ယင်းမာပင်မြို့နယ် ထိပ်တိုက်တွေ့ ဝုန်းဒိုင်းကျဲ(ရုပ်သံ)

ယင်းမာပင်မြို့နယ် လည်ငေါက်ရွာတောင်ဘက်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

+++++++++++++++

နိုဝင်ဘာ ၈ ရက်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် လည်ငေါက်ရွာတောင်ဘက်မှာ စစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီး လက်နက် ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDFမှ သတင်းထုတ်ပြန်ထားပါတယ်။

ယနေ့ နိုဝင်ဘာ ၈ ရက်က ယင်းမာပင်မြို့နယ် လည်ငေါက်ရွာတောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ ရှေ့ပြေးကျားဘီလူးစစ်ကြောင်းကို တစ်ဖက်ပွင့်မိုင်း၊ အန်စာတုံးမိုင်းများနဲ့ မိုင်းဆွဲတိုက်ခိုက်ပြီး ၆၀ မမ၊ ၉၀ မမ လက်နက်ကြီးများအပြင် လက်နက် ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်ကျဆုံးများနိုင်တယ်လို့ သိရပြီး အထက်ပါစစ်ဆင်ရေးကို Chindwin Toe Na Yar PDF၊ ဒေါင်းနက်၊ ဘာမရှောင်နဲ့ ကျောင်းသားသမဂ္ဂ မဟာမိတ်ပူပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *