ချွဲသလိပ်ထခြင်းအတွက် အိမ်တွင်းကုသနိုင်သည့်နည်းလမ်းများ
အအေးမိရောဂါခံစားရပြီးအဆုတ်နဲ့ လည် ချောင်းအတွင်း ချွဲသလိပ်တွေ ကျန်ရစ်ခဲ့တတ်ပါတယ်။
ချွဲသလိပ်တွေ လည်ချောင်းနဲ့ အဆုတ်အတွင်း ရှိနေတာကြောင့် လည်ချောင်းရှင်းဖို့အနေနဲ့ တဟွတ်ဟွတ်
ချောင်းဆိုးနေတာ၊ အသက်ရှူရခက်ခဲတာနဲ့ရင်ကျပ်တာတွေဖြစ်လာပါတယ်
ချွဲသလိပ်တွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ဒါမှမဟုတ်ရောဂါပိုးကိုတွန်းလှန် တိုက် ထုတ်ဖို့ ထွက်လာတဲ့ ရောင်ရမ်းမှုဖြစ်စဉ် ဆဲလ်တွေ ပါပါတယ်။
ချွဲသလိပ်ထတာဟာ အအေးမိ၊ တုပ်ကွေး၊ လေပြွန်ရောင်နာတွေကြောင့်အပြင်ရင် ကျပ်ပန်းနာနဲ့ Hay Fever လိုမျိုး ဓာတ်မတည့်တုံ့ပြန်မှုဖြစ်တာ၊ အသံအိုးပျက်စီးတာနဲ့ ဆေးလိပ်အလွန်အကျွံ သောက်တာကြောင့်လည်း ချွဲသလိပ်ထတတ်ပါတယ်။
ချွဲသလိပ်ထတာကို အချိန်မီ မကုသခဲ့ရင် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းနေရာမှာ ထပ်ဆင့်ရောဂါကူးစက်ခံရနိုင်ပါတယ်
အောက်ပါတို့ဟာ ချွဲသလိပ်ထတာတွေအတွက် အိမ်တွင်းကုသနိုင်တဲ့ နည်းလမ်းတွေမို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး အသုံးပြုပါ။
၁။ ရေနွေးငွေ့ရှူခြင်း
ရေနွေး ငွေ့ရှူတာက သလိပ်ပျော်ဖို့အ တွက် အကောင်းဆုံးသော နည်းလမ်းပါ။ ရေနွေးနဲ့ တစ်နေ့ နှစ်ကြိမ် ရေချိုးပေးပါ။
အလုံပိတ်ထားတဲ့ ရေချိုးခန်းထဲမှ ဘုံဘိုင်ခေါင်းကို အပူချိန် အပူဆုံးနေရာကို လှည့်ပြီး ၁၀ မိနစ်ခန့်ထားကာ ရေနွေးငွေ့ကိုရှူနေပါ။
ရေချိုးခန်းကထွက်အပြီးမှာတော့ ခန္ဓာ ကိုယ်တစ်ကိုယ်လုံးကို အစိုဓာတ် ထိန်းခရင်မ်လိမ်းပေးဖို့တော့ လိုအပ်ပါတယ်။
နောက်တစ်နည်းကတော့ ဇလုံကြီးကြီးတစ်ခုထဲမှာ ရေနွေးထည့်ထားပါ။သင့်ဦးခေါင်းကို မျက်နှာသုတ်ပဝါနဲ့ အုပ်ပြီး ဇလုံထဲက ထွက်လာတဲ့ ရေနွေးငွေ့ကို ၅-၁၀ မိနစ်ခန့် ရှူပေးပါ။
အဆုတ်အတွင်းမှ သလိပ်ခဲတွေ ပျော်ဝင်သွားတဲ့အတွက် အလွယ်တကူ ဟက်ထုတ်နိုင်ပါတယ်။
၂။ ဆားရည်ဖြင့် ပလုတ်ကျင်းခြင်း
ဆားရည်ထဲမှ ရေနွေးက လည်ချောင်းယားတာကို သက်သာစေနိုင်ပြီး ဆားက ဘက်တီးရီးယားတွေကို ဖျက်ဆီးနိုင်တာမို့ သလိပ်အထွက်နည်းသွားနိုင်ပါတယ်။
ဖန်ခွက်တစ်ခွက်စာရေနွေးထဲကိုလက်ဖက် ရည်ဇွန်းတစ်ဝက်စာဆားထည့်ဖျော်ပြီး အဲ ဒီအရည်နဲ့ မကြာခဏပလုတ်ကျင်းပေးပါ။
၃။ ရှောက်ရည်အသုံးပြုခြင်း
ရှောက်ရည်ဟာလည်း သလိပ်ပျော်ဝင်ဖို့အတွက် အလွန်ကောင်းမွန်ပါတယ်။ ရှောက်ရည်ဟာ ဘက်တီးရီးယားကို တွန်း လှန်နိုင်တဲ့ ဂုဏ်သတ်္တိရှိပါတယ်။
ဒါ့အပြင်ရောဂါပိုးကိုခုခံနိုင်စွမ်းပိုမိုကောင်းမွန်နိုင်တဲ့ ဗီတာမင်စီလည်း များစွာ ပါဝင်ပါတယ်။
လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ ရှောက်ရည်၊ ပျားရည် စားပွဲဇွန်းတစ်ဇွန်းစာကို ရေနွေးတစ်ခွက်နဲ့ ဖျော်ပြီး တစ်နေ့ကို အနည်းဆုံး သုံးကြိမ်သောက်ပေးပါ။
နောက်တစ်နည်းကတော့ ရှောက်သီးကို အကွင်းလိုက်လှီးပြီး ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်စီ ဖြူးကာ တစ်နေ့ နှစ်ကြိမ် သုံးကြိမ်ခန့် စုပ်စားနိုင်ပါတယ်။
၄။ ချင်းဖျော်ရည်သောက်ခြင်း
ချင်းဟာ လည်ချောင်းနဲ့ အသက်ရှူလမ်း ကြောင်းအတွင်းမှ ရောဂါပိုးတွေကို တွန်း လှန်ဖို့အတွက် အသုံးဝင်ပါတယ်။
ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားကိုတွန်းလှန်နိုင်တဲ့အပြင် သလိပ်ပျော်စေတဲ့ ဂုဏ်သတ်္တိလည်း ရှိတဲ့အတွက် ချွဲသလိပ်ပွသူတွေအနေနဲ့ ချင်းကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။
လှီးဖြတ်ပြီးသား ချင်းစားပွဲဇွန်းတစ်ဇွန်းစာကို ရေနွေးတစ်ခွက်နဲ့ မိနစ်အနည်းငယ်စိမ်ကာ ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ ထည့်ပြီး သောက်ပေးပါ။
၅။ နနွင်းအသုံးပြုခြင်း
နနွင်းကလည်း သလိပ်များများ ထွက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖျက်ဆီးနိုင်တဲ့ ဂုဏ်သတ်္တိရှိပါတယ်။
ဒါ့အပြင်ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
နွားနို့ပူပူတစ်ခွက်ထဲ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ နနွင်းမှုန့်ထည့်ပြီး နံနက်အိပ်ရာထ တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ်သောက်ပေးပါ။
၆။ ကြက်စွပ်ပြုတ်သောက်ခြင်း
ကြက်စွပ်ပြုတ်ပူပူနွေးနွေးက အသက်ရှူလမ်းကြောင်းအတွင်း အစိုဓာတ် ရရှိစေပြီး သလိပ်ခဲတွေကို ပျော်ဝင်စေနိုင်ပါတယ်။
လည်ချောင်းယားတာကိုလည်း သက်သာစေနိုင်တဲ့အတွက် တစ်နေ့ကို အနည်းဆုံး ကြက်စွပ်ပြုတ် နှစ်ကြိမ် သောက်ပေးပါ။ ကြက်စွပ်ပြုတ်ထဲ ချင်းနဲ့ ကြက်သွန်ဖြူ ထည့်ပေးပါက ပိုမို အကျိုးရရှိနိုင်ပါတယ်
၇။ ပျားရည် အသုံးပြုခြင်း
ပျားရည်ဟာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ်္တိရှိတာကြောင့်လည်ချောင်းယားတာသက် သာ ဖို့နဲ့ သလိပ်အထွက်နည်းဖို့အတွက် အလွန်အသုံးဝင်ပါတယ်။
ဒါ့အပြင် ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်တာကြောင့်ရောဂါပိုးကိုမြန်မြန်ဆန်ဆန် တွန်းလှန်နိုင်ပါတယ်။ စားပွဲဇွန်းတစ်ဇွန်းစာ ပျားရည်ကို ရေနွေးပူပူတစ်ခွက်နဲ့ ရောစပ်ပြီး မကြာခဏ သောက်ပေးပါ။
ငရုတ်ကောင်းမှုန့် ဖြူးပြီးလည်း သောက်သုံးနိုင်ပါတယ်။
၈။ ကြက်သွန်နီ အသုံးပြုခြင်း
ကြက်သွန်နီဟာလည်း ပဋိဇီဝဆေး၊ ရောင်ရမ်းမှုပျောက်ဆေးနဲ့ ချွဲသလိပ်ပျော်ဆေးအဖြစ် အလွန်အသုံးဝင်ပါတယ်။
ခုခံအားစနစ်ကို မြှင့်တင်နိုင်တဲ့အတွက် အနာကျက်နှုန်းလည်း မြန်စေပါတယ်။
ကြက်သွန်နီကို ရေဆေးကြောပြီး နုပ်နုပ် စဉ်းပါ။
ပြီးရင်စားပွဲဇွန်းနှစ်ဇွန်းစာ သကြားနဲ့ရောကာနာရီဝက်ခန့်ထားပေးပါက အ ရည်ပျော်သွားနိုင်ပါတယ်။ရလာတဲ့အရည် စားပွဲဇွန်းတစ်ဇွန်းစာကိုသုံးနာရီခြား သောက်ပေးပါ။
၉။ မုန်လာဥနီဖျော်ရည်သောက်ခြင်း
မုန်လာဥနီကလည်းသလိပ်ထွက်တာအ တွက် အလွန်ထိရောက်မှုရှိပါတယ်။ သူ့မှာ ပါဝင်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဗီတာမင် စီ က ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။
မုန်လာဥနီ လေး၊ ငါးလုံးကို ကြိတ်ပြီး ပျား ရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ၊ ရေ အနည်းငယ်နဲ့ဖျော်ကာတစ်နေ့လုံး သောက်ပေးပါ။
အထက်ပါနည်းလမ်းတွေက ချွဲသလိပ် ပြဿနာအတွက် အလွန်ကောင်းမွန်ပါတယ်။ သင့်သလိပ်ထဲမှာ သွေးပါတာ ဒါမှမဟုတ် သလိပ်က အဝါရောင်၊ အစိမ်းရောင် ဖြစ်နေပါက ဆရာဝန်နဲ့ ပြပါ။
Credit:ဒေါက်တာခင်မိုးမိုး