စကခ ၈ မှူးဆန်းညွန့်လှိုင် မကြာမီဆို့အောက်

စကခ ၈ မှူး ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင် မိုင်းဆွဲခံရ၊ ဒဏ်ရာပြင်းထန်လို့ သေနိုင်ဖွယ်ရှိ

မေလ ၆ ရက်

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၈) စကခမှူး ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင်နဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တပ်မဟာ ၅ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မေ ၃ ရက် ည ၈ နာရီခန့်မှာ ၎င်းစခန်းထိုင်ကွပ်ကဲတဲ့ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ ဗျူဟာကုန်းကနေ ကားလမ်းတဖက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်းကို ညအိပ်အခြေပြုဖို့လာရောက်စဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ သေတာက တပ်သားတယောက်။ တပ်မမှူးက ဒဏ်ရာပြင်းထန်တယ်။ ရှင်ဖို့ ရာခိုင်နှုန်းနည်းတယ်။” လို့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

စကခ ၈ စကခမှူး ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင် ရှေ့တန်းမှာထိခိုက်မှုရှိကြောင်း စကခ ၈ အခြေစိုက်ရာ ထားဝယ်မြို့တပ်နယ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးကလည်း ဆိုပါတယ်။

“ တပ်မမှူး ထိတယ်ဆိုတာ သတင်းသဲ့သဲ့တော့ကြားတယ်။ သူတို့ထိရင်သတင်းကို မရ၊ ရအောင် လိုက်ဖုံးတာဆိုတော့ သေချာမသိရဘူး။ ရေဖြူ ၄၀၆၊ ၄၀၇ တပ်တွေလည်း အထိများတယ်လို့လည်း သိရတယ် “ လို့ ပြောပါတယ်။

ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင်ဟာ စကခ ၈ စကခမှူးအဖြစ် ပြီးခဲ့နှစ်သြဂုတ်လက ပြောင်းရွှေ့ရောက်ရှိလာတာဖြစ်ပြီး အလုပ်သင်ဗိုလ်(တေဇ)အပတ်စဉ် ၂၆ ဆင်း ဖြစ်တယ်လို့ သိရပါတယ်။

စကခ ၈ နဲ့လက်အောက်ခံတပ်တွေဟာ စစ်အာဏာသိမ်းချိန်ကစလို့ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်၊ ကမမောင်းဒေသမှာ စစ်ဆင်ရေးဝင်ရောက်နေရတာ ၃ နှစ်ကျော်ရှိပြီဖြစ်ပြီး အဆိုပါကာလအတွင်း စကခမှူး ၃ ဦးအထိ အပြောင်းအလဲရှိခဲ့တာဖြစ်ပါတယ်။

ပုံစာ – စကခ ၈ မှူး ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင် ကို ယခင်နှစ် အောက်တိုဘာလအတွင်းက ကမမောင်းမြို့ဆေးရုံမှာ တွေ့ရစဉ်

စကခ ၈ မႉး ဗိုလ္မႉးခ်ဳပ္ ဆန္းၫြန႔္လႈိင္ မိုင္းဆြဲခံရ၊ ဒဏ္ရာျပင္းထန္လို႔ ေသႏိုင္ဖြယ္ရွိ
ေမလ ၆ ရက္
ကရင္ျပည္နယ္၊ KNU တပ္မဟာ ၅ နယ္ေျမအတြင္း တိုက္ခိုက္ေရးဝင္ေရာက္ေနတဲ့ အမွတ္ ၈ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ (စကခ ၈) စကခမႉး ဗိုလ္မႉးခ်ဳပ္ ဆန္းၫြန႔္လႈိင္နဲ႔အဖြဲ႕ မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရတယ္လို႔ တပ္မဟာ ၅ သတင္းရင္းျမစ္ေတြထံက သိရပါတယ္။
ေမ ၃ ရက္ ည ၈ နာရီခန႔္မွာ ၎စခန္းထိုင္ကြပ္ကဲတဲ့ ဖာပြန္ၿမိဳ႕နယ္၊ ကမေမာင္းၿမိဳ႕ ဗ်ဴဟာကုန္းကေန ကားလမ္းတဖက္ရွိ ကိုးနဝင္းဘုန္းႀကီးေက်ာင္းကို ညအိပ္အေျချပဳဖို႔လာေရာက္စဥ္ ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ေတြက မိုင္းဆြဲတိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။
“ ေသတာက တပ္သားတေယာက္။ တပ္မမႉးက ဒဏ္ရာျပင္းထန္တယ္။ ရွင္ဖို႔ ရာခိုင္ႏႈန္းနည္းတယ္။” လို႔ ေျမျပင္သတင္းရင္းျမစ္တဦးက ေျပာပါတယ္။
စကခ ၈ စကခမႉး ဗိုလ္မႉးခ်ဳပ္ ဆန္းၫြန႔္လႈိင္ ေရွ႕တန္းမွာထိခိုက္မႈရွိေၾကာင္း စကခ ၈ အေျခစိုက္ရာ ထားဝယ္ၿမိဳ႕တပ္နယ္နဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္တဦးကလည္း ဆိုပါတယ္။
“ တပ္မမႉး ထိတယ္ဆိုတာ သတင္းသဲ့သဲ့ေတာ့ၾကားတယ္။ သူတို႔ထိရင္သတင္းကို မရ၊ ရေအာင္ လိုက္ဖုံးတာဆိုေတာ့ ေသခ်ာမသိရဘူး။ ေရျဖဴ ၄၀၆၊ ၄၀၇ တပ္ေတြလည္း အထိမ်ားတယ္လို႔လည္း သိရတယ္ “ လို႔ ေျပာပါတယ္။
ဗိုလ္မႉးခ်ဳပ္ ဆန္းၫြန႔္လႈိင္ဟာ စကခ ၈ စကခမႉးအျဖစ္ ၿပီးခဲ့ႏွစ္ၾသဂုတ္လက ေျပာင္းေ႐ႊ႕ေရာက္ရွိလာတာျဖစ္ၿပီး အလုပ္သင္ဗိုလ္(ေတဇ)အပတ္စဥ္ ၂၆ ဆင္း ျဖစ္တယ္လို႔ သိရပါတယ္။
စကခ ၈ နဲ႔လက္ေအာက္ခံတပ္ေတြဟာ စစ္အာဏာသိမ္းခ်ိန္ကစလို႔ KNU တပ္မဟာ ၅ နယ္ေျမ ဖာပြန္၊ ကမေမာင္းေဒသမွာ စစ္ဆင္ေရးဝင္ေရာက္ေနရတာ ၃ ႏွစ္ေက်ာ္ရွိၿပီျဖစ္ၿပီး အဆိုပါကာလအတြင္း စကခမႉး ၃ ဦးအထိ အေျပာင္းအလဲရွိခဲ့တာျဖစ္ပါတယ္။
ပုံစာ – စကခ ၈ မႉး ဗိုလ္မႉးခ်ဳပ္ ဆန္းၫြန႔္လႈိင္ ကို ယခင္ႏွစ္ ေအာက္တိုဘာလအတြင္းက ကမေမာင္းၿမိဳ႕ေဆး႐ုံမွာ ေတြ႕ရစဥ္

Be the first to comment

Leave a Reply

Your email address will not be published.


*