မောင်တောဆို့အောက်ရင်ဘယ်ထပ်ပြေးမလဲတွေးထား

AAသိမ်းယူခဲ့သည့် စကခ(၁၅)ဌာနချုပ်မှ တပ်မမှူး

မောင်တောသို့ ရေကြောင်းမှ ထွက်ပြေး

မေလ ၇ ရက်

ဘူးသီး​တောင်အ​ခြေစိုက် စကခ(၁၅)တပ်မဌာနချုပ်၊ တပ်မမှူးသည် စကခ(၁၅)အား အာရက္ခတပ်​​တော် (AA)က ထိုးစစ်ဆင်တိုက်ခိုက်သည့် မေလဆန်း၌ မောင်တောမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုသို့ ထွက်ပြေးသွားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးကပြောသည်။

“တပ်မမှူးက သူ့ကိုယ်ရေးအရာရှိနဲ့အတူလုံခြုံရေးယူပြီး ထွက်သွားတာ။ မောင်တောကို ပြေးတာ။ ဒုတပ်မမှူးက မပြေးဘဲ နောက်ဆုံးကျမှ AAဆီ လက်နက်ချတာ”ဟု ရဲအရာရှိတဦးကပြောသည်။

မောင်တော နှင့် ဘူးသီးတောင်သည် ကုန်လမ်းရော ရေကြောင်းပါ ထိစပ်နေပြီး စကခ(၁၅)ဌာနချုပ်တပ်မမှူးသည် တိုက်ခိုက်ခံရမည်ကိုကြောက်လန့်၍ ရေကြောင်းမှ တိတ်တစိတ်ထွက်‌​ပြေးတိမ်းရှောင်သွားခြင်းဟု သတင်းပေးရဲအရာရှိကဆိုသည်။

ဘူသီးတောင်အခြေစိုက် စကခ (၁၅)အား လအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ဧပြီလ နောက်ဆုံးအပတ်မှစ၍ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် ဒုတပ်မမှူးဦး‌ဆောင်သည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၊တပ်မိသားစုဝင်များလက်နက်ချအညံ့ခံ​ခဲ့​ကြကြောင်း (AA)က မေလ ၆ ရက် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ စကခ(၁၅) တပ်မမှူးသေဆုံးပြီဟူသော သတင်းများ ဖော်ပြမှုရှိနေပြီး စစ်ကောင်စီဝါဒဖြန့် မြန်မာအကောင့်များကမူ တပ်မမှူးသည် မောင်တောမြို့၌ရှိနေကြောင်း တုန့်ပြန်ရေးသား​နေကြသည်။

‌AAက ဘူးသီးတောင်နှင့် မောင်တောမြို့မှ စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေပြီး မြို့မကျဆုံးစေရေးအတွက် စကခ(၁၅) တပ်မမှူးက သွားရောက်ကွပ်ကဲနေခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်များတွင် ​ရေးသားထားသည်။ အမှန်တကယ်တွင် တပ်မမှူးသည် စခန်းကျမည်ကို သိရှိ၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း စကခ(၁၅)အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ရှိခဲ့ဖူးသည့် ရဲအရာရှိတဦးကပြောသည်။

စကခ(၁၅)အောက်၌ ဗျူဟာသုံးခုရှိပြီး ခြေမြန်တပ်ရင်းနှင့်ခြေလျင်တပ်ရင်း ၁၀ ခုရှိနေသည်။ ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ (၅၅၁)၊ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅) တပ်ရင်းများနှင့် ဘူးသီးတောင်ဗျူဟာလက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နှင့် အမတ(၃၇၈) တို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တပ်ရင်း ​လေးရင်းကို AA ကသိမ်းပိုက်ထားသည်။

ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)၊ ခမရ (၅၅၁) တို့ကိုAAကသိမ်းပိုက်ရယူထားသည်ဟု မေလ ၄ရက်တွင် ထုတ်ပြန်ထားသည်။သိမ်းပိုက်ရယူရန်ကျန်ရှိနေသော လက်ကျန်စခန်းများကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AAကထုတ်ပြန်ထားသည်။

စကခ(၁၅)စခန်းသိမ်းတိုက်ပွဲ၌ လက်နက်ချခဲ့သည့် ဒုတပ်မမှူးဦး‌ဆောင်သည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များခဲတွင် စစ်ကောင်စီက ပြည်သူ့စစ်အနေဖြင့် ခေါ်ယူထားသည့် မွတ်ဆလင်လူငယ်အများအပြားကိုပါ AA က ဖမ်းမိထားသည်။

(စကခ ၁၅ ဘူးသီး​တောင်တပိမ ဌာနချုပ် ကို​မြေပုံတွင်​တွေ့ရစဥ်)

AAသိမ္းယူခဲ့သည့္ စကခ(၁၅)ဌာနခ်ဳပ္မွ တပ္မမႉး
ေမာင္ေတာသို႔ ေရေၾကာင္းမွ ထြက္ေျပး
ေမလ ၇ ရက္
ဘူးသီး​ေတာင္အ​ေျခစိုက္ စကခ(၁၅)တပ္မဌာနခ်ဳပ္၊ တပ္မ
မႉးသည္ စကခ(၁၅)အား အာရကၡတပ္​​ေတာ္ (AA)က ထိုး
စစ္ဆင္တိုက္ခိုက္သည့္ ေမလဆန္း၌ ေမာင္ေတာၿမိဳ႕ရွိ စစ္ေကာင္စီတပ္ရင္းတစ္ခုသို႔ ထြက္ေျပးသြားေၾကာင္း ရခိုင္
ျပည္နယ္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတဦးကေျပာသည္။
“တပ္မမႉးက သူ႔ကိုယ္ေရးအရာရွိနဲ႔အတူလုံၿခဳံေရးယူၿပီး ထြက္သြားတာ။ ေမာင္ေတာကို ေျပးတာ။ ဒုတပ္မမႉးက မေျပးဘဲ ေနာက္ဆုံးက်မွ AAဆီ လက္နက္ခ်တာ”ဟု ရဲအရာ
ရွိတဦးကေျပာသည္။
ေမာင္ေတာ ႏွင့္ ဘူးသီးေတာင္သည္ ကုန္လမ္းေရာ ေရ
ေၾကာင္းပါ ထိစပ္ေနၿပီး စကခ(၁၅)ဌာနခ်ဳပ္တပ္မမႉးသည္ တိုက္ခိုက္ခံရမည္ကိုေၾကာက္လန႔္၍ ေရေၾကာင္းမွ တိတ္တစိတ္ထြက္‌​ေျပးတိမ္းေရွာင္သြားျခင္းဟု သတင္းေပးရဲအရာရွိကဆိုသည္။
ဘူသီးေတာင္အေျခစိုက္ စကခ (၁၅)အား လအတန္ၾကာ ဝိုင္းရံပိတ္ဆို႔ထားခဲ့ၿပီး ဧၿပီလ ေနာက္ဆုံးအပတ္မွစ၍ အျပင္းအထန္ ထိုးစစ္ဆင္တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္းႏွင့္ ဒုတပ္မမႉးဦး‌ေဆာင္သည့္ စစ္​ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၊တပ္မိသားစုဝင္မ်ားလက္နက္ခ်အညံ့ခံ​ခဲ့​ၾကေၾကာင္း (AA)
က ေမလ ၆ ရက္ သတင္းထုတ္ျပန္ထားသည္။
စစ္ေကာင္စီလက္ေအာက္ခံလူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ စကခ(၁၅) တပ္မမႉးေသဆုံးၿပီဟူေသာ သတင္းမ်ား ေဖာ္ျပမႈရွိေနၿပီး စစ္ေကာင္စီဝါဒျဖန္႔ ျမန္မာအေကာင့္မ်ားကမူ တပ္မမႉးသည္ ေမာင္ေတာၿမိဳ႕၌ရွိေနေၾကာင္း တုန္႔ျပန္ေရး
သား​ေနၾကသည္။
‌AAက ဘူးသီးေတာင္ႏွင့္ ေမာင္ေတာၿမိဳ႕မွ စစ္ေကာင္စီစခန္းမ်ားကိုတိုက္ခိုက္ေနၿပီး ၿမိဳ႕မက်ဆုံးေစေရးအတြက္ စကခ(၁၅) တပ္မမႉးက သြားေရာက္ကြပ္ကဲေနျခင္းျဖစ္သည္ဟု စစ္ေကာင္စီဝါဒျဖန္႔ တယ္လီဂရန္ခ်န္နယ္လ္မ်ားတြင္ ​ေရးသားထားသည္။ အမွန္တကယ္တြင္ တပ္မမႉးသည္ စခန္းက်မည္ကို သိရွိ၍ ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း စကခ(၁၅)အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ ရွိခဲ့ဖူးသည့္ ရဲအရာရွိတဦးကေျပာသည္။
စကခ(၁၅)ေအာက္၌ ဗ်ဴဟာသုံးခုရွိၿပီး ေျချမန္တပ္ရင္းႏွင့္ေျခလ်င္တပ္ရင္း ၁၀ ခုရွိေနသည္။ ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ (၅၅၁)၊ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅) တပ္ရင္းမ်ားႏွင့္ ဘူးသီးေတာင္ဗ်ဴဟာလက္ေအာက္ခံတပ္ရင္းမ်ားျဖစ္ၾကေသာ ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) ႏွင့္ အမတ(၃၇၈) တို႔ကို AA က ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီး တပ္ရင္း ​ေလးရင္းကို AA ကသိမ္းပိုက္ထားသည္။
ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)၊ ခမရ (၅၅၁) တို႔ကိုAAကသိမ္းပိုက္ရယူထားသည္ဟု ေမလ ၄ရက္တြင္ ထုတ္ျပန္ထားသည္။သိမ္းပိုက္ရယူရန္က်န္ရွိေနေသာ လက္က်န္စခန္းမ်ားကို တၿပိဳင္နက္တည္း ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိသည္ဟု AAကထုတ္ျပန္ထားသည္။
စကခ(၁၅)စခန္းသိမ္းတိုက္ပြဲ၌ လက္နက္ခ်ခဲ့သည့္ ဒုတပ္မမႉးဦး‌ေဆာင္သည့္ စစ္​ေကာင္စီတပ္ဖြဲ႕ဝင္မ်ားခဲတြင္ စစ္ေကာင္စီက ျပည္သူ႔စစ္အေနျဖင့္ ေခၚယူထားသည့္ မြတ္ဆလင္လူငယ္အမ်ားအျပားကိုပါ AA က ဖမ္းမိထားသည္။
(စကခ ၁၅ ဘူးသီး​ေတာင္တပိမ ဌာနခ်ဳပ္ ကို​ေျမပုံတြင္​ေတြ႕ရစဥ္)

Be the first to comment

Leave a Reply

Your email address will not be published.


*