ဝမ်တိန်မြို့တွင်းမှာရှိတဲ့ ၆ထပ်တိုက်ပေါ်ကို တည့်တည့်ကြီးဆိုတော့…ပုပုဂျင်းကိုက်ပီဟေ့ ရုပ်သံဖိုင်

မူဆယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်တချို့ တရုတ်နိုင်ငံဘက်သို့ ကျရောက်

အောက်တိုဘာ ၂၇

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ တရုတ်နိုင်ငံဘက်သို့ ကျရောက်ကြောင်း နယ်စပ် စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် မူဆယ်မြို့နယ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ စခန်းကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ၁၂၀ မမ သည် တရုတ်နိုင်ငံဘက်ခြမ်း နယ်စပ် မြို့ထဲသို့ ကျရောက်ကြောင်း နယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“စစ်တပ်က လက်နက်ကြီးတွေနဲ့ တော်လှန်ရေးအဖွဲ့တွေရှိနိုင်မယ့်နေရာတွေကို ပစ်နေတာမှာ တရုတ်ပြည်ဘက်ကို လက်နက်ကြီး ၁ လုံးကျတယ်။

အဲဒါ တရုတ်ဘက်က လက်နက်ကြီးကျည် ကျတာကို သူတို့ လူမှုကွန်ရက်တွေ မှာလည်း တင်ထားတယ်။ လူထိခိုက်မှုတော့မရှိပေမယ့် နေအိမ်ပျက်စီးမှု တွေရှိတယ်” ဟု နယ်စပ်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။


အောက်တိုဘာ ၂၇





Be the first to comment

Leave a Reply

Your email address will not be published.


*