ပါတီသို့ ၂၀၂၂ ခုနှစ်၊ အောက် တိုဘာလကုန်တွင် အရပ်ဝတ်လဲ ပြောင်းရွှေ့ခံရသူဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၃၃ တပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကစထမှူး တာဝန်များ ထမ်းဆောင်ခဲ့ကာ ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ လက်ထက်တွင် ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၃ ကျောင်းဆင်းဖြစ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တို့တွင်လည်း တိုင်းမှူး တာဝန်များကိုထမ်းဆောင်ခဲ့ပြီး စစ်ထောက်ချုပ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း( MEC ) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး စစ်တပ်ပိုင် အင်းဝဘဏ် ၏ ဥက္ကဋ္ဌအဖြစ်လည်း ထမ်းဆောင်နေကော စစ်ခါင်းဆောင်၏ အထူးအကြံပေး ပုဂ္ဂိုလ်လည်းဖြစ်သည်။

လယ်/ဆည် မြင့်လှိုင်သည် စစ်တပ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်/ဆည်ဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီ၏ ထိပ်တန်းခေါင်း ဆောင်တစ်ဦးလည်းဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ စိတ်ချယုံကြည်ရသော လူယုံတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ စစ်ကောင်စီက ဖမ်းဆီးထားသော မြင့်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးတို့မှာ ယခင်စစ်အာဏာရှင်ဟောင်း သန်းရွှေ၏ အဓိက လူယုံများဖြစ်ပြီး စစ်ခေါင်းဆောင်ဟောင်း သန်းရွှေထံသို့ အဝင်အထွက်ရှိသူများဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ အခမ်းအနားကို စစ်ဝတ်စုံအပြည့်ဖြင့် တက်ရောက်ခဲ့သော ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်နှင့် စစ်အရာရှိဟောင်းများ။

လယ္/ဆည္ဝန္ႀကီးေဟာင္း ျမင့္လႈိင္ထံမွ လက္နက္မ်ား သိမ္းဆည္းရရွိမႈ စစ္အရာရွိတခ်ိဳ႕၊ ႀကံ့ဖြတ္ပါတီေခါင္းေဆာင္ တခ်ိဳ႕ႏွင့္ ဗိုလ္ခ်ဳပ္ေဟာင္းတခ်ိဳ႕ပါ စစ္ေဆးေမးျမန္းခံရ ၊ လက္နက္ေတြ ဘာအတြက္လဲဟု အဓိက စုံစမ္းစစ္ေဆး
■ ဖမ္းဆီးခံထားရေသာ ျမင့္လႈိင္၊ ဒုဗိုလ္ခ်ဳပ္ႀကီးညိဳေစာႏွင့္ ဒုဗိုလ္ခ်ဳပ္ႀကီးေဟာင္း ေအာင္စိုးတို႔မွာ ယခင္စစ္အာဏာရွင္ေဟာင္း သန္းေ႐ႊထံသို႔ အဝင္ အထြက္ရွိေသာ အဓိက လူယုံမ်ားျဖစ္
ရန္ကုန္၊ ဧၿပီ ၂၆
အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ကို ျဖဳတ္ခ်ရန္ ႀကံစည္သည္ဆိုေသာ စြပ္စြဲခ်က္ျဖင့္ ဖမ္းဆီးခံေနရေသာ လယ္/ဆည္ဝန္ႀကီးေဟာင္း ျမင့္လႈိင္ထံမွ ႐ိုင္ဖယ္ေမာင္းျပန္ေသနတ္၊ ပစၥတိုေသနတ္ႏွင့္ က်ည္ဆန္အမ်ားအျပား သိမ္းဆည္းရရွိၿပီး အဆိုပါ လက္နက္မ်ား သိမ္းဆည္းရရွိမႈအတြက္ စစ္တပ္အရာရွိတခ်ိဳ႕၊ ဗိုလ္ခ်ဳပ္ေဟာင္းတခ်ိဳ႕ပါ စစ္ေဆးေမးျမန္းခံေနရေၾကာင္း သိရွိရသည္။
“လက္နက္ေတြနဲ႔ က်ည္ဆန္ေတြ ဖမ္းမိတာရွိပါတယ္။ အဲဒါက ဘာအတြက္လဲဆိုတာ အဓိက စိစစ္တယ္လို႔ သိရတယ္။ ဘယ္လို အခ်ိတ္ အဆက္ေတြနဲ႔ လက္နက္ရယူခဲ့သလဲဆိုတာေတြလည္း လိုက္ေဖာ္ထုတ္ေနတယ္လို႔ သိရတယ္။ လက္နက္နဲ႔က်ည္ဆန္ေတြကိုလည္း တပ္မေတာ္မွာ လက္ရွိ တာဝန္ထမ္းေဆာင္ေနတဲ့ အရာရွိတခ်ိဳ႕ဆီကတစ္ဆင့္ ဝယ္ယူ၊ ရယူ စုေဆာင္းခဲ့တယ္လို႔ သိရတယ္။ အဲဒီအတြက္လည္း ပါဝင္ပတ္သက္တယ္လို႔ ယူဆရတဲ့ လက္ရွိ တာဝန္ထမ္းေဆာင္ဆဲ စစ္အရာရွိတခ်ိဳ႕ ေခၚယူေမးျမန္းခံရတာရွိတယ္။ ေနာက္တစ္ခါ ဗိုလ္ခ်ဳပ္ျမင့္လႈိင္ရဲ႕ မိတ္ေဆြ ဗိုလ္ခ်ဳပ္ေဟာင္းတခ်ိဳ႕ကိုလည္း ေခၚယူ ေမးျမန္းတာရွိတယ္။ ဖမ္းတာမ်ိဳးေတာ့မဟုတ္ဘူး” ဟု ေနျပည္ေတာ္စစ္ဘက္သတင္းရင္းျမစ္က ေျပာဆိုသည္။
လက္နက္ႏွင့္က်ည္ဆန္မ်ားသည္ လုပ္ႀကံခံရမည္စိုးရိမ္၍ မိမိကိုယ္ကိုကိုယ္ ခုခံကာကြယ္ရန္အတြက္ျဖစ္သည္ဟု ဗိုလ္ခ်ဳပ္ေဟာင္း ျမင့္လႈိင္က ထြက္ဆိုထားေသာ္လည္း စစ္ေကာင္စီဘက္က လက္နက္မ်ား မည္သည့္အတြက္ေၾကာင့္ ရယူ သိမ္း ဆည္းထားသည္ဆိုေသာ ေမးခြန္းကို အႀကိမ္ႀကိမ္ စစ္ေဆးလ်က္ရွိေၾကာင္း၊ လက္ရွိ ေခၚယူ စစ္ေဆးေနမႈမ်ားကိုလည္း သတင္းမေပါက္ၾကားရန္ အထူးလွ်ိဳ႕ဝွက္ စစ္ေဆးလ်က္ရွိေၾကာင္း၊ ေခၚယူေမးျမန္းခံရသည့္ စစ္အရာရွိတခ်ိဳ႕ႏွင့္ ဗိုလ္ခ်ဳပ္ေဟာင္းတခ်ိဳ႕လည္း သတင္းျပန္လည္ ေပါက္ၾကားျခင္းမရွိေစရန္ တာဝန္ယူပါသည္ဆိုေသာ ခံဝန္မ်ား လက္မွတ္ေရး ထိုးခိုင္းထားေၾကာင္း သိရွိရသည္။
လယ္/ဆည္ဝန္ႀကီးေဟာင္း ျမင့္လႈိင္ကို ဖမ္းဆီးမႈ ေနာက္ ဆက္တြဲ အျဖစ္ မင္းေအာင္ လႈိင္၏ အႀကံေပး ဒုဗိုလ္ခ်ဳပ္ႀကီးညိဳေစာ၊ ႀကံ့ဖြတ္ပါတီ၏ CEC ႏွင့္ ႏိုင္ငံျခားေရးရာ ေကာ္မတီ တာဝန္ခံ ဒုဗိုလ္ ခ်ဳပ္ႀကီး ေဟာင္း ေအာင္စိုးတို႔ကို စစ္ေကာင္စီက ဖမ္းဆီး စစ္ေဆးလ်က္ရွိရာ ယင္းစစ္ေဆးမႈမ်ားမွာလည္း မၿပီးဆုံးေသးဘဲ ဆက္လက္စစ္ေၾကာလ်က္ရွိေၾကာင္း၊ ၎တို႔၏မိသားစုဝင္တခ်ိဳ႕ပါ အက်ဳယ္ခ်ဳပ္ထားရွိသည္ဟု သိရွိထားေၾကာင္း ေနျပည္ေတာ္ စစ္ဘက္သတင္းရင္းျမစ္က ေျပာဆိုသည္။
စစ္ေကာင္စီ၏ အဂတိလိုက္စားမႈ ေကာ္မရွင္က လယ္/ဆည္ဝန္ႀကီးေဟာင္း ျမင့္လႈိင္၊ ဒုဗိုလ္ ခ်ဳပ္ႀကီး ညိဳေစာႏွင့္ ဒုဗိုလ္ ခ်ဳပ္ႀကီးေဟာင္း ေအာင္စိုးတို႔ကို အဂတိလိုက္စားမႈမ်ားျဖင့္ အမႈဖြင့္ထားေၾကာင္း၊ သို႔ရာတြင္ လက္ေတြ႕ စစ္ေဆးေနမႈမ်ားမွာ အဂတိမႈမဟုတ္ဘဲ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ကို ျဖဳတ္ခ်ရန္ ႀကံစည္သည့္ ကြန္ရက္ႏွင့္ လႈပ္ရွားမႈကို ေဖာ္ထုတ္ေနျခင္းဟု သိရွိရသည္။
ဒုတိယဗိုလ္ခ်ဳပ္ႀကီးညိဳေစာသည္ မင္းေအာင္လႈိင္၏ အထူးယုံၾကည္ရေသာ အႀကံေပးတစ္ဦးျဖစ္ၿပီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္း ေအာင္စိုးမွာလည္း မင္းေအာင္လႈိင္၏ စီမံမႈျဖင့္ ႀကံ့ဖြတ္ပါတီသို႔ ၂၀၂၂ ခုႏွစ္၊ ေအာက္ တိုဘာလကုန္တြင္ အရပ္ဝတ္လဲ ေျပာင္းေ႐ႊ႕ခံရသူျဖစ္သည္။
ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္း ေအာင္စိုးသည္ စစ္တကၠသိုလ္ အပတ္စဥ္ ၂၆ ေက်ာင္းဆင္းျဖစ္ၿပီး တပ္မ ၃၃ တပ္မမႉး၊ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး၊ ကစထမႉး တာဝန္မ်ား ထမ္းေဆာင္ခဲ့ကာ ဦးသိန္းစိန္အစိုးရႏွင့္ NLD အစိုးရ လက္ထက္တြင္ ျပည္ထဲေရး ဒုဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္သည္။
ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာသည္ စစ္တကၠသိုလ္ အမွတ္စဥ္ ၂၃ ေက်ာင္းဆင္းျဖစ္ၿပီး ေတာင္ပိုင္းတိုင္းစစ္ဌာန ခ်ဳပ္ႏွင့္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တို႔တြင္လည္း တိုင္းမႉး တာဝန္မ်ားကိုထမ္းေဆာင္ခဲ့ၿပီး စစ္ေထာက္ခ်ဳပ္အျဖစ္ ၂၀၁၄ ခုႏွစ္မွ ၂၀၂၀ ခုႏွစ္ ဧၿပီလအထိ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း၊ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း( MEC ) ဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိၿပီး စစ္တပ္ပိုင္ အင္းဝဘဏ္ ၏ ဥကၠ႒အျဖစ္လည္း ထမ္းေဆာင္ေနေကာ စစ္ခါင္းေဆာင္၏ အထူးအႀကံေပး ပုဂၢိဳလ္လည္းျဖစ္သည္။
လယ္/ဆည္ ျမင့္လႈိင္သည္ စစ္တပ္တြင္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာထူးျဖင့္ ေလေၾကာင္းရန္ ကာကြယ္ေရးတပ္ဖြဲ႕ အရာရွိခ်ဳပ္ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ၂၀၁၁ ခုႏွစ္ မွ ၂၀၁၆ ခုႏွစ္ သမၼတဦးသိန္းစိန္အစိုးရလက္ထက္တြင္ လယ္/ဆည္ဝန္ ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း၊ ႀကံ့ဖြတ္ပါတီ၏ ထိပ္တန္းေခါင္း ေဆာင္တစ္ဦးလည္းျဖစ္ၿပီး အာဏာရွင္ေဟာင္း သန္းေ႐ႊ၏ စိတ္ခ်ယုံၾကည္ရေသာ လူယုံတစ္ဦးလည္းျဖစ္ေၾကာင္း သိရွိရသည္။
လက္ရွိ စစ္ေကာင္စီက ဖမ္းဆီးထားေသာ ျမင့္လႈိင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးညိဳေစာႏွင့္ ဒုဗိုလ္ခ်ဳပ္ႀကီးေဟာင္း ေအာင္စိုးတို႔မွာ ယခင္စစ္အာဏာရွင္ေဟာင္း သန္းေ႐ႊ၏ အဓိက လူယုံမ်ားျဖစ္ၿပီး စစ္ေခါင္းေဆာင္ေဟာင္း သန္းေ႐ႊထံသို႔ အဝင္အထြက္ရွိသူမ်ားျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ၂၀၂၃ ခုႏွစ္ မတ္လ ၂၇ ရက္ေန႔ တပ္မေတာ္ေန႔ အခမ္းအနားကို စစ္ဝတ္စုံအျပည့္ျဖင့္ တက္ေရာက္ခဲ့ေသာ ဒုဗိုလ္ခ်ဳပ္ႀကီးေဟာင္း ျမင့္လႈိင္ႏွင့္ စစ္အရာရွိေဟာင္းမ်ား။

Be the first to comment

Leave a Reply

Your email address will not be published.


*