ရလိုက်ပြန်ပြီ စ-ခန်းတစ်ခု(ရုပ်သံ)

ရလိုက်ပြန်ပြီ စ-ခန်းတစ်ခု(ရုပ်သံ)

ချောင်းကြီးရွာ ရဲစခန်းနဲ့ စစ်အုပ်စုအထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက် (ရုပ်သံ)

ဩဂုတ်လ ၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာ ရဲကင်းစခန်းနဲ့ စစ်အုပ်စုတပ်စွဲနေတဲ့ စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုပ်သံကို ဗိုလ်လင်းယုန်တပ်ဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ရက်နေ့က ရွှေတွင်းတွေ အများအပြားရှိတဲ့ ချောင်းကြီးရွာကို တော်လှန်ရေးတပ်တွေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာလို့သိရပါတယ်။

၁၇ရက်တာ နေ့စဉ်ရက်ဆက် ဖိအားပေးတိုက်ခိုက်တဲ့အခါမှာတော့ ဒဏ်မခံနိုင်တော့တဲ့ အကြမ်းဖက်စစ်သားနဲ့ရဲတွေ စခန်းစွန့်ထွက်ပြေးသွားရာ ဩဂုတ်လ ၂ရက်နေ့မှာတော့ စခန်းအတွင်းဝင်ရောက်ရှင်းလင်းပြီး PDFအလံလွှင့်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။

ဒီမစ်ရှင်ကိုတော့ ပြင်ဦးလွင်ခရိုင်အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ရင်း၊ အမှတ်(၅၀၉)တပ်ရင်း၊ အမှတ်(၅၁၀) တပ်ရင်း ၊ ပြင်ဦးလွင်ခရိုင်(ပကဖ)၊ သပိတ်ကျင်းမြို့နယ်(ပကဖ)၊ စဉ့်ကူးမြို့နယ် (ပကဖ)၊ Nine PDF တပ်ဖွဲ့၊ ကန့်ဘလူခရိုင် W89လေယာဉ်ပစ်တပ်ဖွဲ့၊ ပြင်ဦးလွင် Drone တပ်ဖွဲ့ ၊ ရွှေဘိုခရိုင် Drone တပ်ဖွဲ့ ၊ မန်းခရိုင် Drone တပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *