ကျ-ည်လွဲအဆောင်နဲ့အုပ်ကြီးရာမမင်းဆီရောက်😄😄😄😄

ကျ-ည်လွဲအဆောင်နဲ့အုပ်ကြီးရာမမင်းဆီရောက်😄😄😄😄

အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံးနှင့် ကျည်လွဲအဆောင်တို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၁၉

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး လက်ပစ်ဗုံးနှင့် ကျည်လွဲအဆောင်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၂၇ မိနစ်ခန့်တွင် နှောကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဝင်း ကို ၄င်းနေထိုင်သည့် အုန်းပင်စုကျေးရွာ လမ်းမဘေး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၃ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်ဝင်း ထံမှ လက်ပစ်ဗုံး ၁ လုံး၊ ကျည်လွဲအဆောင် ၁ ခု၊ မှတ်ပုံတင် ၁ ခု၊ စစ်မှုထမ်းထောက်ပံငွေ ကောက်ခံသည့် စာရင်းစာအုပ်များကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အုပ်ချုပ်ရေးမှူး အောင်ဝင်းသည် စစ်ကောင်စီ ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ သွားလာနေသည့် လမ်းများ ဟုဆိုကာ ပြည်သူများ အသုံးပြုနေသည့် ကျေးရွာချင်းဆက်လမ်းများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့အား ဘူဒိုဇာဖြင့် ဖျက်ဆီးခိုင်းခြင်း၊ တော်​လှန်​ရေးတပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များ​ကို အကြမ်းဖက် စစ်တပ်ထံ ထောက်​လှမ်း​သတင်းပို့ခြင်း၊ စစ်တပ် အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံပေးခြင်း၊ ဒေသပြည်သူ များကို အကြမ်းဖက် စစ်တပ်က ထုတ်ပေးထားသည့် လက်ပစ်ဗုံးပြ၍ လက်နက်အားကိုးဖြင့် ဖိနှိပ်ဒုက္ခပေးနေသောကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *