သတင်းထူး သတင်းထူး(ရုပ်သံ)

သတင်းထူး။ ။ စစ်ကောင်စီ ၏ ခလရ(၁၄၃)တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ် (၃)ဖွဲ့ထံသို့ လက်နက်ချအလင်းဝင်ခဲ့

ကိုးကန့်မီဒီယာ

၂၀၂၃ခုနှစ် နိုင်ဝင်ဘာလ (၁) ရက်

၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့တွင် ကွမ်းလုံမြို့နယ်၏တောင်ပိုင်းရှိ ကံမိုင်းဒေသ တွင် အခြေချတပ်ထိုင်သော (ရမခ) လက်အောက်ခံတပ်ရင်း ခလရ (၁၄၃) မှ လူဦးရေ (၄၁) ဦးသည် ညီ‌နောင်မဟာမိတ် (၃)ဖွဲ့ ထံသို့ လက်နက်ချပြီး အလင်းဝင်လာခဲ့ပါသည်။ ၎င်း (၄၁) ဦး အနက်

ဒု-တပ်ရင်းမှူး (၁) ဦး နှင့် တပ်ခွဲမှူး (၂) ဦးပါဝင်သည်ဟု သိရှိရပါသည်။

“၁၀.၂၇” စစ်ဆင်ရေး Operation ကြီးစတင်ပြီးတဲ့နောက်ပိုင်းတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့ အနေဖြင့် စစ်ဆင်ရေးအောင်မြင်မှုများကို တစ်ခုပြီးတစ်ခု‌ဖော်ဆောင်နိုင်ခဲ့ကြပြီး ကံမိုင်းဒေသတွင် အခြေချတပ်ထိုင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း တပ်စခန်းအတွင်းတွင်သာ ခိုအောင်းခဲ့ကာ စ

စစ်ကူများကိုစောင့်ဆိုင်းနေခဲ့ပါသည်။ အောက်တိုဘာလ (၂၈) ရက်နေ့ ညပိုင်းတွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ မှ ၎င်းတပ်ရင်းအား လက်နက်ချအလင်းဝင်ရန် တောင်းဆိုခဲ့ပါသည်။ (၂၉) ရက်နေ့တွင် MNDAA မှ “ မိမိတို့တပ်မတော်ဟာ MNTJP ပါတီ၏ဦးဆောင်ညွှန်ကြားချက်အတိုင်း နိုင်ငံရေးတာဝန်ကိုထမ်းဆောင်နေတဲ့တော်လှန်ရေး အဖွဲ့အစည်းဖြစ်ကြောင်း၊ သူတစ်ပါးအားသတ် ခြင်းဟာ မိမိတို့၏ရည်ရွယ်ချက်မဟုတ်ကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် စစ်သုံ့ပန်းမူဝါဒကို တစ်စိုက်မတ်မတ်လိုက်နာပြီး စစ်သုံ့ပန်းများကို သဘောထားကြီးစွာဖြင့် ပြုစုစောင့်ရှောက်ပါမည်”ဟု တပ်မတော်၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောပြခဲ့ပါသည်။ ထို့နောက် နှစ်ဦးနှစ်ဘက်မှ တစ်နေ့လုံး ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အောက်တိုဘာလ (၃၀) ရက်နေ့တွင် ခလရ (၁၄၃) ၏တပ်ဖွဲ့ဝင်များက လက်နက်ချပြီးအလင်းဝင်လာခဲ့ပါသည်။ စစ်ရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုလည်း တပ်စခန်းတွင် ထားရှိခဲ့ပြီး ဆုတ်ခွာခဲ့ပါသည်။

MNDAA မှ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁) ဦးအား တစ်ဦးလျှင် လမ်းစရိတ် (၁၅)သိန်း (စုစုပေါင်း သိန်း ၇၀၀ ကျော်)ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါသည်။

လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့တွင် လူအင်အားအလွန်ချို့တဲ့နေပြီး တပ်ရင်း (၁) ရင်းလျှင် လူအင်အား (၁၀၀)ခန့်သာရှိပါတော့သည်။ ထို့ပြင် ထွက်ပြေးသူ၊ ကျဆုံးသူများလည်း နေ့စဥ်နှင့်အမျှ ဆက်တိုက်တိုးများနေပါသည်။

“ ကာမိုင်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ ယခုကဲ့သို့ တပ်ရင်း(၁)ရင်းလုံး လက်နက်ချ အလင်းဝင်တဲ့ အခြေအနေမျိုး လုံးဝမရှိခဲ့ကြောင်း၊ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်၏ အတွင်းပိုင်းဟာ လုံးဝပျက်စီးနေပြီး ပြိုကွဲမည့်အခြေအနေသို့ရောက်ရှိနေပြီ ”ဟု MNDAA၏ ရှေ့တန်းအရာရှိတစ်ဦးက ဖော်ပြပြောဆိုခဲ့ပါသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီ၏အောက်ခြေတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏အခြေအနေကို ပိုမိုသိရှိနာလည်လာပြီး ၎င်းတို့အတွက်ဆက်လက်ပြီးအသက်စွန့်ရန်မလိုလားကြတော့ပါ။ ထို့ပြင် စစ်ကောင်စီဟာ ၎င်းတို့၏ ထိပ်သီးခေါင်းဆောင်တစ်ချို့အတွက်သာ အကျိုးဆောင်နေသည်ဟု လည်း ပိုမိုသိမြင်လာကြပါသည်။ စစ်ကောင်စီဟာ နိုင်ငံတော်ကိုကိုယ်စားမပြုနိုင်သလို၊ ပြည်သူ လူထုတစ်ရပ်လုံးကိုလည်း ကိုယ်စားမပြုနိုင်ပါ။ ထို့ပြင် ၎င်းတို့သည်သာလျှင် ပြည်သူလူထု တစ်ရပ်လုံးကို ကျွန်ပြုနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပါသည်။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းထံသို့ အလင်းဝင်လာသည်မှာ ရှက်စရာကောင်းတဲ့လုပ်ရပ်မဟုတ်ပါ။ အာဏာသိမ်း စစ်ကောင်စီအတွက် လက်နက်တာဝန်ထမ်းဆောင်နေခြင်းက ရှက်စရာကောင်းပါသည်။

ခလရ (၁၄၃) မှ ရရှိခဲ့သောပစ္စည်းများမှာ-

ဆက်သွယ်ရေးစက် (၃) ခု၊ ရိုင်ဖယ်သေနတ် (၂၇) လက်၊ စက်လက်အငယ် (၅) လက်၊ RPG (၂) လက်၊ Sniper (၁) လက်၊ စက်လက်အကြီး (၂) လက်၊ Type -82 စိန်ပြောင်း (၁) လက်၊ ၆၀မမ စိန်ပြောင်း (၂) လက်၊ ၅.၅၆ ကျည် (၁၁) ဖာ၊ ၅.၅၆ Shot Gun ကျည် (၈၀၀၀)တောင့်၊ အီနာဂါ (၃) ဖာ၊ ရိုင်ဖယ်ကျည်ကပ် (၁၃၀) ခု၊ MA-4 ဗုံးသီး(၈၀) လုံး၊ ဗုံးသီးအမျိုးမျိုး (၂၄၇) လုံး၊ ၈၂မမ ဗုံးသီး (၉၁) လုံး၊ ၁၀၀မမ ဗုံးသီး (၄၆) လုံး ၊ MA-4 (၄)လက် ၊ လက်ကိုင်ဖုန်း (၂၈) လုံး၊ စကားပြောစက် (၇) ခု၊ ဆန် (၃၈) အိတ်၊ Readymade Food (၁၂) ဖာ၊ ကုလားပဲ (၃) ပုံး၊ ဆေး (၅) ဖာ၊ စားသုံးဆီ (၃) ပုံး၊ လောင်စာဆီ (၃) ပုံး၊ ဝက် (၁) ကောင်။တို့ကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*