အယ်ဂျာဇီရား က ဖွင့်ချလိုက်သည့် မြဝတီ ဇာတ်ထုတ်

အယ်ဂျာဇီရား က ဖွင့်ချလိုက်သည့် မြဝတီ ဇာတ်ထုတ်

***********************

ဧပြီ ၁၁ တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်တော် KNLA သည် မြဝတီ အနောက်ဖက် ၃.၁ မိုင် အကွာရှိ ခမရ ၂၇၅ ကို သိမ်းပိုက် နိုင်ခဲ့သည်။

ကေအင်ယူသည် ချက်ခြင်း ဆိုသလိုပင် မြို့အဝင်ဝ တွင် ရိုက်ကူးထားသော ၎င်းတို့ တပ်များ ၏ ပုံ ကို လူမှု ကွန်ယက်များ တွင် တင်လာခဲ့သည်။ သို့သော်လည်း မြဝတီ ကို သိမ်းပိုက် နိုင်ခဲ့ပြီ ဟု တိတိပပ မပြောခဲ့သော်လည်း အတော်များများက မြဝတီသည် စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်လာခဲ့ပြီဟု ယူဆခဲ့ကြသည်။

သို့သော် အခြေအနေများက ယူဆထားသလို ဖြစ်လာခဲ့ပုံ မရပေ။

မြဝတီ မြို့ခံ များ နှင့် အင်တာဗျုး၊ သုတေသီ များ၏ သုံးသပ်ချက်များအရ KNLA သည် မြဝတီ တမြို့လုံးကို မည်သည့် အခါမှ သိမ်းပိုက် နိုင်ခဲ့ခြင်း မရှိပဲ ဗိုလ်မှုးကြီး စောချစ်သူ ၏ နာမည်ဆိုးဖြင့် ကျော်ကြားနေသော နယ်ခြားစောင့်တပ်ဖွဲ့ BGF ထိန်းချုပ်မှု အောက်တွင်သာ ရှိနေခဲ့သည်ဟု သိလာရသည်။

ခမရ ၂၇၅ မှ တပ်ကြွင်းတပ်ကျန်များ ဆုတ်ခွာသွားချိန်တွင် BGF သည် မြို့ကို ထိန်းချုပ်လိုက်ပြီး မြို့တွင်း တွင် တိုက်ပွဲများ ဖြစ်မလာရန် ၎င်းတို့ ကြား နေမည်ဟု ပြောလာခဲ့သည်။

ခမရ ၂၇၅ အား သိမ်းပိုက်ခဲ့စဉ် အတွင်း BGF သည် ကျန်ရှိနေသေးသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတား သို့ ရွှေ့ပြောင်းရန် ကူညီပေးခဲ့ကြသည်။ KNLA တပ်များအား မြို့ထဲသို့ ဝင်ခွင့် ပြုခဲ့သော်လည်း မြို့နယ် အထွထွေ အုပ်ချုပ်ရေး ဦးစီးဌာန အပါအဝင် မည်သည့် အစိုးရ အဆောက်အအုံ တခု တလေမျှ သိမ်းပိုက် တပ်စွဲခွင့် မပြုခဲ့ဟု တော်လှန်ရေး နှင့် နီးစပ်သော ကရင် သတင်းအမြစ် တခုက ဆိုသည်။

၎င်း၏ အပြောကို အခြား သတင်းအရင်းအမြစ် လေးခု ကလည်း အတည်ပြုပေးခဲ့သည်။

မြဝတီကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီ ဆိုသော သတင်းသည် ၁၀၂၇ ထိုးစစ်ကြီး နောက်ပိုင်း ကြီးမားသော အောင်မြင်မှု ကြီး ဖြစ်လာခဲ့ရသည်။

သို့သော် အကြမ်းဖက် စစ်ကောင်စီ တပ်များက မြဝတီ နှင့် ရွှေကုက္ကူ အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ဖျက်စီး ပြစ်မည်ဟု ခြိမ်းခြောက်လာသည့် အခါတွင်တော့ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ မှိုလိုပေါက်နေသည့် နေရာတွင် ဦးစီးနေသည့် စောချစ်သူ၏ ရာဇဝတ်မှု မကင်းသော လုပ်ငန်းများ ပြိုလဲရတော့မည့် အရေး ကို သိမြင်လာ၍ ၎င်း၏ အကျိုးအမြတ်များ အတွက် စစ်ကောင်စီအား မြဝတီ ကို ပြန်လည် သိမ်းယူနိုင်ရန် ခွင့်ပြုခဲ့သည်။

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP မှ မြန်မာ အရေး တာဝန်ခံ ဂျေဆင် တာဝါမှ စောချစ်သူ သည် နှစ်ဖက်ခွ ပြီး ကစားနေရာမှ နောက်ဆုံး စစ်ကောင်စီ ဖက် ရောက်လာခဲ့ပြီး ခမရ ၂၇၅ တပ်တွင်း အလံတင် သည့် ဓါတ်ပုံ ထွက်လာနိုင်အောင် ကူညီပေးလာခဲ့သည်ဟု အယ်ဂျာဇီယား အား ပြောပြခဲ့သည်။

စောချစ်သူ သည် ၁၉၉၄ တွင် ကေအင်ယူ မှ ခွဲထွက်လာသည့် DKBA တပ်မ ၉၉၉ ၏ တပ်မှုး လည်း ဖြစ်ခဲ့သည်။ မြန်မာ စစ်တပ်နှင့် အတူ နီးနီးကပ်ကပ် ရှိလာနေ၍ ကရင် တိုင်းရင်းသား တို့ ၏ အထူး ကြောက်ရွံခြင်း ခံရသူလည်း ဖြစ်သည်။ ကျွမ်းကျင်သူများ အဆိုအရ ၎င်း၏ တပ်များသည် ရွာများကို မီးရှို့ခြင်း၊ စစ်ဘေးရှောင် စခန်းများအား လက်နက်ကြီးများ ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း အစရှိသည်တို့ဖြင့် စစ်တပ်ကို အကူအညီ ပေးခဲ့ကြသည်။

မြဝတီ တွင် အမှန်တကယ် အောင်ပွဲခံသွားခဲ့သူ သည် စောချစ်သူ ဖြစ်ပြီး၊ ၎င်း၏ ရာဇဝတ် မှုနှင့် မကင်းသော လုပ်ငန်းများ ဆက်၍ ထိန်းထားနိုင်သည်သာ မက နယ်မြေများကို ပင် တိုး၍ ထိန်းချုပ်လာနိုင်ခဲ့သည်ဟု ဂျေဆင် တာဝါက ဆိုသည်။

စောချစ်သူ အား ခြိမ်းခြောက် အင်အားသုံး အကြမ်းဖက် အုပ်ချုပ်ဖို့ ဝန်မလေးသည့် Strongman ဟု ဆောင်းပါးတွင် သုံးနှုံးထားသည်။

သောင်ရင်း မြစ်ကမ်း တလျောက်တွင် ကာဆီနိုများက နေရာအနှံ ထွက်ပေါ်လာခဲ့သည်။ အနည်းဆုံး အသစ် ဆောက်လုပ်ထားသော ကာဆီနို အဆောက်အအုံ ငါးခု အား ထိုင်း ဖက်ခြမ်းမှ ရှင်းလင်း ပြတ်သားစွာ တွေ့မြင်နေရသည်။

၁၀၂၇ စစ်ဆင်ရေး အတွင်း ရာဇဝတ်ဂိုဏ်းများသည် ထိုဒေသ သို့ ပြောင်းရွှေ့ ဝင်‌ရောက်လာကြမှု နှင့် အတူ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ဒါဇင်ပေါင်း များစွာ ထွက်ပေါ်လာခဲ့သည်။

ဧပြီ ၂၂ တွင် ထုတ်ပြန်ခဲ့သော USIP ၏ အစီရင်ခံစာ တွင် တရုတ် အများစု ကြီးစိုးနေထားသည့် ထိုလုပ်ငန်းများသည် စောချစ်သူ ၏ သဘောတူညီမှု မရပဲ မည်သို့မျှ ပေါ်ပေါက်လာစရာ အကြောင်း မရှိဟု ဖေါ်ပြထားသည်။ ထိုလုပ်ငန်းများ၏ အကျိုးအမြတ်များသည် တနှစ်လျှင် ဒေါ်လာ သုံး တြီလီယံ အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားခဲ့ကြပြီး စောချစ်သူ၏ တပ်များသည် ထိုဝင်ငွေများထဲမှ ဆက်ကြေးများ ပုံမှန် ရလျက် ရှိနေသည်ဟု ဆိုသည်။

သို့သော် မြဝတီ ဇာတ်ထုတ် တွင် ထိုရာဇဝတ်ဂိုဏ်းများသည် အဓိက နေရာမှ ပါဝင် လာခဲ့ခြင်း မရှိဟု သုတေသီ များက သုံးသပ်ခဲ့ကြသည်။

မြန်မာ အရေးအား နှစ်ပေါင်း ၁၅ နှစ်ကြာ လေ့လာနေသည့် ကင် ဂျောလစ်ဖ် မှ BGF သည် အဓိက နေရာမှ ပါဝင်ခဲ့ခြင်း မရှိသော်လည်း ၎င်းတို့ကြောင့် အခြေအနေများ ပြောင်းလဲသွားခဲ့ရသည်ဟု ပြောခဲ့သည်။

BGF သည် မြန်မာ စစ်တပ်အတွက် အစားအသောက်၊ ရေ၊ လောင်စာဆီများ ထောက်ပံ့ပေးခဲ့သည့် အပြင် ရှေ့တန်း စစ်မျက်နှာများ တွင် လည်း အကူအညီ ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။ ထိုသို့ ပံ့ပိုးပေးနေမှု များကို BGF ဖက်မှ ရပ်ဆိုင်းလိုက်သည့် အခါ တွင် KNLA သည် ရှေ့သို့ တိုး၍ ချီတက်လာနိုင်ပြီး မြို့ ပတ်ပတ်လည်ရှိ စစ်စခန်းများကို သိမ်းယူနိုင်လိုက်သည်။

KNLA သည် အမြှောက်နှင့် လက်တကမ်း အကွာသို့ ရောက်လာသည့် အခါတွင်တော့ ခမရ ၂၇၅ အတွက် လက်နက်ချရဖို့ ဖြစ်လာခဲ့ရသည်။

ထိုအနေအထား တွင် မည်သို့မည်ပုံ ဆက်ဖြစ်ခဲ့သည်ကို အတိအကျ မပြောနိုင်သော်လည်း ဖြစ်နိုင်ခြေ အရှိဆုံး သီအိုရီ နှစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ပထမ သီအိုရီသည် စောချစ်သူမှ နှစ်ဖက်ခွ ကစားလာခဲ့ပြီး ၎င်း အတွက် အကျိုး အမြတ် အများဆုံး ရနိုင်အောင် ဆွဲထုတ်ယူနိုင်ခဲ့သည်။ နှစ်ဖက်စလုံးကလည်း ၎င်းအား လိုအပ်နေသဖြင့် တောင်းဆိုလာသည့် အာမခံချက်မျိုးကို ပေးရဖို့ ဖြစ်လာသည်။

နောက်ထပ် သီအိုရီ တခုသည်ကား BGF တပ်ဖွဲ့ အတွင်း မကျေလည်မှု များ ထွက်ပေါ်လာခြင်း ကြောင့် ဖြစ်သည်။ အချို့ တပ်မှုးများ က စစ်ဗိုလ်ချုပ်များ အပေါ် ဆက်၍ သစ္စာခံလိုကြပြီး အချို့က KNLA ကို ထောက်ခံ အားပေးသွားရန် လိုလိုလားလား ရှိလာကြသည်။ ထိုနှစ်ဖက် အကြား စောချစ်သူ သည် မည်သည့် ဖက်က ရပ်ခဲ့သည် ဆိုသည်ကို မသဲကွဲလှသော်လည်း ၎င်း၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကို ပံ့ပိုးနိုင်မည့် ဖက်သို့ ယိမ်းမည်သာ ဖြစ်သည်ဟု ကင် ဂျောလစ်ဖ် က ဆိုသည်။

၎င်းမှ လက်ရှိ တွင် မြဝတီ အား စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်နိုင်မည့် အခြေအနေ ရောက်ရန် အများကြီး လိုအပ်နေဆဲ ဖြစ်ပြီး လွန်စွာ အထိခိုက် မခံသော အနေအထား တွင် ရှိနေကြောင်း နှင့် မကြာသေးမီက KNLA သည် မြဝတီ နှင့် မဝေးလှသော နေရာရှိ အဓိကကျသည့် စစ်စခန်း သုံးခု ကို သိမ်းပိုက် နိုင်ခဲ့ကြောင်း ပြောလာခဲ့သည်။ မြန်မာ စစ်တပ်ဖက်မှလည်း စစ်ကူများ ထိထိရောက်ရောက် ပို့ပေးနိုင်ခြင်း မရှိသေး၍ မြဝတီအား လုံးဝ ပြန်လည် သိမ်းယူ နိုင်ပြီ ဟု ပြောလို မရသေးဟုလည်း မှတ်ချက် ချခဲ့သည်။

ဘန်ကောက် အခြေစိုက် အာရှ လူ့အခွင့်အရေး အဖွဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဖီလ် ရောဘတ်ဆန်မှ စောချစ်သူသည် တရုတ် လူဆိုးဂိုဏ်းများ အတွက် လူမိုက် လုပ်ပေးနေသူ ဖြစ်ပြီး ကရင်ပြည်နယ်အတွင်း ဥပဒေ စိုးမိုးရေး၊ ကောင်းမွန်သော အုပ်ချုပ်‌ရေး များ ဖြစ်ပေါ်ရေး နှင့် လူ့အခွင့်အရေးများ ရရှိ‌ရေး အား အနှောက်အယှက် ပေးနေသည့် ကင်ဆာ တမျိုး ဖြစ်၍ ၎င်းအား အဆုံးတွင် တနည်းမဟုတ် တနည်း ကိုင်တွယ် ဖြေရှင်းသွားရဖို့သာ ရှိတော့သည်ဟု ပြတ်သားစွာ ပြောဆိုသွားခဲ့သည်။

မြဝတီ ဒေသခံများက ၎င်း အကြောင်း ပြောရမည်ကိုပင် ကြောက်ရွံ့ တုန်လှုပ်နေကြသည်ကို သိသိသာသာ တွေ့မြင်နေရသည်ဟု အယ်ဂျာဇီယားတွင် ရေးသားထားသည်။

ယခုအခါ ရိုးသားသော ကရင်လူမျိုး တို့ နေထိုင်ရာ နယ်မြေသည် ရာဇဝတ် ဂိုဏ်းများ ခြေချင်းလိမ်ရာ အရပ် ဖြစ်လာနေသည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရသည်ဟု ကရင်အမျိုးသမီး ရေးရာ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်မှ ပြောပြခဲ့သည်။ ကရင် တိုင်းရင်းသား အားလုံး၏ စိတ်တွင်လည်း ထိုအတိုင်းပင် ခံယူထားကြပြီး အန္တရာယ် ဖြစ်မည်ကို စိုးရိမ်နေကြ၍သာ ထုတ်မပြောကြခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ဗိုလ်ချုပ်များက မြဝတီ ကို ပြန်လည် ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေပြီး တပ်မ (၁၁)၊ (၄၄) ၊ (၅၅) နှင့် (၇၇) မှ တပ်များအား ရသလောက် ထုတ်နှုတ် စုစည်းပြီး နိုင်ငံတော် အဆင့် အောင်ဇေယျ စစ်ဆင်ရေး ဆိုက ဆင်နွှဲလာပြီး အင်အား ၂,၀၀၀ ခန့်ရှိ တပ်များသည် မြဝတီသို့ ချီတက်နေဆဲပင် ဖြစ်သည်ဟု အယ်ဂျာဇီယား တွင် ရေးသားထားသည်။

မိမိ အမြင်အရ ဆိုလျှင် စောချစ်သူ ၏ သွေးကြောင်ခဲ့မှုကြောင့် ၎င်းတို့ ကမ္ဘာအလယ်တွင် အရှက်တကွဲ ဖြစ်သွားခဲ့ရသည့် အ‌ရေး ကို စစ်ခေါင်းဆောင်များက မည်သို့မျှ မေ့ပြစ်နိုင်ကြမည် မဟုတ်၊ မြဝတီအား ပြန်၍ ရခဲ့သည့်တိုင် ပိုနေမြဲ ကျားနေမြဲ ထား၍ မရ၊ လူ့အခွင့်အရေး အဖွဲ့များကပင် ကင်ဆာ ရောဂါဆိုးကြီးဟု ကင်ပွန်းတပ်လာပြီ ဖြစ်သော စောချစ်သူ အားလည်း အခွင့်သာသည်နှင့် ရှင်းထုတ်ကာ နာမည်ပျက် မရှိသေးသူများ နှင့် အစားထိုး တော့မည်သာ ဖြစ်သည်။

၎င်း အနေဖြင့် စစ်ကောင်စီ လက်အောက်တွင် ထိုအတိုင်း အလုံးအထည် မပျက် ဆက်နေ၍ ရမည် ဟု တွေးမည်ဆိုလျှင် ကလေးကလား အတွေးမျိုးသာ ဖြစ်ပေလိမ့်မည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

(ပုံတွင် အသစ် ဆောက်လုပ် ပြီးစီးစ Dragon Casino အား တွေ့မြင် နိုင်သည်။)

အယ္ဂ်ာဇီရား က ဖြင့္ခ်လိုက္သည့္ ျမဝတီ ဇာတ္ထုတ္


ဧၿပီ ၁၁ တြင္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္ေတာ္ KNLA သည္ ျမဝတီ အေနာက္ဖက္ ၃.၁ မိုင္ အကြာရွိ ခမရ ၂၇၅ ကို သိမ္းပိုက္ ႏိုင္ခဲ့သည္။
ေကအင္ယူသည္ ခ်က္ျခင္း ဆိုသလိုပင္ ၿမိဳ႕အဝင္ဝ တြင္ ႐ိုက္ကူးထားေသာ ၎တို႔ တပ္မ်ား ၏ ပုံ ကို လူမႈ ကြန္ယက္မ်ား တြင္ တင္လာခဲ့သည္။ သို႔ေသာ္လည္း ျမဝတီ ကို သိမ္းပိုက္ ႏိုင္ခဲ့ၿပီ ဟု တိတိပပ မေျပာခဲ့ေသာ္လည္း အေတာ္မ်ားမ်ားက ျမဝတီသည္ စစ္ေကာင္စီ လက္ေအာက္မွ လြတ္ေျမာက္လာခဲ့ၿပီဟု ယူဆခဲ့ၾကသည္။
သို႔ေသာ္ အေျခအေနမ်ားက ယူဆထားသလို ျဖစ္လာခဲ့ပုံ မရေပ။
ျမဝတီ ၿမိဳ႕ခံ မ်ား ႏွင့္ အင္တာဗ်ဳး၊ သုေတသီ မ်ား၏ သုံးသပ္ခ်က္မ်ားအရ KNLA သည္ ျမဝတီ တၿမိဳ႕လုံးကို မည္သည့္ အခါမွ သိမ္းပိုက္ ႏိုင္ခဲ့ျခင္း မရွိပဲ ဗိုလ္မႈးႀကီး ေစာခ်စ္သူ ၏ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားေနေသာ နယ္ျခားေစာင့္တပ္ဖြဲ႕ BGF ထိန္းခ်ဳပ္မႈ ေအာက္တြင္သာ ရွိေနခဲ့သည္ဟု သိလာရသည္။
ခမရ ၂၇၅ မွ တပ္ႂကြင္းတပ္က်န္မ်ား ဆုတ္ခြာသြားခ်ိန္တြင္ BGF သည္ ၿမိဳ႕ကို ထိန္းခ်ဳပ္လိုက္ၿပီး ၿမိဳ႕တြင္း တြင္ တိုက္ပြဲမ်ား ျဖစ္မလာရန္ ၎တို႔ ၾကား ေနမည္ဟု ေျပာလာခဲ့သည္။
ခမရ ၂၇၅ အား သိမ္းပိုက္ခဲ့စဥ္ အတြင္း BGF သည္ က်န္ရွိေနေသးေသာ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားအား ထိုင္း-ျမန္မာ အမွတ္ (၂) ခ်စ္ၾကည္ေရး တံတား သို႔ ေ႐ႊ႕ေျပာင္းရန္ ကူညီေပးခဲ့ၾကသည္။ KNLA တပ္မ်ားအား ၿမိဳ႕ထဲသို႔ ဝင္ခြင့္ ျပဳခဲ့ေသာ္လည္း ၿမိဳ႕နယ္ အထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန အပါအဝင္ မည္သည့္ အစိုးရ အေဆာက္အအုံ တခု တေလမွ် သိမ္းပိုက္ တပ္စြဲခြင့္ မျပဳခဲ့ဟု ေတာ္လွန္ေရး ႏွင့္ နီးစပ္ေသာ ကရင္ သတင္းအျမစ္ တခုက ဆိုသည္။
၎၏ အေျပာကို အျခား သတင္းအရင္းအျမစ္ ေလးခု ကလည္း အတည္ျပဳေပးခဲ့သည္။
ျမဝတီကို စစ္ေကာင္စီ လက္လႊတ္လိုက္ရၿပီ ဆိုေသာ သတင္းသည္ ၁၀၂၇ ထိုးစစ္ႀကီး ေနာက္ပိုင္း ႀကီးမားေသာ ေအာင္ျမင္မႈ ႀကီး ျဖစ္လာခဲ့ရသည္။
သို႔ေသာ္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္မ်ားက ျမဝတီ ႏွင့္ ေ႐ႊကုကၠဴ အား ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ ဖ်က္စီး ျပစ္မည္ဟု ၿခိမ္းေျခာက္လာသည့္ အခါတြင္ေတာ့ အြန္လိုင္း ေငြလိမ္ဂိုဏ္းမ်ား မႈိလိုေပါက္ေနသည့္ ေနရာတြင္ ဦးစီးေနသည့္ ေစာခ်စ္သူ၏ ရာဇဝတ္မႈ မကင္းေသာ လုပ္ငန္းမ်ား ၿပိဳလဲရေတာ့မည့္ အေရး ကို သိျမင္လာ၍ ၎၏ အက်ိဳးအျမတ္မ်ား အတြက္ စစ္ေကာင္စီအား ျမဝတီ ကို ျပန္လည္ သိမ္းယူႏိုင္ရန္ ခြင့္ျပဳခဲ့သည္။
အေမရိကန္ ၿငိမ္းခ်မ္းေရး အင္စတီက်ဳ USIP မွ ျမန္မာ အေရး တာဝန္ခံ ေဂ်ဆင္ တာဝါမွ ေစာခ်စ္သူ သည္ ႏွစ္ဖက္ခြ ၿပီး ကစားေနရာမွ ေနာက္ဆုံး စစ္ေကာင္စီ ဖက္ ေရာက္လာခဲ့ၿပီး ခမရ ၂၇၅ တပ္တြင္း အလံတင္ သည့္ ဓါတ္ပုံ ထြက္လာႏိုင္ေအာင္ ကူညီေပးလာခဲ့သည္ဟု အယ္ဂ်ာဇီယား အား ေျပာျပခဲ့သည္။
ေစာခ်စ္သူ သည္ ၁၉၉၄ တြင္ ေကအင္ယူ မွ ခြဲထြက္လာသည့္ DKBA တပ္မ ၉၉၉ ၏ တပ္မႈး လည္း ျဖစ္ခဲ့သည္။ ျမန္မာ စစ္တပ္ႏွင့္ အတူ နီးနီးကပ္ကပ္ ရွိလာေန၍ ကရင္ တိုင္းရင္းသား တို႔ ၏ အထူး ေၾကာက္႐ြံျခင္း ခံရသူလည္း ျဖစ္သည္။ ကြၽမ္းက်င္သူမ်ား အဆိုအရ ၎၏ တပ္မ်ားသည္ ႐ြာမ်ားကို မီးရႈိ႕ျခင္း၊ စစ္ေဘးေရွာင္ စခန္းမ်ားအား လက္နက္ႀကီးမ်ား ျဖင့္ ပစ္ခတ္ တိုက္ခိုက္ျခင္း အစရွိသည္တို႔ျဖင့္ စစ္တပ္ကို အကူအညီ ေပးခဲ့ၾကသည္။
ျမဝတီ တြင္ အမွန္တကယ္ ေအာင္ပြဲခံသြားခဲ့သူ သည္ ေစာခ်စ္သူ ျဖစ္ၿပီး၊ ၎၏ ရာဇဝတ္ မႈႏွင့္ မကင္းေသာ လုပ္ငန္းမ်ား ဆက္၍ ထိန္းထားႏိုင္သည္သာ မက နယ္ေျမမ်ားကို ပင္ တိုး၍ ထိန္းခ်ဳပ္လာႏိုင္ခဲ့သည္ဟု ေဂ်ဆင္ တာဝါက ဆိုသည္။
ေစာခ်စ္သူ အား ၿခိမ္းေျခာက္ အင္အားသုံး အၾကမ္းဖက္ အုပ္ခ်ဳပ္ဖို႔ ဝန္မေလးသည့္ Strongman ဟု ေဆာင္းပါးတြင္ သုံးႏႈံးထားသည္။
ေသာင္ရင္း ျမစ္ကမ္း တေလ်ာက္တြင္ ကာဆီႏိုမ်ားက ေနရာအႏွံ ထြက္ေပၚလာခဲ့သည္။ အနည္းဆုံး အသစ္ ေဆာက္လုပ္ထားေသာ ကာဆီႏို အေဆာက္အအုံ ငါးခု အား ထိုင္း ဖက္ျခမ္းမွ ရွင္းလင္း ျပတ္သားစြာ ေတြ႕ျမင္ေနရသည္။
၁၀၂၇ စစ္ဆင္ေရး အတြင္း ရာဇဝတ္ဂိုဏ္းမ်ားသည္ ထိုေဒသ သို႔ ေျပာင္းေ႐ႊ႕ ဝင္‌ေရာက္လာၾကမႈ ႏွင့္ အတူ အြန္လိုင္း ေငြလိမ္ဂိုဏ္းမ်ား ဒါဇင္ေပါင္း မ်ားစြာ ထြက္ေပၚလာခဲ့သည္။
ဧၿပီ ၂၂ တြင္ ထုတ္ျပန္ခဲ့ေသာ USIP ၏ အစီရင္ခံစာ တြင္ တ႐ုတ္ အမ်ားစု ႀကီးစိုးေနထားသည့္ ထိုလုပ္ငန္းမ်ားသည္ ေစာခ်စ္သူ ၏ သေဘာတူညီမႈ မရပဲ မည္သို႔မွ် ေပၚေပါက္လာစရာ အေၾကာင္း မရွိဟု ေဖၚျပထားသည္။ ထိုလုပ္ငန္းမ်ား၏ အက်ိဳးအျမတ္မ်ားသည္ တႏွစ္လွ်င္ ေဒၚလာ သုံး ႀတီလီယံ အထိ ရွိႏိုင္သည္ဟု ခန႔္မွန္းထားခဲ့ၾကၿပီး ေစာခ်စ္သူ၏ တပ္မ်ားသည္ ထိုဝင္ေငြမ်ားထဲမွ ဆက္ေၾကးမ်ား ပုံမွန္ ရလ်က္ ရွိေနသည္ဟု ဆိုသည္။
သို႔ေသာ္ ျမဝတီ ဇာတ္ထုတ္ တြင္ ထိုရာဇဝတ္ဂိုဏ္းမ်ားသည္ အဓိက ေနရာမွ ပါဝင္ လာခဲ့ျခင္း မရွိဟု သုေတသီ မ်ားက သုံးသပ္ခဲ့ၾကသည္။
ျမန္မာ အေရးအား ႏွစ္ေပါင္း ၁၅ ႏွစ္ၾကာ ေလ့လာေနသည့္ ကင္ ေဂ်ာလစ္ဖ္ မွ BGF သည္ အဓိက ေနရာမွ ပါဝင္ခဲ့ျခင္း မရွိေသာ္လည္း ၎တို႔ေၾကာင့္ အေျခအေနမ်ား ေျပာင္းလဲသြားခဲ့ရသည္ဟု ေျပာခဲ့သည္။
BGF သည္ ျမန္မာ စစ္တပ္အတြက္ အစားအေသာက္၊ ေရ၊ ေလာင္စာဆီမ်ား ေထာက္ပံ့ေပးခဲ့သည့္ အျပင္ ေရွ႕တန္း စစ္မ်က္ႏွာမ်ား တြင္ လည္း အကူအညီ ေပးခဲ့သည္ဟု ၎က ဆိုသည္။ ထိုသို႔ ပံ့ပိုးေပးေနမႈ မ်ားကို BGF ဖက္မွ ရပ္ဆိုင္းလိုက္သည့္ အခါ တြင္ KNLA သည္ ေရွ႕သို႔ တိုး၍ ခ်ီတက္လာႏိုင္ၿပီး ၿမိဳ႕ ပတ္ပတ္လည္ရွိ စစ္စခန္းမ်ားကို သိမ္းယူႏိုင္လိုက္သည္။
KNLA သည္ အေျမႇာက္ႏွင့္ လက္တကမ္း အကြာသို႔ ေရာက္လာသည့္ အခါတြင္ေတာ့ ခမရ ၂၇၅ အတြက္ လက္နက္ခ်ရဖို႔ ျဖစ္လာခဲ့ရသည္။
ထိုအေနအထား တြင္ မည္သို႔မည္ပုံ ဆက္ျဖစ္ခဲ့သည္ကို အတိအက် မေျပာႏိုင္ေသာ္လည္း ျဖစ္ႏိုင္ေျခ အရွိဆုံး သီအိုရီ ႏွစ္ရပ္ ထြက္ေပၚလာခဲ့သည္။ ပထမ သီအိုရီသည္ ေစာခ်စ္သူမွ ႏွစ္ဖက္ခြ ကစားလာခဲ့ၿပီး ၎ အတြက္ အက်ိဳး အျမတ္ အမ်ားဆုံး ရႏိုင္ေအာင္ ဆြဲထုတ္ယူႏိုင္ခဲ့သည္။ ႏွစ္ဖက္စလုံးကလည္း ၎အား လိုအပ္ေနသျဖင့္ ေတာင္းဆိုလာသည့္ အာမခံခ်က္မ်ိဳးကို ေပးရဖို႔ ျဖစ္လာသည္။
ေနာက္ထပ္ သီအိုရီ တခုသည္ကား BGF တပ္ဖြဲ႕ အတြင္း မေက်လည္မႈ မ်ား ထြက္ေပၚလာျခင္း ေၾကာင့္ ျဖစ္သည္။ အခ်ိဳ႕ တပ္မႈးမ်ား က စစ္ဗိုလ္ခ်ဳပ္မ်ား အေပၚ ဆက္၍ သစၥာခံလိုၾကၿပီး အခ်ိဳ႕က KNLA ကို ေထာက္ခံ အားေပးသြားရန္ လိုလိုလားလား ရွိလာၾကသည္။ ထိုႏွစ္ဖက္ အၾကား ေစာခ်စ္သူ သည္ မည္သည့္ ဖက္က ရပ္ခဲ့သည္ ဆိုသည္ကို မသဲကြဲလွေသာ္လည္း ၎၏ ကိုယ္ေရးကိုယ္တာ အက်ိဳးစီးပြားကို ပံ့ပိုးႏိုင္မည့္ ဖက္သို႔ ယိမ္းမည္သာ ျဖစ္သည္ဟု ကင္ ေဂ်ာလစ္ဖ္ က ဆိုသည္။
၎မွ လက္ရွိ တြင္ ျမဝတီ အား စစ္ေကာင္စီ အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္မည့္ အေျခအေန ေရာက္ရန္ အမ်ားႀကီး လိုအပ္ေနဆဲ ျဖစ္ၿပီး လြန္စြာ အထိခိုက္ မခံေသာ အေနအထား တြင္ ရွိေနေၾကာင္း ႏွင့္ မၾကာေသးမီက KNLA သည္ ျမဝတီ ႏွင့္ မေဝးလွေသာ ေနရာရွိ အဓိကက်သည့္ စစ္စခန္း သုံးခု ကို သိမ္းပိုက္ ႏိုင္ခဲ့ေၾကာင္း ေျပာလာခဲ့သည္။ ျမန္မာ စစ္တပ္ဖက္မွလည္း စစ္ကူမ်ား ထိထိေရာက္ေရာက္ ပို႔ေပးႏိုင္ျခင္း မရွိေသး၍ ျမဝတီအား လုံးဝ ျပန္လည္ သိမ္းယူ ႏိုင္ၿပီ ဟု ေျပာလို မရေသးဟုလည္း မွတ္ခ်က္ ခ်ခဲ့သည္။
ဘန္ေကာက္ အေျခစိုက္ အာရွ လူ႔အခြင့္အေရး အဖြဲ႕ လက္ေထာက္ ၫႊန္ၾကားေရးမႈး ဖီလ္ ေရာဘတ္ဆန္မွ ေစာခ်စ္သူသည္ တ႐ုတ္ လူဆိုးဂိုဏ္းမ်ား အတြက္ လူမိုက္ လုပ္ေပးေနသူ ျဖစ္ၿပီး ကရင္ျပည္နယ္အတြင္း ဥပေဒ စိုးမိုးေရး၊ ေကာင္းမြန္ေသာ အုပ္ခ်ဳပ္‌ေရး မ်ား ျဖစ္ေပၚေရး ႏွင့္ လူ႔အခြင့္အေရးမ်ား ရရွိ‌ေရး အား အေႏွာက္အယွက္ ေပးေနသည့္ ကင္ဆာ တမ်ိဳး ျဖစ္၍ ၎အား အဆုံးတြင္ တနည္းမဟုတ္ တနည္း ကိုင္တြယ္ ေျဖရွင္းသြားရဖို႔သာ ရွိေတာ့သည္ဟု ျပတ္သားစြာ ေျပာဆိုသြားခဲ့သည္။
ျမဝတီ ေဒသခံမ်ားက ၎ အေၾကာင္း ေျပာရမည္ကိုပင္ ေၾကာက္႐ြံ႕ တုန္လႈပ္ေနၾကသည္ကို သိသိသာသာ ေတြ႕ျမင္ေနရသည္ဟု အယ္ဂ်ာဇီယားတြင္ ေရးသားထားသည္။
ယခုအခါ ႐ိုးသားေသာ ကရင္လူမ်ိဳး တို႔ ေနထိုင္ရာ နယ္ေျမသည္ ရာဇဝတ္ ဂိုဏ္းမ်ား ေျခခ်င္းလိမ္ရာ အရပ္ ျဖစ္လာေနသည္ကို စိတ္မေကာင္းဖြယ္ ေတြ႕ျမင္ေနရသည္ဟု ကရင္အမ်ိဳးသမီး ေရးရာ တက္ႂကြလႈပ္ရွားသူ ေခါင္းေဆာင္မွ ေျပာျပခဲ့သည္။ ကရင္ တိုင္းရင္းသား အားလုံး၏ စိတ္တြင္လည္း ထိုအတိုင္းပင္ ခံယူထားၾကၿပီး အႏၲရာယ္ ျဖစ္မည္ကို စိုးရိမ္ေနၾက၍သာ ထုတ္မေျပာၾကျခင္း ျဖစ္သည္ဟု ဆိုသည္။
စစ္ဗိုလ္ခ်ဳပ္မ်ားက ျမဝတီ ကို ျပန္လည္ ထိန္းခ်ဳပ္ရန္ အစြမ္းကုန္ ႀကိဳးစားေနၿပီး တပ္မ (၁၁)၊ (၄၄) ၊ (၅၅) ႏွင့္ (၇၇) မွ တပ္မ်ားအား ရသေလာက္ ထုတ္ႏႈတ္ စုစည္းၿပီး ႏိုင္ငံေတာ္ အဆင့္ ေအာင္ေဇယ် စစ္ဆင္ေရး ဆိုက ဆင္ႏႊဲလာၿပီး အင္အား ၂,၀၀၀ ခန႔္ရွိ တပ္မ်ားသည္ ျမဝတီသို႔ ခ်ီတက္ေနဆဲပင္ ျဖစ္သည္ဟု အယ္ဂ်ာဇီယား တြင္ ေရးသားထားသည္။
မိမိ အျမင္အရ ဆိုလွ်င္ ေစာခ်စ္သူ ၏ ေသြးေၾကာင္ခဲ့မႈေၾကာင့္ ၎တို႔ ကမာၻအလယ္တြင္ အရွက္တကြဲ ျဖစ္သြားခဲ့ရသည့္ အ‌ေရး ကို စစ္ေခါင္းေဆာင္မ်ားက မည္သို႔မွ် ေမ့ျပစ္ႏိုင္ၾကမည္ မဟုတ္၊ ျမဝတီအား ျပန္၍ ရခဲ့သည့္တိုင္ ပိုေနၿမဲ က်ားေနၿမဲ ထား၍ မရ၊ လူ႔အခြင့္အေရး အဖြဲ႕မ်ားကပင္ ကင္ဆာ ေရာဂါဆိုးႀကီးဟု ကင္ပြန္းတပ္လာၿပီ ျဖစ္ေသာ ေစာခ်စ္သူ အားလည္း အခြင့္သာသည္ႏွင့္ ရွင္းထုတ္ကာ နာမည္ပ်က္ မရွိေသးသူမ်ား ႏွင့္ အစားထိုး ေတာ့မည္သာ ျဖစ္သည္။
၎ အေနျဖင့္ စစ္ေကာင္စီ လက္ေအာက္တြင္ ထိုအတိုင္း အလုံးအထည္ မပ်က္ ဆက္ေန၍ ရမည္ ဟု ေတြးမည္ဆိုလွ်င္ ကေလးကလား အေတြးမ်ိဳးသာ ျဖစ္ေပလိမ့္မည္။
ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ် ေအာင္ရမည္!!!
(ပုံတြင္ အသစ္ ေဆာက္လုပ္ ၿပီးစီးစ Dragon Casino အား ေတြ႕ျမင္ ႏိုင္သည္။)

Be the first to comment

Leave a Reply

Your email address will not be published.


*