ဂျိန်းစဘွန်းကားကြည့်ရသလိုဘဲ(ရုပ်/သံ)

ဂျိန်းစဘွန်းကားကြည့်ရသလိုဘဲ(ရုပ်/သံ)

ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၁ ယောက်သေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

သြဂုတ် ၇၊ ၂၀၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သား အင်အား ၇၀ ခန့် တင်ဆောင်လာတဲ့ ယာဉ် ၂ စီးကို ဩဂုတ်လ ၄ ရက်မှာ ကန်တော်ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၁၁ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီနောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ နေရာကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ကာဘိုင်ကျည်အိမ် (၁) ခု၊ ကျည် (၁၆) တောင့်၊ MG 1 လက်ပစ်ဗုံး (၂) လုံး၊ G3 ကျည် (၄) တောင့်၊ ၅.၅၆ ကျည် (၇) တောင့်၊ အီကွေ့မန့် (၁) ခု ၊ ဂွရှင် (၁) ချောင်းတို့ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobraနဲ့ PKU Thurain တို့ ပူး‌ပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ပခုကၠဴၿမိဳ႕နယ္မွာ အၾကမ္းဖက္စစ္တပ္ယာဥ္ ၂ စီးကို မိုင္းဆြဲတိုက္ခိုက္မႈ စစ္သား ၁၁ ေယာက္ေသၿပီး အမ်ားအျပားဒဏ္ရာရ (႐ုပ္/သံ)
ၾသဂုတ္ ၇၊ ၂၀၂၄
မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕နယ္ တပ္မ ၁၀၁ ကေန ထြက္လာတဲ့ အၾကမ္းဖက္စစ္သား အင္အား ၇၀ ခန႔္ တင္ေဆာင္လာတဲ့ ယာဥ္ ၂ စီးကို ဩဂုတ္လ ၄ ရက္မွာ ကန္ေတာ္႐ြာအနီး မိုင္းဆြဲတိုက္ခိုက္ခဲ့ ရာ စစ္သား ၁၁ ေယာက္ေသဆုံးၿပီး အမ်ားအျပားထိခိုက္ဒဏ္ရာရရွိသြားတယ္လို႔ ၿမိဳင္ပကဖ က သတင္းထုတ္ျပန္ထားပါတယ္။
အဲဒီေနာက္ မိုင္းဆြဲတိုက္ခိုက္ခဲ့တဲ့ ေနရာကို ေတာ္လွန္ေရးပူးေပါင္းအဖြဲ႕ေတြက နယ္ေျမရွင္းလင္းေရးေဆာင္႐ြက္ခဲ့ရာ ကာဘိုင္က်ည္အိမ္ (၁) ခု၊ က်ည္ (၁၆) ေတာင့္၊ MG 1 လက္ပစ္ဗုံး (၂) လုံး၊ G3 က်ည္ (၄) ေတာင့္၊ ၅.၅၆ က်ည္ (၇) ေတာင့္၊ အီေကြ႕မန႔္ (၁) ခု ၊ ဂြရွင္ (၁) ေခ်ာင္းတို႔ သိမ္းဆည္းရရွိခဲ့တယ္လို႔သိရပါတယ္။
အဲဒီတိုက္ခိုက္မႈကို ၿမိဳင္ပကဖ၊ Black Cobraနဲ႔ PKU Thurain တို႔ ပူး‌ေပါင္းလုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။

မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်ခွာလာသော အကြမ်းဖက် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီးနောက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ကမ္မမြို့ ဘက်ကို ထွက်လာသည့် အကြမ်းဖက်စစ်သား အင်အား ၇၀ ခန့် လိုက်ပါလာသော ကား ၂ စီးကို ပခုက္ကူမြို့နယ် ကန်တော်ရွာ အနီးအရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက အသင့်ထောင်ထားသော မိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ၂၂ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကား ၁ စီးပျက်စီးပြီး ကျန်ကား ၁ စီးမှာ ပခုက္ကူမြို့နယ် ၊ ကမ္မမြို့နှင့် မြိုင်မြို့နယ် တောင်ပိုင်းရှိ ပျူစောထီးကျေးရွာများကို ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိတော့ဘဲ သေဆုံး စစ်သားများနှင့် ဒဏ်ရာရ စစ်သားများ တင်ဆောင်ကာ ပခုက္ကူမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွား ကြောင်းနှင့် မိုင်းထိပျက်စီးသော ကားမှာ နေရာတွင် ကျန်ရှိနေခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်သားများ အသုံးပြုသော ကာဘိုင်ကျည်အိမ် ၁ ခု၊ ကျည် ၁၆ တောင့်၊ MG ၁ လက်ပစ်ဗုံး ၂ လုံး၊ G3 ကျည် ၄ တောင့်၊ ၅.၅၆ ကျည် ၇ တောင့်၊ အီကွက်မန့် ၁ ခု နှင့် ဂွရှင် ၁ ချောင်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra နှင့် PKU Thurain တပ်ခွဲတို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြိုင်မြို့နယ်အတွင်း ထပ်မံစစ်ကြောင်းထိုးလာပါက အသင့်တိုက်ခိုက်ရန် တိုက်မိုင်း၊ နင်းမိုင်း၊ ဆွဲမိုင်း များပြင်ဆင်ထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်စည် မြေပြင်မှ စစ်ကူ၊ ရိက္ခာပို့ဆောင်နိုင်ခြင်းမရှိသောကြောင့် ဩဂုတ်လ ၅ ရက်နေ့နှင့် ဩဂုတ်လ ၆ ရက်နေ့တို့တွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို Mi 35 ၊ ဂျက်ဖိုက်တာ၊ Y 12 ၊ SU 30 လေယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း မြိုင်ပကဖ ကပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *