စမေားဆွဲရင်း ငရဲရောက်

ကျိုက်ထို၊ မရမ်းချောင် အကျဉ်းဦးစီး လက်ထောက်ညွန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း စင်းအောင်(ခ)ဝင်းအောင် မယားငယ်၏နေအိမ်ရှေ့တွင် ပစ်ခတ်ခံရပြီး သေဆုံး၊ ပစ္စတိုသေနတ်တစ်လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွန်ကြား ရေးမှူး ဗိုလ်ကြီးဟောင်း စင်းအောင်(ခ)ဝင်းအောင်ကို ၎င်း၏မယားငယ်နေအိမ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွား ပြီး ပစ္စတိုသေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF က သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၉ မိနစ်အချိန် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်း ဦးစီး ဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး စင်းအောင်(ခ)ဝင်းအောင်ကို ဘီးလင်းမြို့နယ်၊ ယက္ကန်း သည်မကျေးရွာကျေးရွာရှိ ၎င်း၏ မယားငယ်နေအိမ်ရှေ့တွင် ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ စင်းအောင်(ခ) ဝင်းအောင်မှာ စစ်မှုထမ်းဟောင်း ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး လက်နက်လည်း ကိုင်ဆောင်ထားကာ တော်လှန်ရေးအဖွဲ့များ၏ သတင်းများကို ကိုယ်တိုင် စုံစမ်း၍ စစ်တပ်နှင့် ရဲကို သတင်းပေးခြင်း၊ တော်လှန်ရေးလုပ်ငန်းများကို နှောင့်ယှက်ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်း ဖြစ် ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF က အသိပေးထားသည်။

ထိုသို့ ပစ်ခတ်ရှင်းပြီးနောက် ၎င်းထံမှ သက်သေခံ ပစ္စတို သေနတ်တစ်လက် နှင့် ဝန်ထမ်းကတ် များ ကို သိမ်း ဆည်း ရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှဉ်းမရှိပါကြောင်း ထုတ်ပြန်ထားသည်။

က်ိဳက္ထို၊ မရမ္းေခ်ာင္ အက်ဥ္းဦးစီး လက္ေထာက္ၫြန္ၾကားေရးမႉး ဗိုလ္ႀကီးေဟာင္း စင္းေအာင္(ခ)ဝင္းေအာင္ မယားငယ္၏ေနအိမ္ေရွ႕တြင္ ပစ္ခတ္ခံရၿပီး ေသဆုံး၊ ပစၥတိုေသနတ္တစ္လက္သိမ္းဆည္းရရွိ
ရန္ကုန္၊ ေမ ၂
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ မရမ္းေခ်ာင္ (ေ႐ႊျဖဴ) အက်ဥ္းဦးစီးဌာနမွ လက္ေထာက္ၫြန္ၾကား ေရးမႉး ဗိုလ္ႀကီးေဟာင္း စင္းေအာင္(ခ)ဝင္းေအာင္ကို ၎၏မယားငယ္ေနအိမ္ေရွ႕တြင္ ပစ္ခတ္ရွင္းလင္းခဲ့ရာ ေနရာမွာပင္ ေသဆုံးသြား ၿပီး ပစၥတိုေသနတ္ တစ္လက္ သိမ္းဆည္းရရွိခဲ့ေၾကာင္း က်ိဳက္ထိုေတာ္လွန္ေရး အင္အားစု – KRF က သတင္းထုတ္ျပန္သည္။
ဧၿပီလ ၂၉ ရက္ေန႔ နံနက္ ၁၁ နာရီ ၁၉ မိနစ္အခ်ိန္ က်ိဳက္ထိုၿမိဳ႕နယ္၊ မရမ္းေခ်ာင္ (ေ႐ႊျဖဴ) အက်ဥ္း ဦးစီး ဌာန၏ လက္ေထာက္ၫႊန္ၾကားေရးမႉး စင္းေအာင္(ခ)ဝင္းေအာင္ကို ဘီးလင္းၿမိဳ႕နယ္၊ ယကၠန္း သည္မေက်း႐ြာေက်း႐ြာရွိ ၎၏ မယားငယ္ေနအိမ္ေရွ႕တြင္ က်ိဳက္ထို ေတာ္လွန္ေရးအင္အားစု (KRF) ႏွင့္ က်ိဳက္ထို ပကဖ ပူးေပါင္းအဖြဲ႕က စစ္ေရးပစ္မွတ္အျဖစ္ သတ္မွတ္၍ ပစ္ခတ္ရွင္းလင္းခဲ့ရာ ေနရာမွာ ပင္ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း သိရသည္။
ေသဆုံးသူ စင္းေအာင္(ခ) ဝင္းေအာင္မွာ စစ္မႈထမ္းေဟာင္း ဗိုလ္ႀကီးတစ္ဦးျဖစ္ၿပီး လက္နက္လည္း ကိုင္ေဆာင္ထားကာ ေတာ္လွန္ေရးအဖြဲ႕မ်ား၏ သတင္းမ်ားကို ကိုယ္တိုင္ စုံစမ္း၍ စစ္တပ္ႏွင့္ ရဲကို သတင္းေပးျခင္း၊ ေတာ္လွန္ေရးလုပ္ငန္းမ်ားကို ေႏွာင့္ယွက္ျခင္းတို႔ေၾကာင့္ ပစ္ခတ္ရွင္းလင္းရျခင္း ျဖစ္ က်ိဳက္ထိုေတာ္လွန္ေရး အင္အားစု – KRF က အသိေပးထားသည္။


ထိုသို႔ ပစ္ခတ္ရွင္းၿပီးေနာက္ ၎ထံမွ သက္ေသခံ ပစၥတို ေသနတ္တစ္လက္ ႏွင့္ ဝန္ထမ္းကတ္ မ်ား ကို သိမ္း ဆည္း ရရွိခဲ့ၿပီး ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္မ်ား အထိအခိုက္မရွိ ေဘးကင္းစြာ ျပန္လည္ ဆုတ္ ခြာႏိုင္ခဲ့ ေၾကာင္း သိရသည္။
က်ိဳက္ထိုေတာ္လွန္ေရး အင္အားစု – KRF အေနျဖင့္ စစ္အာဏာရွင္စနစ္ က်ဆုံးသည္အထိ ဆက္ လက္တိုက္ပြဲဝင္သြားမည္ျဖစ္ၿပီး ျပည္သူလူထု၏ အသက္အိုးအိမ္ စည္းစိမ္ကို အသက္ေပးကာကြယ္ ေစာင့္ေရွာက္သြားမည္ ျဖစ္ေၾကာင္း၊ ျပည္သူလူထုအေပၚ တစ္စုံတစ္ရာ ထိခိုက္နစ္နာ ပ်က္စီးဆုံးရႈံး ေစမည့္ ေဖာက္ခြဲမႈ၊ ပစ္ခတ္မႈမ်ားအား ျပဳလုပ္ျခင္း အလွ်ဥ္းမရွိပါေၾကာင္း ထုတ္ျပန္ထားသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*