ရေချိုးခြင်းနှင့်ကျန်းမာရေး

နေ့လည် ၁၂ နာရီ မတိုင်ခင်

ရေချိုးတာ အကောင်းဆုံးပါ။

တနေ့ ( ၂ ) ကြိမ် ရေချိုး သူတွေ

ဆင်ခြင်သင့်ပြီ။

အိမ်ထောင်သည် အများစုက

တနေ့ ( ၂ ) ကြိမ် ရေချိုးကြတာ

များပါသည်။

ဆောင်းဥတုတွင် ဒက္ခိဏ ခေါ်

တောင်ဝင်ရိုးစွန်း မှ နေထွက်သည်။

ကမ္ဘာနှင့် ဝေးကွာလှသဖြင့်

နေထွက်ချိန် နောက်ကျသည်။

နေနှင့် ဝေးသဖြင့်

တေဇောဓာတ် အရ နည်းသည်။

ထိုအခါ တေဇောဓာတ်ကို

ကြောက်ရွံ့သော အဖျားပိုးတို့

ထကြွ ကြလေသည်။

ရောဂါပိုး အတော်များများသည် နေရောင်ခြည်ကို ကြောက်ကြသည်။

နေရောင်ခြည်တွင် သေကြသည်။

ပူမှု အေးမှု တေဇောပြုသည်။

တေဇောယုတ်က ရောဂါ ရသည်။

တေဇောသည်

သက်စောင့်ဓာတ် ဖြစ်သည်။

သင်နေထိုင်သောအိမ်သည်

နံနက်ခင်းနေရောင်ခြည် မရရှိလျှင် သင်၏ အိမ်သားများသည်

မကြာခဏ ဖျားနာ ကြလိမ့်မည်။

နေရောင်ခြည်က သင့်အိမ်သို့ မလာလျှင် သင်သည် နေရောင်ခြည်ရှိရာသို့

သွားရ လိမ့်မည်။

မနက်ခင်း နေရောင်ခြည်ကို

နာရီဝက်ခန့် ခံယူလိုက်ယုံဖြင့်

သင့်အတွက် တနေ့တာ လုံလောက်သော တေဇောဓာတ်ကို ရရှိပြီး ဖြစ်ပေသည်။

ငွေမကုန်သော ဆေးတပါးမှာ နေရောင်ခြည်ပင် ဖြစ်ပေသည်။

မနက်ခင်းတွင် ရေကူးကန်စသည် တွင် နေရောင်ခြည် ခံ၍ ရေချိုးရခြင်းသည် အထူး ကျန်းမာစေသည်။

ဆောင်းတွင်

မနက် (၁၁) နာရီ ထက် စောစော

ရေချိုးခြင်းသည် အကောင်းဆုံးဖြစ်သည်။

ကျန်းမာသူ လူငယ်များအတွက်

မနက်စောစောကပင်

ရေချိုးနိုင်သော်လည်း

အသက်ကြီးပိုင်း လူကြီးများမှာ

ရေချိုး ဆင်ခြင်ရမည်။

ဆောင်း ၁၀ ၊ နွေ ၉ ၊ မိုး ၁၁ ၊ ဆိုသောစာချိုး အတိုင်းသာ ရေချိုးသင့်သည်။

ဆောင်း ( ၁၀ ) နွေ (၉) မိုး (၁၁)

လူကြီးများ အတွက် ရေချိုးချိန်

ဖြစ်ပါသည်။

မိမိကိုယ်မိမိ ကျနိးမာသည်ဟု ညနေ(၆)နာရီ အလုပ်မှ ပြန်လာပြီး ရေချိုးသူ လူငယ် ကုမ္ပဏီဝန်ထမ်း

တစ်ဦးမှာ လွန်ခဲ့သောရက်ပိုင်းက

ဖျားလာပြီး အနားမယူ ခွင့်မရသဖြင့် အလုပ်သွားခဲ့ပြီး နောက်ရက်တွင်

ကပ်ပိုး ကူးစက်မှုခံရသည်ဟု

သိရှိရသည်။

သူ့အိမ်ရှိ လူကြီးများမိသားစုများပါ နေအိမ်အပြင် ထွက်ခွင့်မရ

စောင့်ကြည့်ခြင်း ခံကြရသည်။

ညနေဖက် နေဝင်ချိန်ရေချိုးခြင်းကို

ရှေးဆရာကြီးများက

ကန့်ကွက်ကြသည်။

ကျန်းမာရေးအတွက် ခွင့်မပြုကြပေ။

ရေချိုးမှားသည် ဆိုခြင်းမှာ

ညနေနှင့် ညပိုင်း ရေချိုးသူများတွင် အဖြစ်များသည်ကို တွေ့ရသောကြောင့်ဖြစ်သည်။

ရေချိုး ဆင်ခြင်ခြင်းသည်

မမှားသောအရာ ဖြစ်သည်။

ညနေဖက် ရေမချိုးခြင်းသည် အကောင်းဆုံး ဖြစ်မည် ထင်ပါသည်။

မလွဲမရှောင်သာ၍ ချိုးရမည် ဆိုလျှင်လည်း လျှင်မြန်စွာ ချိုးပါ။

ရေနွေးစပ်ပြီး ချိုးပါ။

ရေချိုးပြီးလျှင် တေဇောဓာတ်ရစေရန် ချင်းပြုပ်ရည် ပူပူလေး၊ (သို့မဟုတ် ) ချင်းတက်ကိုပါးပါးလှိး

ရေနွေးမတ်ခွက်တလုံးမှာ စိမ်ထားပြီး အုပ်ထားပြီး ကော်ဖီတခွက်စာ ခန့်သောက်ပေးပါ။

ရာသီဥတုဆိုးသော အချိန်။

အဖျားအနာထူသောအချိန်များတွင် ချင်း၊ ထန်းလျက်ပြုပ်ရည် သို့မဟုတ် ကွမ်းရွက်ပြုပ်ရည်ကို မိသားစုလိုက် သောက်သုံးခြင်းဖြင့် အဖျားရောဂါများ ကူးစက်ခြင်းဘေးမှ ကာကွယ်နိုင်ကြောင်း တင်ပြ လိုက်ရပါသည်။

ရောဂါဘေးအပေါင်းတို့မှ

ကင်းဝေးကြပါစေ•••

#စာပေနဲ့လူဘဝ

💘#Credit

Be the first to comment

Leave a Reply

Your email address will not be published.


*