CDM ဝန်ထမ်းခန့်ထားမှုဖြင့် ပုဂ္ဂလိက ဆေးရုံကို စကစက ယာယီပိတ်သိမ်း

မော်လမြိုင်တွင် CDM ဝန်ထမ်းခန့်ထားမှုဖြင့် ပုဂ္ဂလိက အေးသန္တာဆေးရုံကို စစ်ကောင်စီက ယာယီပိတ်သိမ်း

ရန်ကုန် ၊ မေ ၃

မွန်ပြည်နယ် မော်လမြိုင်မြို့က အေးသန္တာ ပုဂ္ဂလိကဆေးရုံ မှာ CDM ဝန်ထမ်းခန့်ထားတယ်လို့ဆိုပြီး စစ်ကောင်စီက မေလ ၁ ရက်နေ့ကစတင်ကာ ၃ လ ယာယီပိတ်သိမ်းထားဖို့ စစ်ကောင်စီက အရေးယူခဲ့ကြောင်း မော်လမြိုင် ပုဂ္ဂလိကဆေးရုံ အသိုင်းအဝိုင်းဆီက သိရပါတယ်။

အေးသန္တာ ပုဂ္ဂလိကဆေးရုံ ကို စစ်ကောင်စီ လက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်နဲ့ ပြည်နယ်ကျန်မာရေးဦးစီးဌာနက ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆေးရုံမှာ CDM ပြုလုပ်ထားတဲ့ ဆရာဝန် နဲ့ သူနာပြုတွေကို အလုပ်ခန့်ထားတာကြောင့် ၃ လ ယာယီပိတ်သိမ်းအရေးယူတာ ဖြစ်တယ်လို့ သိရပါတယ်။

“အေးသန္တာဆေးရုံက အရင် အာဏာသိမ်းခါစက CDM တွေလုပ်တော့ CDM ဝန်ထမ်းတွေကို ခန့်ထားလို့ စစ်ကောင်စီကနေ သတိပေးတာခံခဲ့ရဖူးတယ် ။ အခုက အဲ့ဆေးရုံမှာ စစ်တပ်က ကုတင် ၃၀၀ က စစ်တပ် ဆရာဝန်တွေလဲ ထိုင်တော့ အဲ့ဒီကနေသတင်းပေါက်ကြားပြီးဝင်စစ်တာ” လို့ ကျန်မာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာတော့ ပြည်နယ်ကျန်မာရေးဦးစီဌာနက ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDM ပြန်လုပ်ထားတဲ့ ကျန်မာရေးဝန်ထမ်း ဆရာဝန်၊ သူနာပြုတွေ ရှိ၊ မရှိကိုတော့ ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

အေးသန္တဆေးရုံမှာ လက်ရှိ ဆရာဝန်၊ သူနာပြု ကျန်မာရေးဝန်ထမ်းအင်အား ၁၀၀ ခန့်ဖြင့် အထွေထွေရောဂါ ကုသမှုတွေအပြင် ခွဲစိတ်မှုတွေကိုပါ ကုသဆောင်ရွက်ပေတဲ့ ဆေးရုံတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် CDM ပြလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်း‌တွေကို ဆေးကုသမှု လိုင်စင်ပိတ်သိမ်းခြင်း၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ အလုပ်ခန့်ထားခြင်း ရှိ၊ မရှိစစ်ဆေးကာ အရေးယူမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ေမာ္လၿမိဳင္တြင္ CDM ဝန္ထမ္းခန႔္ထားမႈျဖင့္ ပုဂၢလိက ေအးသႏၲာေဆး႐ုံကို စစ္ေကာင္စီက ယာယီပိတ္သိမ္း
ရန္ကုန္ ၊ ေမ ၃
မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕က ေအးသႏၲာ ပုဂၢလိကေဆး႐ုံ မွာ CDM ဝန္ထမ္းခန႔္ထားတယ္လို႔ဆိုၿပီး စစ္ေကာင္စီက ေမလ ၁ ရက္ေန႔ကစတင္ကာ ၃ လ ယာယီပိတ္သိမ္းထားဖို႔ စစ္ေကာင္စီက အေရးယူခဲ့ေၾကာင္း ေမာ္လၿမိဳင္ ပုဂၢလိကေဆး႐ုံ အသိုင္းအဝိုင္းဆီက သိရပါတယ္။
ေအးသႏၲာ ပုဂၢလိကေဆး႐ုံ ကို စစ္ေကာင္စီ လက္ေအာက္ခံ မြန္ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ ၫြန္ၾကားခ်က္နဲ႔ ျပည္နယ္က်န္မာေရးဦးစီးဌာနက ဝင္ေရာက္စစ္ေဆးခဲ့ၿပီး ေဆး႐ုံမွာ CDM ျပဳလုပ္ထားတဲ့ ဆရာဝန္ နဲ႔ သူနာျပဳေတြကို အလုပ္ခန႔္ထားတာေၾကာင့္ ၃ လ ယာယီပိတ္သိမ္းအေရးယူတာ ျဖစ္တယ္လို႔ သိရပါတယ္။
“ေအးသႏၲာေဆး႐ုံက အရင္ အာဏာသိမ္းခါစက CDM ေတြလုပ္ေတာ့ CDM ဝန္ထမ္းေတြကို ခန႔္ထားလို႔ စစ္ေကာင္စီကေန သတိေပးတာခံခဲ့ရဖူးတယ္ ။ အခုက အဲ့ေဆး႐ုံမွာ စစ္တပ္က ကုတင္ ၃၀၀ က စစ္တပ္ ဆရာဝန္ေတြလဲ ထိုင္ေတာ့ အဲ့ဒီကေနသတင္းေပါက္ၾကားၿပီးဝင္စစ္တာ” လို႔ က်န္မာေရးဝန္ထမ္းတစ္ဦးက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ အတြင္းမွာေတာ့ ျပည္နယ္က်န္မာေရးဦးစီဌာနက ပုဂၢလိက ေဆး႐ုံ၊ေဆးခန္းေတြမွာ CDM ျပန္လုပ္ထားတဲ့ က်န္မာေရးဝန္ထမ္း ဆရာဝန္၊ သူနာျပဳေတြ ရွိ၊ မရွိကိုေတာ့ ေရွာင္တခင္ဝင္ေရာက္ စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔လည္းသိရပါတယ္။
ေအးသႏၲေဆး႐ုံမွာ လက္ရွိ ဆရာဝန္၊ သူနာျပဳ က်န္မာေရးဝန္ထမ္းအင္အား ၁၀၀ ခန႔္ျဖင့္ အေထြေထြေရာဂါ ကုသမႈေတြအျပင္ ခြဲစိတ္မႈေတြကိုပါ ကုသေဆာင္႐ြက္ေပတဲ့ ေဆး႐ုံတစ္ခု ျဖစ္တယ္လို႔ သိရပါတယ္။
စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ CDM ျပလုပ္ထားတဲ့ က်န္းမာေရးဝန္ထမ္း‌ေတြကို ေဆးကုသမႈ လိုင္စင္ပိတ္သိမ္းျခင္း၊ ပုဂၢလိက ေဆး႐ုံ၊ ေဆးခန္းေတြမွာ အလုပ္ခန႔္ထားျခင္း ရွိ၊ မရွိစစ္ေဆးကာ အေရးယူမႈေတြ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*