ဗုဒ္ဓဘာသာသည် အသိ , အကျင့်
နှစ်မျိုး ဦးဆောင်သည် ..။
ဒုတိယ – ကျင့်သုံးဖို့လိုသည် ။
တတိယ – အကျိုးရရှိဖို့ဖြစ်သည် ..။
ဤသညကြို ..
ပရိယတ္တိ – ( စျာန်,မဂ်,ဖိုလ်,နိဗ္ဗာန်ရရေး စည်းကမ်းများ )
ပဋိပတ္တိ – ( ကျင့်ကြံပွားများမှု )
ပဋိဝေဒ – ( ဈာန် ,မဂ် ,ဖိုလ်, နိဗ္ဗာန် ရရေးတို့ ဖြစ်သည် )
ဟု ခေါ်လေသည် ..။
မြတ်စွာဘုရားသည် ရတနသုတ်၌ ဤသို့ ဟောထားသည်
“မြေကြီးထဲ၌ အလွန်ခိုင်ခံ့ မြဲမြံအောင် စိုက်ထားသော
တံခါးတိုင်ကြီးသည် အရပ်လေးမျက်နှာမှ လေပြင်း
မုန်တိုင်းများ လှုပ်ရှားစေခြင်းငှာ မတတ်နိုင်သကဲ့သို့
မဂ်ဥာဏ်ဖြင့် အရိယာသစ္စာတို့ကို သိမြင်သော
သောတာပန်ပုဂ္ဂိုလ်မြတ်ကို ထိုတံခါးတိုင်နှင့်
တူသောပုဂ္ဂိုလ်ဟူ၍ ငါဘုရားဟောတော်မူ၏ ..။
ဤသည် သောတာပန်ပုဂ္ဂိုလ်၏ ဂုဏ်ရည်ဖြစ်သည် ..။
သောတာပန်ပုဂ္ဂိုလ်တို့သည် ရတနာသုံးပါးမှ တစ်ပါး
အခြားသူတို့အား မျက်နှာ မော်မကြည့်တော့ပေ
ရတနာသုံးပါး အပေါ် မတုန်မလှုပ် ကြည်ညိုကြလေ၏
ယုံကြည်မှုမှာ ခိုင်မာ၏ မည်သူမျှ လှည့်စား၍ မရ
ဖြားယောင်းသွေးဆောင် မရပေ ..။
ပြောလိုရင်းက ရတနာသုံးပါး အပေါ် မတုန်မလှုပ်
ကြည်ညိုနိုင်ဖို့ဆိုတာ “သဒ္ဓါ ပညာ”ခိုင်ခံ့ဖို့လိုသည်
ထိုကဲ့သို့ ခိုင်ခံ့ပါမှ ဘုရားအပေါ် လေးစားလာမည်
ယုံကြည်လာမည် ၊ အားကိုးလာမည် ဖြစ်သည် ..။
ဗုဒ္ဓဘာသာဝင်တွေ မြတ်စွာဘုရားကို ရှိခိုးတယ်ဆိုတာ
လေးစားစရာ ဂုဏ်တော်တွေ ရှိလို့ ရှိခိုးခြင်းဖြစ်သည် ။
ပစ္စည်းတိုးဖို့ ၊ ရာထူတိုးဖို့ ၊ လာဘ်ရွှင်ဖို့ ၊ ဘေးကင်းဖို့ ၊
အတွက်နဲ့တင် ရှိခိုးတာ မဟုတ်ပေ (မဖြစ်သင့်ပေ)။
အမှန်က ..
ပရိတ်တို့ ၊ ပဋ္ဌာန်းတို့ ၊ မဟာသမယသုတ် စသည်တို့ကို
ရွတ်ဖတ်ရုံ သက်သက်နဲ့တင် ဟောခဲ့ခြင်း မဟုတ်ပေ ..။
ပြုကျင့်ဖို့အတွက်သာ ဟောခဲ့ခြင်းဖြစ်သည် ..။
မိုးကုတ်ဆရာတော်ကြီး မိန့်သလိုပေါ့ ..
“ဘုရားက သိဖို့ ၊ ကျင့်ဖို့ ဟောခဲ့တာ
ခင်ဗျားတို့က ခလေး စာပြန်သလို
အော် ဆိုတော့ အဲ့မှာ စလွဲတော့တာပဲ ..ဟု
ဆုံးမသတိပေးခဲ့သည် ..။
အကျင့်ပါမှ အကျိုးပေါ်မည် ။
ပရိတ် ၊ ပဋ္ဌာန်း ၊ မဟာသမယသုတ် စတဲ့
ဘုရားဟော ပါဠိတော်တွေ ရွတ်ဆိုရုံသက်သက်နဲ့တော့
ကိုဗစ်ရောဂါကာကွယ်နိုင်သည်ဟု မည်သူမျှ
အာမ မခံပေ ..။
ဘုရားက ရွတ်ဆိုဖို့ သက်သက် ဟောခဲ့တာ မဟုတ်
လိုက်နာ ကျင့်သုံးဖို့သာ ဟောခဲ့သည် ..။
အကျင့် မပါပဲနဲ့တော့ အကျိုးကို မမျှော်သင့်ပေ ..။
အကျိုးကို ရလိုပါက
ကျင့်မှရသည် ကျင့်ပါက …
“အကာလိကော – အခါမလင့် လက်ငင်း အကျိုးပေးမည်” ဟု မြတ်စွာဘုရား အာမခံထားသည် ..။
ရွတ်ဖတ်ရုံ သက်သက်နဲ့တော့
“အကာလိကော – ဟု ဘုရားမဟောပေ ..။
《》#ပြောလိုရင်းက..
ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုင်းခြင်း ဟူသည်
ဘုရားမှာ လေးစားစရာ ပူဇော်စရာ ဂုဏ်တော်
အမြောက် အများ ရှိလို့ ရှိခိုးသည် ..။
တရားတော်တွေ ဟောပြပေး လမ်းညွန်ပေးလို့
ကျေးဇူးတော်တွေ အလွန်များလို့ ရှိခိုးသည် ..။
ကိလေသာ အလွန် စင်ကြယ်လွန်းလို့ ရှိခိုးသည် ..။
(ဘယ .လာဘ .ကုလ )
ကြောက်လို့ ,လာဘ်လာဘ လိုချင်လို့ ,
မျိုးရိုးစဉ်ဆက်ကြောင့် ကိုးကွယ်လို့ ,
ကိုးကွယ်တာမျိုး မဟုတ်ပေ (မဖြစ်သင့်ပေ) ..။
ဘုရားရှိခိုးခြင်း၏ ရည်ရွယ်ချက်သည်
“သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်ဖို့”
ရှိခိုးခြင်းဖြစ်သည် ..။
( သဒ္ဓါ . ပညာ ခိုင်မြဲပါစေ )