၅/တွေလက်စွမ်းပြ အက်ရှင်(ရုပ်သံ)

မြောင်မြို့နယ်ကျေးရွာတွေအတွင်း ဝင်ရောက်တပ်စွဲတဲ့ ခမရ ၁၅ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှု အကြမ်းဖက်စစ်သားတွေ ထိခိုက်မှုများပြား (ရုပ်/သံ)

++++++++++++++++++++

မေ ၇၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် သာထွန်းရွာနဲ့ ရွှေလှေရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ ခမရ ၁၅ က အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၈၀ ခန့်ကို မေလ ၄ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်က တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သား ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ၃ ယောက်ဟာ အသက်စိုးရိမ်ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း ၅ (MRA)၊ စစ်ကိုင်းခရိုင် ပကဖ၊ စစ်ကိုင်းခရိုင် ထောက်ပို့အဖွဲ့၊ မင်းတန်းရွာ ပကဖ၊ လက်ထုတ္တောရွာ ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ နဲ့ မန္တလေးခရိုင်တပ်ရင်း ၅ တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

++++++++++++++++++++
မေ ၇၊ ၂၀၂၄

Be the first to comment

Leave a Reply

Your email address will not be published.


*