လည်ချောင်းနာ၊ နှာစေးနှာပိတ်၊ နောက်ကျောတက်ခြင်း၊ ရောင်ရမ်းခြင်းတို့အတွက် ကြက်သွန်မြိတ်

လည်ချောင်းနာ၊ နှာစေးနှာပိတ်၊ နောက်ကျောတက်ခြင်း၊ ရောင်ရမ်းခြင်းတို့အတွက် ကြက်သွန်မြိတ်

ကြက်သွန်မြိတ်အသုံးဝင်ပုံ

ကြက်သွန်မြိတ်ဟာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့လိုပဲ Alliaceae အနွယ်ဝင်ဖြစ်ပါတယ်။ ကြက်သွန်မြိတ်ရဲ့ အာဟာတန်ဖိုးဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့နဲ့ ဆင်တူပါတယ်။

ဟင်းလျာတွေထဲ ထည့်စားလေ့ရှိတဲ့ ကြက်သွန်မြိတ်မှာအောက်ပါ ဆေးဖက်ဝင် အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

spfmyanmar

(၁) သွေးကြောနံံရံတွေကို အကာအကွယ်ပေးပါတယ် ကြက်သွန်မြိတ်ထဲမှာ Kaempferol လို့ခေါ်တဲ့ ဖလေဗိုးနွိုက်တစ်မျိုး သိသိသာသာ ပါဝင်ပါတယ်။ ဒီဖလေဗိုးနွိုက်ဟာ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်တဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။

သွေးကြောတွေကို ကျယ်စေပြီး အနားရစေတဲ့ နိုက်ထရစ်အောက်ဆိုက်ထုတ်လုပ် မှုကို တိုးစေတဲ့ အစွမ်းလည်း ရှိတာကြောင့် သွေးကြောတွေကျန်းမာစေပြီး သွေးတိုး ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၂) ဖောလိတ်ဓာတ်ကို ရရှိစေပါတယ် ဖောလိတ်ရဲ့ Bioactive ပုံစံတစ်မျိုးဖြစ်တဲ့ 5-methyltetrahydrofolate ဟာ ကြက်သွန်မြိတ်ထဲမှာ ပါဝင်ပါတယ်။

ဖောလိတ်ဟာ ကိုယ်ဝန် ဆောင်ချိန်အတွင်း အရေးကြီးတဲ့ ဓာတ်တစ်မျိုး ဖြစ်ရုံသာမက သွေးထဲက ဟိုမိုစစ်စတင်းအဆင့်ကိုလည်း လျော့နည်းစေပါတယ်။

ဟိုမိုစစ်စတင်းအဆင့်များရင် ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှု ဖြစ်နှုန်းကို တိုးစေရုံသာမက နှလုံးသွေးကြောကျဉ်းရောဂါလို နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

သင်စားတဲ့ အစာထဲ ကြက်သွန်မြိတ်ထည့်စားရင် သွေးတွင်း ဟိုမိုစစ်စတင်းအဆင့်ကို လျော့ကျစေပြီး နှလုံးနဲ့ သွေးကြောတွေ ကျန်းမာအောင်အကာအကွယ်ပေးပါတယ်

(၃) အင်တီအောက်ဆီးဒင့် တစ်မျိုးလို လုပ်ဆောင်ပါတယ် ကြက်သွန်မြိတ်မှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ပိုလီဖီနော ပါဝင်တာကြောင့် နာတာရှည်ရောဂါနဲ့ အိုမင်းမှုကို ဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်ကို တွန်းလှန်ပေးနိုင်ပါတယ်။

ကြက်သွန်မြိတ်မှာ ပါဝင်တဲ့ Gallic Acid ပမာဏဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာထက် ပိုများပါတယ်။

(၄) နာတာရှည် ရောင်ရမ်းမှုကြောင့် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ် ကြက်သွန်မြိတ်ဟာ ကြက်သွန်နီနဲ့ ကြက် သွန်ဖြူတွေလောက် နာမည်မကြီးပေမယ့် နာတာရှည်ရောင်ရမ်းတဲ့ အခြေအနေကိုတော့ တွန်းလှန်နိုင်ပါတယ်။

နာတာရှည်ရောင်ရမ်းမှုကြောင့် ဆီးချို ရောဂါ၊ အဝလွန်တာနဲ့ ရိုးဆစ်ရောင်ရမ်းနာတို့ ဖြစ်နိုင်ပါတယ်။ ကြက်သွန်မြိတ်မှာ ပိုလီဖီနောနဲ့ Kaempferol တို့ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၅) ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရရှိပါတယ် ကြက်သွန်မြိတ်မှာ ဗီတာမင်စီ၊ B6၊ ဗီတာမင်ကေတို့အပြင် မဂ္ဂနိစ်နဲ့ သံဓာတ်တို့လည်း ကောင်းစွာ ပါဝင်ပါတယ်။

ဗီတာမင်စီဟာအနာကျက်စေပြီး ကော်လာဂျင် ဖြစ်ပေါ်စေပါတယ်။ ဗီတာမင် B6 ဟာ စွမ်းအင်သုံးစွဲရေးအတွက် အရေးပါ ပါတယ်။

ဗီတာမင်ကေက သွေးခဲမှု၊ အရိုးနဲ့ တွယ်ဆက်တစ်သျှူး တည်ဆောက်မှုတို့အတွက် အရေးပါပါတယ်။ မဂ္ဂနိစ်ဟာ ခန္ဓာကိုယ်ထဲက တုံ့ပြန်မှုတိုင်းအတွက်ကိုအင်ဇိုင်း အနေနဲ့ လုပ်ဆောင်သလို သံဓာတ်ဟာ ဟေမိုဂလိုဘင် ဖြစ်ပေါ်ရေးအတွက် အရေးပါပါတယ်။

(၆) နှလုံးကို ကာကွယ်ပေးပါတယ်လေ့လာမှုတချို့အရ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့လို Allium အနွှယ်ဝင် ကြက်သွန်မြိတ်ဟာ သွေးဖိအားကို အနည်းငယ် လျော့ကျစေပြီး သွေးခဲဖတ် ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးတာကြောင့် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ သိရပါတယ်။

သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LDL ကိုလည်း လျော့ကျစေပါတယ်။

(၇) အဆီကင်းပြီး ကယ်လိုရီနည်းပါးပါတယ် ကြက်သွန်မြိတ်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး အဆီမပါတာကြောင့် ခါးအတိုင်း အတာ လျော့ကျလိုသူတွေ အနေနဲ့ ဟင်းလျာအရသာတိုးအောင် ကြက်သွန် မြိတ် အနည်းငယ် ထည့်သင့်ပါတယ်။

ဒါဆိုရင် ဆား၊ ထောပတ် စတဲ့ အရာတွေ ထပ်ထည့်ဖို့ တေမလိုဘဲဟင်းလျာတွေ ကျန်းမာရေးနဲ့ ညီညွတ်ကာ အရသာရှိနေပါလိမ့်မယ်။

ကြက်သွန်းမြိတ်ကို အသုံးပြုနိုင်သော နည်းလမ်းများ

လည်ချောင်းနာကျင်ခြင်းများအတွက် ကြက်သွန်မြိတ်ကို အစိတ်အပိုင်းလေးတွေ လှီးဖြတ်ထားပြီး ရေနွေးပြုတ်၍ သောက်သုံးပေးပါ။

တစ်ခါတစ်ရံ ကြက်သွန်မြိတ်၊ ဂျင်း၊ ဆား အနည်းငယ် ထည့်ပြိ။းလည်း သောက်သုံးနိုင်ပါတယ်။

ရင်ဘတ်အောင့်ခြင်း၊ ခြေဖဝါး နာကျင်ခြင်း၊ နောက်ကျောနာကျင်ခြင်းများအတွက်ရေနွေးအိတ်ထဲသို့ ကြက်သွန်မြိတ် ထည့်ပြီး ကပ်ပေးနိုင်ပါတယ်။

ဒါမှမဟုတ် အဝတ်စထဲသို့ကြက်သွန်မြိတ်များ လှီးဖြတ်ထည့်ကာ ရေနွေးပူပေးပြီး အသုံးပြုနိုင်ပါတယ်။

ခြေထောက် ရောင်ရမ်းခြင်းများအတွက်ကြက်သွန်မြတ်ကို ရေနွေးဖြင့် မိနစ်အနည်းငယ် ကျိုချက်ပြီး ခြေထောက်ကို ကပ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းလေးကို လ ွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုကြပါတယ်။

နှာပိတ်ခြင်း နှာစီးခြင်းအတွက်ကြက်သွန် မြိတ်ကျိုချက်ထားသော အရည်ကို နှာခေါင်းထဲသို့ ဂွမ်းဖြင့် ထည့်ပေးပါ။ ဒါမှမဟုတ် ဒီဂွမ်းကို နှာခေါင်းအဝတွင် ထားပေးပါ။

Credit Justlife

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *