ဝဋ်လည်တာ ငပုလည်းလေလှိုင်းအဖွဲ့ ဖွဲ့နေဘီ

ဝဋ်လည်တာ ငပုလည်းလေလှိုင်းအဖွဲ့ ဖွဲ့နေဘီ

လားရှိုး ရမခတိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဖြစ်သော်လည်း မင်းအောင်လှိုင်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ပြီး စစ်အရာရှိကြီးအသစ်များ ထပ်မံခန့်အပ်သွေးသစ်လောင်းပြန်

ရန်ကုန်၊ ဩဂုတ် ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဖြစ်သော်လည်း မင်းအောင်လှိုင်က တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ပြီး ရှမ်းမြောက်အတွက် စစ်အရာရှိကြီးအသစ်များ ထပ်မံခန့်အပ်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်သည် တပ်တွင်း လူရွေးပွဲများ ဆက်လက်လုပ်ဆောင်နေပြီး ယခင် လူဟောင်းများ နေရာတွင် လူသစ်များကို အစားထိုး ခန့်အပ်နေကြောင်း ၊ လတ်တလောတွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဩဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။

ထို့ပြင် စစ်ဦးစီးတက္ကသိုလ်ရှိ ဗိုလ်မှူးကြီး ဟိန်းထက်နောင်ကို အမှတ် ၁ စစ် ဆင် ရေးကွပ်ကဲမှုဌာနချုပ် (ကျောက်မဲ) ၏ စကခ မှူးအဖြစ် လည်းကောင်း၊ စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး ဇော်မင်းထက် ကို တမခ ၁၀၁ တပ်မမှူး အဖြစ် လည်းကောင်း ၊ စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး လင်းနိုင်စိုးကို အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိုင်းမှူးအဖြစ်လည်းကောင်း ခန့်အပ်ကြောင်း သိရှိရသည်။

အလားတူ ဗိုလ်မှူးကြီး ကျော်မျိုးထိုက် ကို အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှူ ဌာနချုပ် (ရေး) စကခမှူး အဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီး ကျော်စွာဝင်းကို မိုင်းပန် အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကစမှူးအဖြစ်လည်း ကောင်း၊ ဗိုလ်မှူးကြီး ကျော်ထက်ကို တောင်ကုတ် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခမှူး၊ ဗိုလ်မှူးကြီး သန်းစိုးကို အင်းတိုင် တပ်မ ၁၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး အဖြစ် အသစ်ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တပ်တွင်း အပြောင်းအရွေ့လုပ်တာပေါ့နော်။ အခုဆိုရင် စစ်တက္ကသိုလ်အပတ်စဉ် ၄၄ တောင်မှပဲ ဗိုလ်မှူးချုပ်တွေ ပေးနေပြီ။ အငယ်တွေနဲ့ အကြီးတွေကို အစားထိုးပြီးတော့ မျိုးဆက်သစ် တစ်ရပ် အစားထိုးတယ်လို့ ထင်တယ်။ ။ အာဏာမသိမ်းခင်က DSA ၄၄ တွေက ဒုတိယဗိုလ်မှူးကြီး အဆင့် တပ်ရင်းမှူးတွေလောက်ပဲ ရှိသေးတယ်။ အခု အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ဗိုလ်မှူးချုပ်ဖြစ်သွားပြီဆိုတော့ လုံးဝ သူ generation တစ်ဆက် ဟလိုက်တဲ့ သဘောပဲ လို့ ပြောလို့ရတယ်” CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လူဟောင်းများကို အနားပေးကာ လူသစ်များနှင့် အစားထိုးနေခြင်းဖြစ်ရာ လက်ရှိ ခန့်အပ်လိုက်သူများသည် စစ်ကောင်ကောင်းတိုက်နိုင်သည့် အနေအထား မရှိကြောင်း၊ အပတ်စဉ် ၄၀ ကျော်သည့် အဖွဲ့များသည် ထင်ရာလုပ်သည့် အဖွဲ့များ ဖြစ်သည့်အတွက် ပို၍ ပေါက်ကရလုပ်မည့် အနေအထားမျိုး မြင်နေရကြောင်း၊ အနားပေးခံရသည့် လူဟောင်းများတွင် အလယ်ပိုင်းတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်သည် လုံးဝရာထူး ပြုတ်ကာ စစ်ခုံရုံးတက်နေရ ကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် ၏ သတင်းမှာလည်း သတင်း အစအန ပျောက်နေကြောင်း သိရှိရသည်။

လားရႈိး ရမခတိုင္းစစ္ဌာနခ်ဳပ္ က်ဆုံးသြားၿပီျဖစ္ေသာ္လည္း မင္းေအာင္လႈိင္က အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးအသစ္အျဖစ္ ဗိုလ္ခ်ဳပ္ျမင့္ေက်ာ္ထြန္းကို ခန႔္အပ္ၿပီး စစ္အရာရွိႀကီးအသစ္မ်ား ထပ္မံခန႔္အပ္ေသြးသစ္ေလာင္းျပန္
ရန္ကုန္၊ ဩဂုတ္ ၁၂
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးရွိ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ က်ဆုံးသြားၿပီျဖစ္ေသာ္လည္း မင္းေအာင္လႈိင္က တိုင္းမႉးအသစ္အျဖစ္ ဗိုလ္ခ်ဳပ္ျမင့္ေက်ာ္ထြန္းကို ခန႔္အပ္ၿပီး ရွမ္းေျမာက္အတြက္ စစ္အရာရွိႀကီးအသစ္မ်ား ထပ္မံခန႔္အပ္လိုက္ေၾကာင္း စစ္တပ္သတင္းရင္းျမစ္မ်ားကို ကိုးကား၍ CDM ဗိုလ္ႀကီးဇင္ေယာ္က ေျပာဆိုသည္။
အၾကမ္းဖက္စစ္တပ္ ေခါင္းေဆာင္ မင္းေအာင္လႈိင္သည္ တပ္တြင္း လူေ႐ြးပြဲမ်ား ဆက္လက္လုပ္ေဆာင္ေနၿပီး ယခင္ လူေဟာင္းမ်ား ေနရာတြင္ လူသစ္မ်ားကို အစားထိုး ခန႔္အပ္ေနေၾကာင္း ၊ လတ္တေလာတြင္ တပ္မေတာ္ေလ့က်င့္ေရးအရာရွိခ်ဳပ္႐ုံးမွ ဗိုလ္ခ်ဳပ္ျမင့္ေက်ာ္ထြန္းကို အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးအသစ္အျဖစ္ ခန႔္အပ္လိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
အၾကမ္းဖက္စစ္ေကာင္စီသည္ ဩဂုတ္လ ၃ ရက္ေန႔တြင္ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ကို ဆုံးရႈံးလိုက္ရျခင္းျဖစ္သည္။
ထို႔ျပင္ စစ္ဦးစီးတကၠသိုလ္ရွိ ဗိုလ္မႉးႀကီး ဟိန္းထက္ေနာင္ကို အမွတ္ ၁ စစ္ ဆင္ ေရးကြပ္ကဲမႈဌာနခ်ဳပ္ (ေက်ာက္မဲ) ၏ စကခ မႉးအျဖစ္ လည္းေကာင္း၊ စစ္ဦးစီးတကၠသိုလ္မွ ဗိုလ္မႉးႀကီး ေဇာ္မင္းထက္ ကို တမခ ၁၀၁ တပ္မမႉး အျဖစ္ လည္းေကာင္း ၊ စစ္ဦးစီးတကၠသိုလ္မွ ဗိုလ္မႉးႀကီး လင္းႏိုင္စိုးကို အလယ္ ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၏ ဒုတိုင္းမႉးအျဖစ္လည္းေကာင္း ခန႔္အပ္ေၾကာင္း သိရွိရသည္။
အလားတူ ဗိုလ္မႉးႀကီး ေက်ာ္မ်ိဳးထိုက္ ကို အမွတ္ ၁၉ စစ္ဆင္ေရးကြပ္ကဲမႉ ဌာနခ်ဳပ္ (ေရး) စကခမႉး အျဖစ္လည္းေကာင္း၊ ဗိုလ္မႉးႀကီး ေက်ာ္စြာဝင္းကို မိုင္းပန္ အမွတ္ ၁၇ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ စကစမႉးအျဖစ္လည္း ေကာင္း၊ ဗိုလ္မႉးႀကီး ေက်ာ္ထက္ကို ေတာင္ကုတ္ အမွတ္ ၅ စစ္ဆင္ေရးကြပ္ကဲမႈ ဌာနခ်ဳပ္ စကခမႉး၊ ဗိုလ္မႉးႀကီး သန္းစိုးကို အင္းတိုင္ တပ္မ ၁၁ ေျချမန္တပ္မဌာနခ်ဳပ္ တပ္မမႉး အျဖစ္ အသစ္ခန႔္အပ္လိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“တပ္တြင္း အေျပာင္းအေ႐ြ႕လုပ္တာေပါ့ေနာ္။ အခုဆိုရင္ စစ္တကၠသိုလ္အပတ္စဥ္ ၄၄ ေတာင္မွပဲ ဗိုလ္မႉးခ်ဳပ္ေတြ ေပးေနၿပီ။ အငယ္ေတြနဲ႔ အႀကီးေတြကို အစားထိုးၿပီးေတာ့ မ်ိဳးဆက္သစ္ တစ္ရပ္ အစားထိုးတယ္လို႔ ထင္တယ္။ ။ အာဏာမသိမ္းခင္က DSA ၄၄ ေတြက ဒုတိယဗိုလ္မႉးႀကီး အဆင့္ တပ္ရင္းမႉးေတြေလာက္ပဲ ရွိေသးတယ္။ အခု အာဏာသိမ္းၿပီး ၃ ႏွစ္အၾကာမွာ ဗိုလ္မႉးခ်ဳပ္ျဖစ္သြားၿပီဆိုေတာ့ လုံးဝ သူ generation တစ္ဆက္ ဟလိုက္တဲ့ သေဘာပဲ လို႔ ေျပာလို႔ရတယ္” CDM ဗိုလ္ႀကီး ဇင္ေယာ္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။
အၾကမ္းဖက္ မင္းေအာင္လႈိင္က လူေဟာင္းမ်ားကို အနားေပးကာ လူသစ္မ်ားႏွင့္ အစားထိုးေနျခင္းျဖစ္ရာ လက္ရွိ ခန႔္အပ္လိုက္သူမ်ားသည္ စစ္ေကာင္ေကာင္းတိုက္ႏိုင္သည့္ အေနအထား မရွိေၾကာင္း၊ အပတ္စဥ္ ၄၀ ေက်ာ္သည့္ အဖြဲ႕မ်ားသည္ ထင္ရာလုပ္သည့္ အဖြဲ႕မ်ား ျဖစ္သည့္အတြက္ ပို၍ ေပါက္ကရလုပ္မည့္ အေနအထားမ်ိဳး ျမင္ေနရေၾကာင္း၊ အနားေပးခံရသည့္ လူေဟာင္းမ်ားတြင္ အလယ္ပိုင္းတိုင္း ဒုတိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ေအာင္လြင္သည္ လုံးဝရာထူး ျပဳတ္ကာ စစ္ခုံ႐ုံးတက္ေနရ ေၾကာင္း၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ စိုးလႈိင္ ၏ သတင္းမွာလည္း သတင္း အစအန ေပ်ာက္ေနေၾကာင္း သိရွိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *