အချိန်လွန်မှ ဆွမ်းတော် စွန့်ခြင်း

အချိန်လွန်မှ ဆွမ်းတော် စွန့်ခြင်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤

အရှင်ဘုရားတပည့်တော်မမေးချင်တာလေးရှိလို့ပါဘုရား
အရှင်ဘုရားဖြေပေးမယ်ဆိုရင် တကယ်ကို ဝမ်းသာမိမှာပါဘုရား။
တပည့်တော်မတို့ကအလုပ်ကို မနက်အစောကြီးသွားညမိုးချုပ်မှပြန်ရောက်ပါ
တယ်ဘုရား။

အလုပ်မသွားခင်မှာ ဆွမ်းတော်နဲ့သောက်တော်ရေချမ်းကိုအမြဲကပ်လှူပါတယ်။
ညမိုးချုပ်ပြန်ရောက်မှပဲစွန့်ရပါတယ်ဘုရား။
အဲ့ဒီ့အတွက်တပည့်တော်မစိတ်ထဲမတင်မကျဖြစ်မိပါတယ်။
ပြန်ရောက်မှစွန့်ရတဲ့အတွက်ကုသိုလ်မရ ငရဲရမှာကြောက်ပါတယ်ဘုရား။
မိုးချုပ်မှစွန့်ကောင်းလား။မစွန့်ကောင်းလားသိချင်ပါတယ်ဘုရား။
(ပန်းအိမ် စံ )
.
.

လူတွေမှာ ရှစ်ပါးသီလဆောက်တည်ထားပါလျှင် ညစာမစားရပါဘူး။
ထို့ကြောင့် မြတ်စွာဘုရားရှင်ကို ဆွမ်းတော်တင်တာကောင်းပါတယ်။
ဒါပေမယ့် ၁၂နာရီမကျော်ခင်စွန့်ပါလို့ အကြံပြုပါတယ်။
ကိုယ်တိုင်မစွန့်နိုင်ပါလျှင် အိမ်မှာရှိသူတစ်ဦးဦးအား စွန့်ခိုင်းစေချင်ပါတယ်။
သို့မဟုတ် ရုံးမသွားခင် အရုဏ်ဖြစ်ဖြစ်သော်လည်းကောင်း၊ ချက်ပြုတ်ပြီးစီး
လျှင်သော်လည်းကောင်း ဆွမ်းတော်တင်ပြီး ရုံးသွားခါနီးစွန့်နိုင်ပါတယ်။
ဒကာမ။ ညနေထိတော့ မထားကောင်းပါ။



အရုဏ်ဆွမ်းကပ်လျှင်လည်း အရုဏ်တက်မှသာ ကပ်ကောင်းပါ၏။
အရုဏ်မတက်ဘဲကပ်ပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်ပါသည်။
အရုဏ်တက်ချိန်က လစဉ်ပြောင်းလဲလေ့ရှိသဖြင့် အနည်းဆုံး
လစဉ်နံနက် ၅း၃၀လောက်ကပ်မှ သင့်တော်မည်ဖြစ်ပါသည်။
၄း၃၀ ၄း၄၀ ၅နာရီစသည်ဖြင့် အရုဏ်တက်ချိန် လစဉ်ပြောင်းလဲလေ့
ရှိသည်ကို သတိပြုအပ်၏။

ထိုကြောင့် မယုတ်မလွန် လစဉ်နံနက်(၅း၃၀)နာရီဆိုပါလျှင် ကပ်မည်ဆိုပါက
လစဉ်လတိုင်း အဆင်ပြေမည်ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် အကယ်၍ (၄း၃၀)ကို လစဉ်လတိုင်းကပ်မည်ဆိုပါက (၅)နာရီ၊ (၅း၁၀)နာရီ စသည့်ဖြင့် အရုဏ်တက်သည့်လများတွင် ကိုယ်က (၄း၃၀)လစဉ်လတိုင်းကပ်မိပါက ညဆွမ်းလိုဖြစ်ပြီး အပြစ်ဖြစ်နိုင်သော
ကြောင့်ဖြစ်ပါသည်။
.
အချုပ်အားဖြင့်

နေ့ဆွမ်းဆိုလျှင်
နေ့လည်၁၂နာရီမထိုးခင်စွန့်သင့်ပြီး

အရုဏ်ဆွမ်းဆိုပါလျှင်
​​ေရှ့လွတ်၊နောက်လွတ်(၅း၃၀)နာရီလောက်ကပ်သင့်ကြောင်း

ဖြေကြားလိုက်ပါသည်။

သစ်သီးဆွမ်းများကိုလည်း ထိုနည်းအတူမှတ်ပါ။
ရှေးက မသိခဲ့လို့ မစွန့်မိတာကို စိတ်ထဲ စွဲလန်းမထားဘဲ
ယခုသိလိုက်သည့်အချိန်တွင် နောက်မလုပ်မိအောင်သာ ဂရုစိုက်ပါ။

သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ
တစ်လုံးတစ်ဝတည်းပြည့်ဝပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်

Be the first to comment

Leave a Reply

Your email address will not be published.


*