မန်းလေးကျရင် အဘဆင်းတော့ဆိုပဲ ⚽မတွေအတော်နောက်

မန်းလေးကျရင် အဘဆင်းတော့ဆိုပဲ ⚽မတွေအတော်နောက်

မန္တလေးကျရင် မင်းအောင်လှိုင်ရာထူးက ဆင်းပေးဖို့ တပ်ထောက်ခံသူတွေ တောင်းဆို

ဩဂုတ် ၉၊ ၂၀၂၄

မန္တလေးမြို့ကို စစ်ကောင်စီ အနေနဲ့ လက်လွတ်ဆုံးရှုံးခဲ့ရပါက မင်းအောင်လှိုင် လက်ရှိရယူထားတဲ့ ရာထူးတွေက ဆင်းပေးဖို့ စစ်တပ်ထောက်ခံသူတွေ၊အမျိူးသားရေး အစွန်းရောက်တွေက ဆိုရှယ်မီဒီယာတွေမှာ ရေးသားတောင်းဆိုလိုက်ပါတယ်။

လတ်တလော မန္တလေးနဲ့ ပြင်ဦးလွင်ကို မဟာမိတ်တပ်တွေနဲ့ PDF တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သိမ်းပိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေး အစွန်းရောက်တွေက မင်းအောင်လှိုင်ကို အားမလိုအားမရဖြစ်ကာ မချိတင်ကဲ တောင်းဆိုလိုက်ကြခြင်းဖြစ်ပါတယ်။မင်းအောင်လှိုင်အနေနဲ့ ရာထူးမှ နုတ်ထွက်ပေးပြီး သူ့ရဲ့နေရာမှာ စစ်ရေး အရအနိုင်ရလိုစိတ် ပြင်းထန်တဲ့ စစ်ခေါင်းဆောင်တစ်ဦးဦးနဲ့ အစားထိုးဖို့ ဆက်တိုက်တောင်းဆိုလာကြခြင်းဖြစ်ပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်အကောင့်အချို့မှာ “မန္တလေးကျရင် မင်းအောင်လှိုင်ကျပြီ ” မင်းတို့ကနိုင်ငံကိုကာကွယ်မှာလား မိသားစုကို ကာကွယ်မှာလား” မလုပ်တတ်ရင်လည်း မင်းအောင်လှိုင်ရေ ဆင်းပါတော့”ဟုဆိုကာ အမျိုးမျိုးရေးသားလျက်ရှိပါတယ်။”အဲဒီတော့ အဘရဲ့ အလှူဒါနမြောက်အောင် ကျနော်တို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကောင်းမှူဆိုတဲ့ ကမ္ပည်းလေးထိုးပါရစေဗျာ။ အလံဖြူထောင်မယ့်အစား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကောင်းမှူဆိုတာလေးကို တပ်ပြီး ကျနော်တို့ ဆုတ်ခွာပေးပါ့မယ် အဲဒီလိုပြတ်ပြတ်သားသားမေး။

အဲဒီ လို ပြတ်ပြတ်သားသားမမေးဘဲ လျှောက်တိုက်နေရင် ခင်ဗျားတို့ပဲ သေမှာ” လို့ စစ်တပ်ကိုထောက်ခံသူ အမျိုးသားရေး အစွန်းရောက် ဘုန်းကြီး ဝီရသူက ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ကောင်းမှု တရားတော် ခေါင်းစဉ်နဲ့ တယ်လီဂရန်မှာ ပြောကြားထားတာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရန် ချန်နယ်တွေမှာ လက်ရှိမြို့သိမ်းတိုက်ပွဲတွေဆင်နွဲနေတဲ့ MNDAA နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ၎င်းတို့သိမ်းထားတဲ့ မြို့တွေမှာ ဗမာတွေကိုခွဲခြားဆက်ဆံတာ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း ဝါဒဖြန့် ရေးသားမှုတွေလည်းဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *