တစ်လမ်းရွေးဖို့ မြို့နယ်(ပကဖ) တာဝန်ခံ ပြောမီးနဲ့ရေ ဘာကိုရွေးမလဲ(ရုပ်သံ)

ကောလင်းမြို့သိမ်းတိုက်ပွဲ ထွေအုပ်ရုံးသာ သိမ်းဖို့ ကျန်ပြီး စစ်အုပ်စု ပြေးမလား၊ ခုခံမလား လမ်းရွေးဖို့ မြို့နယ်(ပကဖ) တာဝန်ခံ ပြော

ကလေးနဲ့တမူးမှာ သိမ်းပြီးသား စခန်းတွေ စစ်အုပ်စုက လေကြောင်းအကူနဲ့ ပြန်လာတိုက်လို့ တိုက်ပွဲ ပြန်ဖြစ်

စစ်ကိုင်းတိုင်း၊ ကလေးနဲ့ တမူးမြို့နယ်က စစ်အုပ်စုစခန်း ငါးခုထက်မနည်းကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းသုံးခုထက်မနည်း သိမ်းနိုင်ခဲ့ပေမယ့်

စစ်အုပ်စုက လေကြောင်းအကူနဲ့ ပြန်လာတိုက်လို့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေတယ်လို့ ‌ဒေသခံ တော်လှန်ရေး တပ်ဖွဲ့၀င်တွေက MFP ကို ပြောပါတယ်

နို၀င်ဘာ (၃)ရက် မနက်(၄)နာရီက စတင်ပြီး စစ်အုပ်စု အထိုင်ချတပ်စွဲတဲ့ နေရာတွေ ဖြစ်တဲ့ တမူးမြို့နယ်က ခမ်းပတ်မြို့ ရဲစခန်း၊ ဝိတုတ်ကျေးရွာ စစ်အုပ်စု စခန်းနဲ့‌ ကလေးမြို့‌နယ်ထဲက မြောက်စည်းရဲစခန်း၊ ရာဇဂြိုလ်ရွာ စစ်အုပ်စု စခန်းတွေကို တပြိုင်တည်း စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်

အဲ့ဒီ စီးနင်းတိုက်ခိုက်မှုအတွင်း ကလေးမြို့နယ် မြောက်စည်းရဲစခန်းနဲ့ တမူးမြို့နယ် ခမ်းပတ်မြို့ရဲစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ညနေပိုင်းမှာ စစ်အုပ်စုက လေကြောင်းပစ်ကူနဲ့ ပြန်လည် လာရောက် တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွါးနေတယ်လို့ ကလေးမြို့နယ် ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ပကဖ အဖွဲ့၀င်တစ်ဦးက ပြောပါတယ်

“လော‌လောတော့ မြောက်စည်းစခန်းပဲ ပိုင်ပိုင်နိုင်‌နိုင်‌ ပြောနိုင်သေးတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို စခန်းထဲ ပြန်၀င်ပြီးတာမှ နေရာ ပြန်ယူလို့ ပြန်တိုက်ရမှာ ဖြစ်နေတယ်။ မြောက်စည်းကတော့ (ဗုံး) ကြဲလာပြီးတော့ ကလေးမြို့ဘက် ပြန်ဆင်းသွားတယ်”

ဒါ့အပြင် တမူးမြို့နယ် ခမ်းပတ်မြို့နဲ့ ဝိတုတ်ကျေးရွာမှာလည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွါးနေပြီးတော့ လက်နက်ကြီးနဲ့ သေနတ်သံတွေ အဆက်မပြတ် ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *