ဘဘကြီးပြောတော့ပြည်ပထွက်ခွာခွင့်တွေပိတ်ထားတယ်ဆို(ရုပ်/သံ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အရှက်သိက္ခာမဲ့စွာ ထွက်ပြေး လက်မြှောက် လက်နက်ချကြရသည့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦး (ရုပ်/သံ)

မေလ ၆ ရက်

ရခိုင်ပြည်နယ်တွင် AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦးသည် ဘင်္ဂလားဒေ့ရှ်ထဲသို့ ထပ်မံထွက် ပြေးသွားပြန်ပြီး ယခုမေလအတွင်း တတိယအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ မြန်မာစစ်သား ၁၂၈ ဦးရှိနေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများအရ သိရှိရသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၈၈ ဦးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ယမန်နေ့ နံနက်ပိုင်း ဝင်ရောက်ခဲ့ကြောင်း ၊မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လှေနှစ်စင်းဖြင့် နယ်စပ်ရှိ နတ်မြစ်ကို ဖြတ်ကာ ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ ခိုလှုံခွင့်တောင်းခံခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းထားပြီး လက်နက်ဖြုတ်သိမ်းကာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ လက်နက်များဖြင့် ထွက်ပြေးရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အတည်ပြု ပြောဆိုခဲ့သည်။

မေလ ၃ ရက်နေ့ ညပိုင်းနှင့် မေလ ၄ ရက်နေ့ နံနက်ပိုင်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသည် လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေးရောက်ရှိလာကြောင်း၊ ၎င်းတို့၏ လက်နက်များကို ဖြုတ်သိမ်းလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကို ဘင်္ဂလားဒေ့ရှ်က ထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ ယခုထွက်ပြေးရောက်ရှိလာသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ဦးမှာ တတိယအသုတ်ဖြစ်ပြီး ပထမအသုတ်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအသုတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ ဦးကို ဧပြီလ ၂၅ ရက်နေ့တွင်လည်းကောင်း မြန်မာနိုင်ငံဘက်သို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ပို့ဆောင်ခဲ့ ပြီးဖြစ် ကြောင်း သိရှိရသည်။

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ အရွက္သိကၡာမဲ့စြာ ထြက္ေျပး လက္ေျမႇာက္ လက္နက္ခ်ၾကရသည့္ ျမန္မာစစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈၈ ဦး (႐ုပ္/သံ)
ေမလ ၆ ရက္
ရခိုင္ျပည္နယ္တြင္ AA ၏ တိုက္ခိုက္မႈေၾကာင့္ ျမန္မာစစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈၈ ဦးသည္ ဘဂၤလားေဒ့ရွ္ထဲသို႔ ထပ္မံထြက္ ေျပးသြားျပန္ၿပီး ယခုေမလအတြင္း တတိယအသုတ္အျဖစ္ ဘဂၤလားေဒ့ရွ္သို႔ ထြက္ေျပးသူ ျမန္မာစစ္သား ၁၂၈ ဦးရွိေနၿပီျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္သတင္းမ်ားအရ သိရွိရသည္။
ရကၡိဳင့္တပ္မေတာ္ႏွင့္ ျမန္မာစစ္တပ္တို႔ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနခ်ိန္တြင္ ျမန္မာနယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ ၈၈ ဦးသည္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသို႔ ယမန္ေန႔ နံနက္ပိုင္း ဝင္ေရာက္ခဲ့ေၾကာင္း ၊ျမန္မာစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ေလွႏွစ္စင္းျဖင့္ နယ္စပ္ရွိ နတ္ျမစ္ကို ျဖတ္ကာ ယမန္ေန႔ နံနက္ ၁၀ နာရီ ၁၅ မိနစ္ခန႔္တြင္ ဘဂၤလားေဒ့ရွ္ အာဏာပိုင္မ်ားထံ ခိုလႈံခြင့္ေတာင္းခံခဲ့ေၾကာင္း သိရွိရသည္။
ဘဂၤလားေဒ့ရွ္ ကမ္းေျခေစာင့္တပ္ဖြဲ႕က ၎တို႔အား ဖမ္းဆီးထိန္းသိမ္းထားၿပီး လက္နက္ျဖဳတ္သိမ္းကာ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္သို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရွိရသည္။
အလားတူ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ႏွင့္ ေမာင္ေတာၿမိဳ႕နယ္တို႔တြင္ AA ၏ တိုက္ခိုက္မႈေၾကာင့္ ျမန္မာနယ္ျခားေစာင့္တပ္ဖြဲ႕ဝင္ ၄၀ ဦး ဘဂၤလားေဒ့ရွ္ထဲသို႔ လက္နက္မ်ားျဖင့္ ထြက္ေျပးေရာက္ရွိလာေၾကာင္း ဘဂၤလားေဒ့ရွ္အာဏာပိုင္မ်ားက အတည္ျပဳ ေျပာဆိုခဲ့သည္။
ေမလ ၃ ရက္ေန႔ ညပိုင္းႏွင့္ ေမလ ၄ ရက္ေန႔ နံနက္ပိုင္း ျမန္မာစစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၄၀ ဦးသည္ လက္နက္မ်ားႏွင့္အတူ ဘဂၤလားေဒ့ရွ္ထဲသို႔ ထြက္ေျပးေရာက္ရွိလာေၾကာင္း၊ ၎တို႔၏ လက္နက္မ်ားကို ျဖဳတ္သိမ္းလိုက္ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၄၀ ဦးကို ဘဂၤလားေဒ့ရွ္က ထိန္းသိမ္းခဲ့ေၾကာင္း သိရွိရသည္။
ဘဂၤလားေဒ့ရွ္သို႔ ယခုထြက္ေျပးေရာက္ရွိလာေသာ ျမန္မာစစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၂၀ ဦးမွာ တတိယအသုတ္ျဖစ္ၿပီး ပထမအသုတ္အျဖစ္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃၃၀ ဦးကို ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔တြင္လည္းေကာင္း၊ ဒုတိယအသုတ္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၈၈ ဦးကို ဧၿပီလ ၂၅ ရက္ေန႔တြင္လည္းေကာင္း ျမန္မာႏိုင္ငံဘက္သို႔ ဘဂၤလားေဒ့ရွ္အစိုးရက ျပန္လည္ ပို႔ေဆာင္ခဲ့ ၿပီးျဖစ္ ေၾကာင္း သိရွိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*