ကေအိုင်အေ လည်းအားကြိုးမာန်တတ်သိမ်း

အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်က ကန်တော်ယန်တပ်စခန်းအပြင်၊ မလိယန်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ၃ နာရီလောက်အကြာမှာတော့ ကန်တော်ယန်ဗျူဟာကုန်း တပ်စခန်းသိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။

မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ် ရှိ ဆယ်စုနှစ်တစ်စုကြာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ ကန်တော်ယန် (Gangdau Yang) ဗျူဟာကုန်း စစ်တပ်ရဲ့အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ် KIA က ဒီကနေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ က ပြောပါတယ်။

လက်ရှိ စစ်တပ်ဘက်က စခန်းလက်လွတ်လိုက်ရတဲ့အတွက် ကန်တော်ယန်အပါအဝင် ဂျာထရွာဘက်ကို လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ဂျာထရွာက ပြည်သူတွေရဲ့နေအိမ် ၆ လုံးထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *