အတေတစ်ကောင်အရှင်တစ်ကောင်

ပခုက္ကူနည်းပညာတက္ကသိုလ် GTC မှ တာဝန်ကျ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် စစ်သား ကျော်နိုင်ဝင်းကို ဝင်ဖမ်းစဉ် ပစ်ခတ်မှုဖြစ်ပြီး စရဖစ စ်သား သေ ဆုံး ၊ စစ်တပ်အတွက် အလုပ်လုပ်နေသူတစ်ဦးကိုလည်း ဖမ်းဆီးရရှိ

ရန်ကုန်၊ ဧပြီ ၂၅

မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ် GTC မှ တာဝန်ကျ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် စစ်သား ကျော်နိုင်ဝင်းကို ဝင်ဖမ်းစဉ် ပစ်ခတ်မှုဖြစ်ပြီး စရဖစစ်သား သေဆုံးကြောင်း Southern YSO PDFတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန် ပခုက္ကူနည်းပညာတက္ကသိုလ် GTC စစ်တပ်ဂိတ်စခန်းတွင် တာဝန်ကျထမ်းဆောင်နေသော ပခုက္ကူမြို့ အခြေစိုက် တပ် ၂၅၂ မှ စရဖ စစ်သား ကျော်နိုင်ဝင်းကို လက်ဖက်ရည်ဆိုင်တွင် ဝင်ရောက်ဖမ်းဆီးရာ အဖမ်းမခံဘဲ ထွက်ပြေးရန် ကြိုးစားခြင်း၊ ခုခံခြင်းတို့ကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။

“သူက စရဖက ကျောက်လှေကားနဲ့ GTC ကတောင်ဘက်မြောက်ဘက်၊ ၅ ဖာလုံလောက်လေးပဲကွာ။ နဂိုက သူကကျောက်လှေကားဂိတ်မှာတာဝန်ကျတာ၊ အဲဒီမှာက သူက ဂိတ်ဗိုလ်နဲ့အဆင်မပြေတော့ GTC ဂိတ်ကို ပြန်ပြောင်းသွားတာ။ သူက ဂိတ်စချကတည်းကနေတာ။ GTC ဂိတ်အနီးက လက်ဖက်ရည်ဆိုင်မှာ ဝင်ဖမ်းတာ၊ သူက ပြန်လည်ခုခံဖို့လုပ်တာနဲ့ အသေပဲပစ် လိုက်တာ။ သူမှာက ဘာလက်နက်မှ မရှိဘူး။ သူထဲမှာတော့ အတွင်းထဲက သတင်းပေးတွေရှိတယ်။ အဲဒီအချက် အလက်တွေတော်တော်များများရခဲ့တယ်။ ” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင် မောင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ စစ်ဆင်ရေးများကို Southern YSO PDF က နတ်မိချောင်း စစ်ဆင် ရေးအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ ထပ်မံ၍ စစ်တပ်အတွက် သတင်း ပေးလုပ်ဆောင်နေသူတစ်ဦးကိုလည်း PDF တပ်များက ဖမ်းဆီး ရရှိထားကြောင်း သိရှိရသည်။

ပခုကၠဴနည္းပညာတကၠသိုလ္ GTC မွ တာဝန္က် စစ္ဘက္ေရးရာ လုံၿခဳံေရးအဖြဲ႕ဝင္ စစ္သား ေက်ာ္ႏိုင္ဝင္းကို ဝင္ဖမ္းစဥ္ ပစ္ခတ္မႈျဖစ္ၿပီး စရဖစ စ္သား ေသ ဆုံး ၊ စစ္တပ္အတြက္ အလုပ္လုပ္ေနသူတစ္ဦးကိုလည္း ဖမ္းဆီးရရွိ
ရန္ကုန္၊ ဧၿပီ ၂၅
မေကြးတိုင္း၊ ပခုကၠဴနည္းပညာတကၠသိုလ္ GTC မွ တာဝန္က် စစ္ဘက္ေရးရာ လုံၿခဳံေရးအဖြဲ႕ဝင္ စစ္သား ေက်ာ္ႏိုင္ဝင္းကို ဝင္ဖမ္းစဥ္ ပစ္ခတ္မႈျဖစ္ၿပီး စရဖစစ္သား ေသဆုံးေၾကာင္း Southern YSO PDFတပ္မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ဧၿပီလ ၂၄ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္ ပခုကၠဴနည္းပညာတကၠသိုလ္ GTC စစ္တပ္ဂိတ္စခန္းတြင္ တာဝန္က်ထမ္းေဆာင္ေနေသာ ပခုကၠဴၿမိဳ႕ အေျခစိုက္ တပ္ ၂၅၂ မွ စရဖ စစ္သား ေက်ာ္ႏိုင္ဝင္းကို လက္ဖက္ရည္ဆိုင္တြင္ ဝင္ေရာက္ဖမ္းဆီးရာ အဖမ္းမခံဘဲ ထြက္ေျပးရန္ ႀကိဳးစားျခင္း၊ ခုခံျခင္းတို႔ေၾကာင့္ အေသပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း သိရွိရသည္။
“သူက စရဖက ေက်ာက္ေလွကားနဲ႔ GTC ကေတာင္ဘက္ေျမာက္ဘက္၊ ၅ ဖာလုံေလာက္ေလးပဲကြာ။ နဂိုက သူကေက်ာက္ေလွကားဂိတ္မွာတာဝန္က်တာ၊ အဲဒီမွာက သူက ဂိတ္ဗိုလ္နဲ႔အဆင္မေျပေတာ့ GTC ဂိတ္ကို ျပန္ေျပာင္းသြားတာ။ သူက ဂိတ္စခ်ကတည္းကေနတာ။ GTC ဂိတ္အနီးက လက္ဖက္ရည္ဆိုင္မွာ ဝင္ဖမ္းတာ၊ သူက ျပန္လည္ခုခံဖို႔လုပ္တာနဲ႔ အေသပဲပစ္ လိုက္တာ။ သူမွာက ဘာလက္နက္မွ မရွိဘူး။ သူထဲမွာေတာ့ အတြင္းထဲက သတင္းေပးေတြရွိတယ္။ အဲဒီအခ်က္ အလက္ေတြေတာ္ေတာ္မ်ားမ်ားရခဲ့တယ္။ ” ဟု Southern YSO PDF တပ္ဖြဲ႕မွ တာဝန္ခံကိုေအာင္ ေမာင္း က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။
အဆိုပါ စစ္ဆင္ေရးမ်ားကို Southern YSO PDF က နတ္မိေခ်ာင္း စစ္ဆင္ ေရးအျဖစ္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ၊ ထပ္မံ၍ စစ္တပ္အတြက္ သတင္း ေပးလုပ္ေဆာင္ေနသူတစ္ဦးကိုလည္း PDF တပ္မ်ားက ဖမ္းဆီး ရရွိထားေၾကာင္း သိရွိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*