ထိထိရောက်ရောက်ကို လုပ်ဆောင်နေကြပြီ

ရေးမြို့နယ်၌ စစ်သားစုဆောင်းနေသည့် စစ်ကောင်စီအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ် ခေါင်းဆောင်ထံမှ လက်နက်များ တော်လှန်ရေးအဖွဲ့များ သိမ်းဆည်း

▪️လက်နက်ပြန်လုသည့် ပြည်သူ့စစ် ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ကို ပစ်ခတ် ရှင်းလင်းခဲ့ရဟု MSRF အသိပေး

ဟန်နွေ/People’s Spring

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် တပ်သားစုဆောင်းနေသည့် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ် ခေါင်းဆောင်များထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်သည်။

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

ကျုံညှဲကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် ၅ဦးအား တော်လှန်ရေးမဟာမိတ်တပ်များမှ ခေါ်ယူစစ်ဆေးခဲ့ပြီး၊ သုံးဦးအားယင်းနေ့၌ပင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျန်နေသည့် ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ကို ထိန်းသိမ်းထားရာ ဧပြီ ၂၄ရက် နံနက်တွင် သိမ်းဆည်းထားသောလက်နက်များကို လုယူကာပစ်ခတ်သဖြင့် တော်လှန်ရေးရဲဘော် တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ အဆိုပါ ပြည်သူ့စစ် ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း MSRFက ထုတ်ပြန်သည်။

ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့ထံမှ M4 Carbine ၂လက်၊ ကိုးလုံးပြောင်းချောသေနတ် ၂လက်၊ 380 ပစ္စတို ၂လက် ၊ ကိုးလုံးအတို ၁လက်၊ .23အတို ၁လက်၊ တူမီး ၁လက်နှင့် ကျည်များ ၊ လက်ပစ်ဗုံးနှင့် စစ် အသုံးအဆောင် များ သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ထို့ပြင် ကျုံညှဲကျေးရွာ ပြည်သူ့စစ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် စစ်သားစုဆောင်းမှု မှတ်တမ်းမှတ်ရာများကိုလည်း MSRFက ဖော်ပြကာ မှတ်တမ်းများကိုလည်း ဖတ်ပြခဲ့သည်။

” စစ်မှုထမ်းဥပဒေအတွက်ကူညီလုပ်ပေးနေတာ။ ဒီဟာက စစ်မှုထမ်း အရွယ်ရောက်ပြီးသားသူတွေ ဖောင်ဖြည့်ဖို့အတွက် အဲဒါတွေလုပ်ပေးနေတဲ့သူတွေဖြစ်ပါတယ်။ ကြည့်ကြည့်ပါ။အကုန်လုံးက မွန်တွေချည်းပဲ။ စကစရဲ့ စစ်မှုထမ်းဥပဒေထဲကို စစ်မှုထမ်းဖို့အတွက်ကို တခါတည်း သူတို့က ပြည်သူ့စစ်တွေကလုပ်ပေးနေတာ။ စကစရဲ့ ထောက်တိုင်တွေဖြစ်တယ်။ အားလုံး ၂၉၈ဦးထိရှိတယ်။ ဒီစာရင်းအရ။ အယောက် သုံးရာနီးနီးရှိတယ်”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဖတ်ပြသည်။

ယခု ပြည်သူ့စစ်များအား လက်နက်ဖြုတ်သိမ်းခဲ့သည့် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ရေးသိမ်းငှက်(ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇) တို့ပါဝင်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းထားသည့်မည်သည့် လက်နက်ကိုင်ပုဂ္ဂိုလ် ၊ အဖွဲ့အစည်းများကိုမဆို ရန်သူအဖြင့်သတ်မှတ်ပြီး ရှင်းလင်းသွားမည် ဖြစ်ကြောင်း ယခင်ကတည်းက အသိပေးထုတ် ပြန်ထားပြီးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

(ပြည်သူ့စစ်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – MSRF)

ေရးၿမိဳ႕နယ္၌ စစ္သားစုေဆာင္းေနသည့္ စစ္ေကာင္စီအုပ္ခ်ဳပ္ေရးမႉး၊ ျပည္သူ႔စစ္ ေခါင္းေဆာင္ထံမွ လက္နက္မ်ား ေတာ္လွန္ေရးအဖြဲ႕မ်ား သိမ္းဆည္း
▪️လက္နက္ျပန္လုသည့္ ျပည္သူ႔စစ္ ေခါင္းေဆာင္ႏွင့္ ဒုေခါင္းေဆာင္ကို ပစ္ခတ္ ရွင္းလင္းခဲ့ရဟု MSRF အသိေပး
ဟန္ေႏြ/People’s Spring
မြန္ျပည္နယ္ ေရးၿမိဳ႕နယ္တြင္ စစ္ေကာင္စီ၏ စစ္မႈထမ္းဥပေဒအတြက္ တပ္သားစုေဆာင္းေနသည့္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ျပည္သူ႔စစ္ ေခါင္းေဆာင္မ်ားထံမွ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းခဲ့ၿပီး ျပည္သူ႔စစ္ေခါင္းေဆာင္ႏွင့္ ဒုေခါင္းေဆာင္ကို ပစ္ခတ္ရွင္းလင္းခဲ့ေၾကာင္း မြန္ျပည္ေတာ္လွန္ေရးတပ္(MSRF)က ထုတ္ျပန္သည္။
ေရးၿမိဳ႕နယ္ ေခါဇာၿမိဳ႕နယ္ခြဲ၊ က်ဳံညႇဲေက်း႐ြာမွ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ျပည္သူ႔စစ္အဖြဲ႕အား လက္နက္ျဖဳတ္သိမ္းရန္ႏွင့္ အေရးယူေပးရန္ ျပည္သူမ်ားမွတိုင္ၾကားလာ၍ ဧၿပီ ၂၃ရက္ တြင္ ေခၚယူဖမ္းဆီး လက္နက္ျဖဳတ္သိမ္းခဲ့သည္ဟု ေဖာ္ျပသည္။
က်ဳံညႇဲေက်း႐ြာမွ ျပည္သူ႔စစ္အဖြဲ႕ဝင္ ၅ဦးအား ေတာ္လွန္ေရးမဟာမိတ္တပ္မ်ားမွ ေခၚယူစစ္ေဆးခဲ့ၿပီး၊ သုံးဦးအားယင္းေန႔၌ပင္ ျပန္လႊတ္ေပးခဲ့ေၾကာင္း၊ က်န္ေနသည့္ ျပည္သူ႔စစ္ေခါင္းေဆာင္ႏွင့္ ဒုေခါင္းေဆာင္ကို ထိန္းသိမ္းထားရာ ဧၿပီ ၂၄ရက္ နံနက္တြင္ သိမ္းဆည္းထားေသာလက္နက္မ်ားကို လုယူကာပစ္ခတ္သျဖင့္ ေတာ္လွန္ေရးရဲေဘာ္ တစ္ဦး ဒဏ္ရာရခဲ့ေၾကာင္း၊ အဆိုပါ ျပည္သူ႔စစ္ ေခါင္းေဆာင္ႏွင့္ ဒုေခါင္းေဆာင္ကို ပစ္ခတ္ရွင္းလင္းခဲ့ေၾကာင္း MSRFက ထုတ္ျပန္သည္။
က်ဳံညႇဲေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ျပည္သူ႔စစ္အဖြဲ႕ထံမွ M4 Carbine ၂လက္၊ ကိုးလုံးေျပာင္းေခ်ာေသနတ္ ၂လက္၊ 380 ပစၥတို ၂လက္ ၊ ကိုးလုံးအတို ၁လက္၊ .23အတို ၁လက္၊ တူမီး ၁လက္ႏွင့္ က်ည္မ်ား ၊ လက္ပစ္ဗုံးႏွင့္ စစ္ အသုံးအေဆာင္ မ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း ဓာတ္ပုံမွတ္တမ္းႏွင့္အတူ ေဖာ္ျပသည္။
ထို႔ျပင္ က်ဳံညႇဲေက်း႐ြာ ျပည္သူ႔စစ္ထံမွ သိမ္းဆည္းရရွိခဲ့သည့္ စစ္သားစုေဆာင္းမႈ မွတ္တမ္းမွတ္ရာမ်ားကိုလည္း MSRFက ေဖာ္ျပကာ မွတ္တမ္းမ်ားကိုလည္း ဖတ္ျပခဲ့သည္။
” စစ္မႈထမ္းဥပေဒအတြက္ကူညီလုပ္ေပးေနတာ။ ဒီဟာက စစ္မႈထမ္း အ႐ြယ္ေရာက္ၿပီးသားသူေတြ ေဖာင္ျဖည့္ဖို႔အတြက္ အဲဒါေတြလုပ္ေပးေနတဲ့သူေတြျဖစ္ပါတယ္။ ၾကည့္ၾကည့္ပါ။အကုန္လုံးက မြန္ေတြခ်ည္းပဲ။ စကစရဲ႕ စစ္မႈထမ္းဥပေဒထဲကို စစ္မႈထမ္းဖို႔အတြက္ကို တခါတည္း သူတို႔က ျပည္သူ႔စစ္ေတြကလုပ္ေပးေနတာ။ စကစရဲ႕ ေထာက္တိုင္ေတြျဖစ္တယ္။ အားလုံး ၂၉၈ဦးထိရွိတယ္။ ဒီစာရင္းအရ။ အေယာက္ သုံးရာနီးနီးရွိတယ္”ဟု ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက ဖတ္ျပသည္။
ယခု ျပည္သူ႔စစ္မ်ားအား လက္နက္ျဖဳတ္သိမ္းခဲ့သည့္ ေတာ္လွန္ေရးမဟာမိတ္တပ္ေပါင္းစုမ်ားတြင္ မြန္ျပည္ေတာ္လွန္ေရးတပ္ (MSRF)၊ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ ေဒါနစစ္ေၾကာင္း၊ ေရးသိမ္းငွက္(ေဒါနစစ္ေၾကာင္း လုံၿခဳံေရးတပ္ခြဲ)၊ ကံေပါက္ေဒသ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (KBDF) – ေဒါနတပ္ခြဲ(၄)၊ ထားဝယ္ကာကြယ္ေရးအဖြဲ႕ (DDT) – ေဒါနတပ္ခြဲ(၇) တို႔ပါဝင္သည္ဟုလည္း ထုတ္ျပန္ခဲ့သည္။
မြန္ျပည္ေတာ္လွန္ေရးတပ္(MSRF)အေနျဖင့္ စစ္ေကာင္စီႏွင့္ ပူးေပါင္းထားသည့္မည္သည့္ လက္နက္ကိုင္ပုဂၢိဳလ္ ၊ အဖြဲ႕အစည္းမ်ားကိုမဆို ရန္သူအျဖင့္သတ္မွတ္ၿပီး ရွင္းလင္းသြားမည္ ျဖစ္ေၾကာင္း ယခင္ကတည္းက အသိေပးထုတ္ ျပန္ထားၿပီးျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။
(ျပည္သူ႔စစ္အဖြဲ႕ထံမွ သိမ္းဆည္းရရွိေသာ လက္နက္ခဲယမ္းမ်ား။ ဓာတ္ပုံ – MSRF)

Be the first to comment

Leave a Reply

Your email address will not be published.


*