ခဝေးတွေ ‌ရှေ့ပြေးတွေ(ရုပ်သံ)

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား (၂)ဦး သေဆုံး

မေလ ၃ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား (၂)ဦး သေဆုံးပြီး (၃)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

မေလ (၂) ရက်နေ့ နေ့လယ် (၁၂) နာရီခန့်တွင် ရေစကြိုမြို့နယ် တောင်အိုတာတိုင် စစ်ဆေးရေးဂိတ်မှ ထွက်လာသည့် အင်အား (၅၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား မုံညင်းကျေးရွာနှင့် သော်ကဲဘကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်မှုကြောင့် ရှေ့ပြေးမိုင်းရှင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးအနက် (၂)ဦး သေဆုံးခဲ့ပြီး (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခြင်းပင်မပြုလုပ်နိုင်ပဲ မုံညင်းကျေးရွာမှတဆင့် ခလရ ၂၅၆ တပ်ထဲသို့ ဒဏ်ရာရရှိထားသည့်စစ်သားများအား ပြန်လည်သယ်ဆောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပကဖ)နှင့်အတူ ပခုက္ကူခရိုင် တပ်ရင်း အမှတ် (၉)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ေရစႀကိဳၿမိဳ႕နယ္တြင္ စစ္ေကာင္စီစစ္ေၾကာင္းကို မိုင္းဆြဲတိုက္ခိုက္ရာ စစ္သား (၂)ဦး ေသဆုံး
ေမလ ၃ ရက္
မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴခ႐ိုင္၊ ေရစႀကိဳၿမိဳ႕နယ္တြင္ စစ္ေကာင္စီစစ္ေၾကာင္းကို မိုင္းဆြဲတိုက္ခိုက္ရာ စစ္သား (၂)ဦး ေသဆုံးၿပီး (၃)ဦး အျပင္းအထန္ ဒဏ္ရာရရွိခဲ့ေၾကာင္း ေရစႀကိဳၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မွ သတင္းထုတ္ျပန္သည္။
ေမလ (၂) ရက္ေန႔ ေန႔လယ္ (၁၂) နာရီခန႔္တြင္ ေရစႀကိဳၿမိဳ႕နယ္ ေတာင္အိုတာတိုင္ စစ္ေဆးေရးဂိတ္မွ ထြက္လာသည့္ အင္အား (၅၀)ခန႔္ပါ စစ္ေကာင္စီစစ္ေၾကာင္းအား မုံညင္းေက်း႐ြာႏွင့္ ေသာ္ကဲဘေက်း႐ြာၾကားတြင္ မိုင္းဆြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
တိုက္ခိုက္မႈေၾကာင့္ ေရွ႕ေျပးမိုင္းရွင္းသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ (၅)ဦးအနက္ (၂)ဦး ေသဆုံးခဲ့ၿပီး (၃)ဦး ျပင္းထန္ဒဏ္ရာရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
မိုင္းဆြဲခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားဘက္မွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ျပန္လည္ပစ္ခတ္ျခင္းပင္မျပဳလုပ္ႏိုင္ပဲ မုံညင္းေက်း႐ြာမွတဆင့္ ခလရ ၂၅၆ တပ္ထဲသို႔ ဒဏ္ရာရရွိထားသည့္စစ္သားမ်ားအား ျပန္လည္သယ္ေဆာင္သြားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါတိုက္ခိုက္မႈအား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ေရစႀကိဳၿမိဳ႕နယ္ (ပကဖ)ႏွင့္အတူ ပခုကၠဴခ႐ိုင္ တပ္ရင္း အမွတ္ (၉)တို႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*