(ဂိုဒေါင်)ကို အုန်း ဝင်သာကြည်တော့(ရုပ်သံ)

MNDAAမှ အခြားအင်အားတစ်စု၏ တိုက်ခိုက်မှုအောက်တွင် စစ်ကောင်စီတပ်ဖွဲ့၏မန်ယန်နေရာရှိ ခဲယမ်းသိုလှောင်ခန်း(ဂိုဒေါင်)ကို ဖျက်ဆီးခဲ့ပါသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်က “တစ်နေ့အတွင်း အာဏာသိမ်း စစ်ကောင်စီနှင့် ကိုးကန့်ရုပ်သေးအဖွဲ့တို့၏ တပ်စခန်းပေါင်း(၃၀)ကျော်ကို သိမ်းပိုက်ပြီး ချင်းရွှေဟော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့”ဟု ကိုးကန့် မီဒီယာကနေတဆင့် ထုတ်ပြန်ထားသည်

ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့က ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ ဒေသကို ပိုမိုထိန်းချုပ်နိုင်ရေး၊ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အချိန်မရွေး ပစ်ခတ်နနေမှုများကို ဟန့်တားနိုင်ရေး၊

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး၊ “Online Game (ကျာဖင်)” ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် “၁၀၂၇ စစ်ဆင်ရေး” ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ယမန်နေ့ကပဲ ထုတ်ပြန်ခဲ့ပါသည်။




Be the first to comment

Leave a Reply

Your email address will not be published.


*