လူချစ်လူခင်များတဲ့
သူတွေလုပ်လေ့ရှိတဲ့
အကျင့် { ၉ } မျိုး
သူတို့တွေက သင်စကား ပြောနေရင် ဘယ်တော့မှ ဖြတ်ပြောလေ့ မရှိပါဘူး။ သင့်ခံစားချက်တွေကို
အမှန်တကယ်စိတ်ရင်းနဲ့
သေသေချာချာကို နားထောင်ပါတယ်။
သင်ပြောတာကို
စိတ်ရှည်ရှည် နဲ့ ပြီးဆုံးတဲ့ အထိ
နားထောင်လေ့ ရှိပါတယ်။
လှိုက်လှိုက်လှဲလှဲ ပြုံးလေ့ ရှိခြင်း
လှိုက်လှိုက်လှဲလှဲပြုံးပြခြင်းက
လူသား အားလုံးကို
နွေးထွေး စေပါတယ်။
ဒါကို သူတို့က ကောင်းကောင်းကြီးသဘောပေါက်တဲ့ အပြင်
အသုံးလည်း အသုံးချတတ်ပါတယ်။
အမိန့် ပေးသော ပုံစံဖြင့်
စကား မပြောခြင်း
သူတို့က ဘယ်တော့မှ အမိန့်ပေးတဲ့ပုံစံနဲ့စကားပြောလေ့ မရှိပါဘူး။
သူများလည်း ပြန်ပြောလို့ ရအောင် လမ်းခင်း ပေးထားပါတယ်။
သူတို့ရဲ့ အသံကိုက
နွေးထွေးမှုရှိပါတယ်။
ရယူလိုခြင်းမရှိပဲ ပေးကမ်းခြင်း
သူတို့က ဘယ်လိုတုံ့ပြန်မှုမျိုးကိုမှ
မမျှော်လင့်ပဲ
ပေးကမ်း တတ်ကြပါတယ်။
ဆင်ခြေ မများပဲ
ပျော်ရွှင်စွာ နေထိုင်တတ်ခြင်း
သူတို့က
မလိုအပ်တဲ့ အကြောင်းပြချက်တွေ
ပေးလေ့ မရှိပါဘူး
သူတို့ ဘယ်လို ပျော်ရွှင်အောင်နေရမလဲ ဆိုတာကိုပဲ ဂရုစိုက်ပါတယ်။
ဆင်ခြေတွေ အများကြီးနဲ့
ပတ်၀န်းကျင်ကို စိတ်အနှောက်အယှက် မပေးတတ်ပါဘူး။
ကတိ မမေ့တတ်ခြင်း
သူတို့က ဘယ်တော့မှကတိကို
မမေ့တတ်ပါဘူး။
ကတိထိန်းသိမ်းခြင်းကို
သူတို့ဘ၀ရဲ့အရေးအကြီးဆုံး
အရာအဖြစ် ခံယူထားပါတယ်။
မပိုင်နိုင်ပဲလည်း ကတိပေးလေ့
မရှိပါဘူး။
ပေးပြီးသားကတိလည်း
ပျက်လေ့ မရှိပါဘူး။
ခွင့်လွှတ်တတ်ခြင်း
သူတို့က စိတ်အနှောက်အယှက်
ဖြစ်စရာများကို ဘယ်တော့မှ
စိတ်ထဲအကြာကြီး ထားလေ့မရှိပါဘူး။ သူတို့ပေါ် အမှားလုပ်သူတွေကိုလည်း အလွယ်တကူ ခွင့်လွှတ်တတ်ပါတယ်။ စိတ်ကောက်ခြင်း မရှိတတ်ပါဘူး။
ရိုးသားခြင်း
သူတို့က စကားအမှန်ကိုပဲ
ပြောလေ့ရှိပါတယ်။
ဘယ်တော့မှ မဟုတ်မမှန်
လုပ်ကြံစကားမျိုး မပြောတတ်ပါဘူး သူတစ်ပါး ထိခိုက်မည့် စကားမျိုးကိုဘယ်တော့မှ ပြောလေ့ မရှိပါဘူး။
အကောင်းမြင်တတ်ခြင်း
သူတို့က အကောင်းမြင်လေ့
ရှိတတ်ကြပါတယ်။
သူတို့က သင့်အတွက် ဆိုးရွားတယ်လို့ထင်ရတဲ့ အရာတွေကိုတောင်
အကောင်းမြင်လေ့ ရှိပါတယ်။
𓂸𓂸𓂸𓂸
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်”