ကာလုံဆိုတော့ ကုန်လာပြီပေါ့

နေပြည်တော်မှာ ယာယီသမ္မတ အမည်ခံ မြင့်ဆွေပါတက်ရောက်တဲ့ သွေးရူး သွေး တန်း ကာ/လုံ ပုံစံ အစည်းအဝေး ခေါ်ယူပြီး စိတ်ကူးယဉ် ဆုံးဖြတ်ချက်တွေ ချမှတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် နိုင်ငံတစ်ဝန်း မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေကြောင့် သွေးရူးသွေးတန်းဖြစ်နေရတဲ့ အကြမ်း ဖက်မင်းအောင်လှိုင်က ကာလုံပုံစံ အစည်းအဝေး တစ်ရပ်ကို ခေါ်ယူခဲ့ပြီး အဲဒီအစည်းအဝေးမှာ စစ်ဘက်ဆိုင်ရာ အရာရှိတွေ အပြင် ယာယီသမ္မတ အမည်ခံ မြင့်ဆွေပါ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ အဲဒီအစည်းအဝေးကို မင်းအောင်လှိုင်က ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို မင်းအောင်လှိုင်၊ စိုးဝင်းတို့က ယာယီသမ္မတမြင့်ဆွေကို ရှင်းပြခဲ့ပြီး အကြံဉာဏ်တွေ တောင်းခံခဲ့တယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးမှာ ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီး၊ ကစထမှူးတွေ၊ တိုင်း မှူး တွေနဲ့ စစ်ဘက်ဆိုင်ရာအရာရှိကြီးတွေသာ တက်ရောက်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ သိမ်းယူထားတဲ့ မြို့တွေ ပြန်သိမ်းဖိုနဲ့ အင်အားကုန်သုံး တိုက် ခိုက် ဖို့ ဆုံးဖြတ်တယ်လို့ သိရပေမယ့် လက်တွေ့ မြေပြင်မှာတော့ ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်တွေ ဆက်လက် အထိနာနေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းချိန်ကစလို့ လက်နက်ကိုင်တော်လှန်မှုတွေကို အင်အားကုန်သုံးပြီး တိုက်ခိုက်နေတာဖြစ်ပေမယ့်လည်း ဘယ်လိုမှ မနိုင်တော့တဲ့ အခြေအနေ ဖြစ်ထွန်းနေတာကို ဝန်မခံဘဲ အရှက်ပြေ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကာကွယ်ဖို့ ကြိုးစားနေသလိုဖြစ်နေတယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီအစည်းအဝေးရဲ့ အနှစ်ချုပ်ကတော့ မင်းအောင်လှိုင်အနေနဲ့ လက်ရှိ တိုင်းပြည်မှာ ကြုံနေရတဲ့ အခြေအနေတွေမှာ သူတစ် ယောက်တည်း စီမံနေတာမဟုတ်ဘဲ ယာယီသမ္မတ မြင့်ဆွေ အပါအဝင် အားလုံး သိရှိကြတဲ့ အခြေအနေ၊ အားလုံး ၀ိုင်းဝန်း ဆုံးဖြတ်လုပ်ကိုင်ကြတဲ့ပုံစံမျိုး ဖော်ဆောင်ဖို့၊ သူ့အပြစ်လွတ်ဖို့ ခေါ်ယူခဲ့တဲ့ သူခိုး သေဖော်ညှိ အစည်းအဝေး တစ်ရပ်ဆိုရင်လည်း မမှားနိုင်ပါဘူးလို့ စစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဓာတ်ပုံ- ယခုနှစ်အတွင်း ကျင်းပသည့် ကာလုံးအစည်းအဝေး ၂ /၂၀၂၃ ။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *