၄ရက် ၄မြို့ အားရစရာ

၀၂၇ စစ်ဆင်ရေး ၄ ရက်အတွင်းချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့တို့ကို အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ပြီး နောင်ချိုမြို့၊ သိန္နီမြို့တို့ကို ထိန်းချုပ်ထားနိုင်ပြီ

■ သန္နီမြို့ ထွေ/အုပ်ရုံး၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ မီးလောင် ပြာကျ

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရှမ်းပြည်မြောက်ပိုင်းတွင် တော်လှန်ရေး မဟာမိတ်တပ်များက ၁၀၂၇ စစ်ဆင်ရေး ၄ ရက်အတွင်း ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့တို့ကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်မြို့ကိုလည်းကောင်း၊ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီတွင် မူဆယ်မြို့နယ်ရှိ ဖောင်းဆိုင်မြို့ကိုလည်းကောင်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ခုက တရားဝင် ကြေညာထားသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်နှင့် သိန္နိမြို့နယ်တို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး မြို့နယ်အဝင်အထွက် လမ်းများ၊ တံတားများအားလုံးကို ထိန်းချုပ်ထားကြောင်း ၊ မြို့ထဲတွင် စစ်ကောင်စီတပ်တချို့ ရှိနေဆဲဖြစ်သော်လည်း ထွက်မလာရဲတော့ဘဲ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်း သိရှိရသည်။

“နောင်ချိုကရဲတွေ ၊ နောင်ချို ရဲစခန်းက ရဲမိသားစုတွေက အချုပ်သားပါခေါ်ပြီးပြေးကြပြီ။ နောင်ချိုမာ ထွေအုပ်၊ လဝက ၊ ပြည်သူ့စစ်တွေပါ မရှိတော့ဘူး။ တပ်ရင်းတချို့တော့ ရှိနေတယ်။ ဂိတ်အနေနဲ့တော့ ဝက်ဝံဂိတ်ပဲကျန်တော့တယ်။ နောင်ချိုမြို့နယ် ပတ်ပတ်လည်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းထားတယ်။ နောင်ချိုမြို့ထဲမှာလည်း ရဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းမရှိတော့ဘူး” ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောဆိုသည်။

အလားတူ သိန္နီမြို့နယ်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက လုံး၀ ထိန်းချုပ်ထားပြီး မကြာမီ သိန္နီမြို့ကိုပါ သိမ်းပိုက်မည်ဖြစ်ကြောင်း သိရှိရသည်။

“သိန္နီရဲစခန်းလည်း မီးလောင်သွားပြီ။ သိန္နီမြို့အဝင်အထွက် နမ္မတူ တံတားလည်း ကျိုးသွားပြီ။ ဒီနေ့မှာ ထွေ/အုပ်ရုံး မီးလောင်သွားပြီ။ သိန္နီမြို့ထဲမှာ ရဲ၊ ဌာနဆိုင်ရာ၊ စစ်တပ် မရှိတော့ဘူး။ တပ်ရင်းဘက်တွေမှာ သွားစုနေကြတယ်။ သိန္နီမြို့ပေါ်မှာ အုပ်ချုပ်ရေး မရှိတော့ဘူး” ဟု မြို့ခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *