မနိုင်မှန်းသိလို့ ထွက်ပြေးကြပြန်ပီ

လားရှိုးနှင့်သိန္နီမြို့အကြားရှိ စစ်တပ်၏ မိုင်းပါး တပ်စခန်းတစ်ခုလုံး ခုခံတိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေး

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်နှင့် သိန္နီမြို့ကြားရှိ မိုင်းပါးအကြမ်းဖက်စစ်ကောင်စီတပ်စခန်း တစ်ခုလုံး ခုခံတိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေးသွားကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၃၀ ရက် ညပိုင်းက ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ တအာင်းတပ်မတော် PSLF/TNLA၊ တပ်မဟာ ၅ စစ်ဒေသအတွင်းရှိ လားရှိုးမြို့နှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ အနီးကပ် ထိုးစစ်ဆင်ချဉ်းကပ်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သားမှာ ညသန်းခေါင်ကျော်အချိန်တွင် စခန်းလုံးကျွတ်ထွက်ပြေးသွားကြောင်း ထို့ကြောင့် ယနေ့ အောက်တိုဘာလ ၃၁ နံနက်ပိုင်း ၄ နာရီ အချိန်ခန့်တွင် စခန်းကို ရှင်းလင်း သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တို့ဘာလ ၃၁ ရက် နံနက်ပိုင်းကလည်း ကျောက်မဲမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ်၊ ပန်စံကျေးရွာဘက်သို့ ၁၂၀/၁၀၅ ဟောင်ဝစ်ဇာအမြောက်ဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ယခု စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေသည့် အရပ်ဒေသနှင့် တိုက်ပွဲဖြစ်ပွားနေသည့် အရပ် ဒေသ များသို့ မိဘပြည်သူများအနေဖြင့် ခရီးသွားလာခြင်း မပြုလုပ်ကြရန်၊ မဖြစ်မနေခရီးသွားလာရမည် ဆိုပါက သက်ဆိုင်ရာ PSLF/TNLA အုပ်ချုပ်ရေးအဖွဲ့/ တပ်ရင်း တပ်ဖွဲတို့ထံ သတင်းပို့ ခွင့်ပြုချက် တောင်းခံ သွားရန် အသိပေးထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*