မုံရွာနမခ ဖရဲသီးတွေသတင်းပေးတော်ချက်

မုံရွာနမခတိုက်ခိုက်မှု စစ်အုပ်စုအထိအခိုက်များဟု တိုက်ခိုက်​သောအဖွဲ့များ​ပြော

​အောင်​ဇေယျ ၊နန်းနောင့်နောင့်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ဇေယျာသီရိခန်းမ၌ တိုင်းမှူးပါဝင်သည့် အစည်းအဝေးပြုလုပ်နေစဉ် ရော့ကက် ၂၀လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ နေရာထက်မနည်း ထိမှန်ခဲ့ပြီး စစ်အုပ်စုအထိအခိုက်များကြောင်း KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နမခကိုတိုက်ဖို့ အချိန် နှစ်လလောက်ကြိုတင်ပြင်ဆင်ခဲ့ရတယ်။ အခုသွားရောက်တိုက်ခိုက်တာက နမခ ခြံစည်းရိုးအနီးကို ကပ်ပြီး တိုက်ခိုက်ခဲ့တာ။ နမခကို စုစုပေါင်း သုံးကြိမ်တိုက်ခိုက်မှုမှာ ဒီတစ်ခါကတော့ အားရကျေနပ်ဆုံးပဲ။ နမခထဲ ဘယ်နား ဘာရှိတာကအစ ဖရဲသီး သတင်းပေးကလဲ ကောင်းလို့ပါ။”ဟု KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ်အတွင်းရှိ အစည်းအဝေးပြုလုပ်နေသည့် ဇေယျာသီရိခန်းမ ရှော့တိုက်ရော့ကတ် ထိမှန်ခဲ့ပြီး တိုင်းအရာရှိအကြီး ၂ ဦးအပါအဝင် တိုင်းအရာရှိများ ထိခိုက်သေဆုံးမှုရှိကြောင်း၊

ဗဟိုကင်းကိုလည်း ရှော့တိုက်ရော့ကတ် ထိမှန်ပေါက်ကွဲပြီး ဗိုလ်မှူးအပါအဝင် တပ်စိတ် ၁ စိတ်မှာ ထိခိုက်သေဆုံးခဲ့ကြောင်းအထက်ပါတာဝန်ရှိသူက ပြောသည်။

တိုင်းစစ်ဌာနချုပ်ရှိဇေယျာသီရိခန်းမ၊ဗဟိုကင်း၊တိုင်းရုံးကင်း၊ စစ်တိုင်းမှူးအိမ်ယာဝန်း၊ စစ်မြေပြင် ဆေးတပ်ရင်း (မဆရ ၇)၊ တပ်ဆေးရုံအရာရှိရိပ်သာ၊ထောပ်ပို့ရေးရိက္ခာသိုလှောင်ရုံ၊ စရဖရုံးတို့ကို ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားခြင်းဟုKLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“နမခထဲမှာ အခြေအနေက တော်‌တော် ရှုပ်ထွေးသွားပြီး လေကြောင်းကပါ ကင်းပတ်တော့တာ။ သေဆုံးတဲ့အထဲမှာ အရာရှိတွေရော ကင်းသမားတွေပါ ပါတယ်။ အသေးစိတ်အတည်ပြုချက်ကတော့ ထပ်ထုတ်မယ်” ဟု ယင်းမာပင်ခရိုင်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ခိုက်ခံရပြီးနောက် နမခ အမြောက်တပ်( ၅၀၈)မှ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့်ဘေးပတ်ဝန်းကျင်ပြည်သူ့ရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သည်။တိုင်းမှူး သန်းထိုက်က လေကြောင်းအကူ အရေးပေါ်ခေါ်ကာ ည ၉နာရီတွင် တံတားဦးလေတပ်စခန်းမှ Yak-130 တိုက်​လေယာဥ် ဖြင့် နမခ တပ်နယ်နှင့် မုံရွာယာယီလေတပ်ဆွယ်ဝန်းကျင်သို့ ကင်းပတ်ခဲ့ကြောင်း ဟုKLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃ KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့နှင့်အတူ Chindwin Rocket Brothers -(C.R.B)

Dragon Brothers Task Force-DBTF၊Advance-47၊ Chindwin Brothers, ချိုမိုင်မိုင် ကနီ၊ချိုမိုင်မိုင် ယင်းမာပင်၊မုံရွာခရိုင်တပ်ရင်း(၁၃)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ချိန်၌ လေကြောင်းရန်ကာကွယ်ရေး လေကြောင်းကင်းထောက်ပေးခဲ့သည့် Nationawide Air Scout

-NAS ကို ကျေးဇူးတင်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ‌ဖေဖော်ဝါရီလ ၁၅ရက်ကလည်း ယင်းမာပင်ခရိုင်တပ်ရင်း(၃၇)နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ဘေးပတ်ဝန်းကျင် ၅မိုင်မှ၁၀မိုင်ကွာရှိကျေးရွာများကို ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေသည်။

စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့သောကြောင့် နမခ အနီးရှိ ဆုံကုန်း၊ ဘူးတောင်းကန်၊တဲကြီးကုန်း၊ပေကုန်း၊ခိုးသန်းနှင့်ကြီးဗဒုံရွာများမှ ဒေသခံအများအပြား၏ နေအိမ်များပျက်စီးဆုံးရှုံးခဲ့သည်။

(နမခအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ရော့ကတ်နှင့် ဒရုန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-KLG)

မုံ႐ြာနမခတိုက္ခိုက္မႈ စစ္အုပ္စုအထိအခိုက္မ်ားဟု တိုက္ခိုက္​ေသာအဖြဲ႕မ်ား​ေျပာ
​ေအာင္​ေဇယ် ၊နန္းေနာင့္ေနာင့္/People’s Spring
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕မွ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ (နမခ)ေဇယ်ာသီရိခန္းမ၌ တိုင္းမႉးပါဝင္သည့္ အစည္းအ
ေဝးျပဳလုပ္ေနစဥ္ ေရာ့ကက္ ၂၀လုံးပစ္ခတ္တိုက္ခိုက္ခဲ့ရာ ၉ ေနရာထက္မနည္း ထိမွန္ခဲ့ၿပီး စစ္အုပ္စုအထိအခိုက္မ်ားေၾကာင္း KLG PDF – ေက်ာက္လုံးႀကီးတပ္ဖြဲ႕၏ တာဝန္ရွိသူက ေျပာသည္။
အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ဝင္းအတြင္းကို ဧၿပီလ ၂၄ရက္ ည ၇နာရီခန႔္တြင္ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕မ်ားက တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။
“နမခကိုတိုက္ဖို႔ အခ်ိန္ ႏွစ္လေလာက္ႀကိဳတင္ျပင္ဆင္ခဲ့ရတယ္။ အခုသြားေရာက္တိုက္ခိုက္တာက နမခ ၿခံစည္း႐ိုးအနီးကို ကပ္ၿပီး တိုက္ခိုက္ခဲ့တာ။ နမခကို စုစုေပါင္း သုံးႀကိမ္တိုက္ခိုက္မႈမွာ ဒီတစ္ခါကေတာ့ အားရေက်နပ္ဆုံးပဲ။ နမခထဲ ဘယ္နား ဘာရွိတာကအစ ဖရဲသီး သတင္းေပးကလဲ ေကာင္းလို႔ပါ။”ဟု KLG PDF – ေက်ာက္လုံးႀကီးတပ္ဖြဲ႕၏ တာဝန္ရွိသူက ေျပာသည္။


ထိုတိုက္ခိုက္မႈေၾကာင့္ တိုင္းစစ္ဌာနခ်ဳပ္
အတြင္းရွိ အစည္းအေဝးျပဳလုပ္ေနသည့္ ေဇယ်ာသီရိခန္းမ ေရွာ့တိုက္ေရာ့ကတ္ ထိမွန္ခဲ့ၿပီး တိုင္းအရာရွိအႀကီး ၂ ဦးအပါအဝင္ တိုင္းအရာရွိမ်ား ထိခိုက္ေသဆုံးမႈရွိေၾကာင္း၊
ဗဟိုကင္းကိုလည္း ေရွာ့တိုက္ေရာ့ကတ္ ထိမွန္ေပါက္ကြဲၿပီး ဗိုလ္မႉးအပါအဝင္ တပ္စိတ္ ၁ စိတ္မွာ ထိခိုက္ေသဆုံးခဲ့ေၾကာင္းအထက္ပါတာဝန္ရွိသူက ေျပာသည္။
တိုင္းစစ္ဌာနခ်ဳပ္ရွိေဇယ်ာသီရိခန္းမ၊ဗဟိုကင္း၊တိုင္း႐ုံးကင္း၊ စစ္တိုင္းမႉးအိမ္ယာဝန္း၊ စစ္ေျမျပင္ ေဆးတပ္ရင္း (မဆရ ၇)၊ တပ္ေဆး႐ုံအရာရွိရိပ္သာ၊
ေထာပ္ပို႔ေရးရိကၡာသိုေလွာင္႐ုံ၊ စရဖ႐ုံးတို႔ကို ထိမွန္ခဲ့ၿပီး ထိခိုက္ေသဆုံးမႈ မ်ားျပားျခင္းဟုKLG PDF – ေက်ာက္လုံးႀကီးတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္
“နမခထဲမွာ အေျခအေနက ေတာ္‌ေတာ္ ရႈပ္ေထြးသြားၿပီး ေလေၾကာင္းကပါ ကင္းပတ္ေတာ့တာ။ ေသဆုံးတဲ့အထဲမွာ အရာရွိေတြေရာ ကင္းသမားေတြပါ ပါတယ္။ အေသးစိတ္အတည္ျပဳခ်က္ကေတာ့ ထပ္ထုတ္မယ္” ဟု ယင္းမာပင္ခ႐ိုင္မွ ျပည္သူ႔ကာကြယ္ေရးရဲေဘာ္တစ္ဦးကေျပာသည္။
တိုက္ခိုက္ခံရၿပီးေနာက္ နမခ အေျမာက္တပ္( ၅၀၈)မွ ေဟာင္ဝစ္ဇာ လက္နက္ႀကီးမ်ားျဖင့္ေဘးပတ္ဝန္းက်င္ျပည္သူ႔႐ြာမ်ားကို ရမ္းသမ္းပစ္ခတ္ခဲ့သည္။တိုင္းမႉး သန္းထိုက္က ေလေၾကာင္းအကူ အေရးေပၚေခၚကာ ည ၉နာရီတြင္ တံတားဦးေလတပ္စခန္းမွ Yak-130 တိုက္​ေလယာဥ္ ျဖင့္ နမခ တပ္နယ္ႏွင့္ မုံ႐ြာယာယီေလတပ္ဆြယ္ဝန္းက်င္သို႔ ကင္းပတ္ခဲ့ေၾကာင္း ဟုKLG PDF – ေက်ာက္လုံးႀကီးတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္
အဆိုပါ တိုက္ခိုက္မႈကို ယင္းမာပင္ခ႐ိုင္ တပ္ရင္း ၂၁၊ ၂၂ ၊ ၂၃ KLG PDF – ေက်ာက္လုံးႀကီးတပ္ဖြဲ႕ႏွင့္အတူ Chindwin Rocket Brothers -(C.R.B)
Dragon Brothers Task Force-DBTF၊Advance-47၊ Chindwin Brothers, ခ်ိဳမိုင္မိုင္ ကနီ၊ခ်ိဳမိုင္မိုင္ ယင္းမာပင္၊မုံ႐ြာခ႐ိုင္တပ္ရင္း(၁၃)တို႔က ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။
တိုက္ခိုက္ခ်ိန္၌ ေလေၾကာင္းရန္ကာကြယ္ေရး ေလေၾကာင္းကင္းေထာက္ေပးခဲ့သည့္ Nationawide Air Scout
-NAS ကို ေက်းဇူးတင္ရွိေၾကာင္း ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕မ်ားက သတင္းထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ‌ေဖေဖာ္ဝါရီလ ၁၅ရက္ကလည္း ယင္းမာပင္ခ႐ိုင္တပ္ရင္း(၃၇)ႏွင့္ ေဒသ ကာကြယ္ေရးတပ္ဖြဲ႕အခ်ိဳ႕ကလည္း အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။
စစ္ေကာင္စီသည္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၏ ေဘးပတ္ဝန္းက်င္ ၅မိုင္မွ၁၀မိုင္ကြာရွိေက်း႐ြာမ်ားကို ၿပီးခဲ့သည့္ ဇန္နဝါရီလမွစ၍ စစ္ေၾကာင္းထိုးမီးရႈိ႕ဖ်က္ဆီးေနသည္။
စစ္ေကာင္စီက မီးရႈိ႕ဖ်က္စီးခဲ့ေသာေၾကာင့္ နမခ အနီးရွိ ဆုံကုန္း၊ ဘူးေတာင္းကန္၊တဲႀကီးကုန္း၊ေပကုန္း၊ခိုးသန္းႏွင့္ႀကီးဗဒုံ႐ြာမ်ားမွ ေဒသခံအမ်ားအျပား၏ ေနအိမ္မ်ားပ်က္စီးဆုံးရႈံးခဲ့သည္။
(နမခအား တိုက္ခိုက္ရာတြင္ အသုံးျပဳခဲ့ေသာ ေရာ့ကတ္ႏွင့္ ဒ႐ုန္းမ်ားအား ေတြ႕ရစဥ္။ ဓာတ္ပုံ-KLG)

Be the first to comment

Leave a Reply

Your email address will not be published.


*