ညောင်လေးပင်နှင့် ပေါင်းတည်မြို့တို့တွင် ခဝေး၅ကောင်မြေဩဇာဖြစ်

ပဲခူးတိုင်း၊ ညောင်လေးပင်နှင့် ပေါင်းတည်မြို့တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၈

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်နှင့် ပေါင်းတည်မြို့တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များနှင့် စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ အခြေစိုက် ခလရ ၂၆၄ မှ စစ်ကြောင်းကို ကျောက်ကြီးမြို့၊ နတ်သံကွင်းနားတွင် KNU နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးကြောင်း၊ စစ်သား ၂ ဦး၏ အလောင်းကိုသာ စစ်တပ်က ပြန်ကောက်နိုင်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း သိရှိရသည်။

“တိုက်ပွဲကျ သွားတဲ့ စစ်သား ၅ ဦးထဲမှာ တစ်ယောက်က တပ်ကြပ် မင်း​အောင်ဆိုတာပါ သေဆုံးပါတယ်။ အလောင်းက ၂ လောင်းပဲ ပြန်ရပါတယ်။ အခုထက်ထိ တိုက်နေကြတုန်း” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ သစ်ပုတ် ကျေးရွာအုပ်စု၊ မရိုးကျွန်းရွာနှင့် သရက်စမ်းရွာကြား တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးအပြင်း အ ထန်ဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က အင်အား ၂၄ ဦးဖြင့် သစ်ပုတ်တာဝါတိုင်စခန်း ကုန်းမှ နယ်မြေရှင်းလင်းရေးလုပ်မည်ဟု ဆိုကာ ရိုးမကျွန်းဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ကို မရိုးကျွန်းရွာနှင့် သရက်စမ်းကျေးရွာကြား အရောက် ပဒေသာ မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး သစ်ပုတ် တာဝါတိုင် စခန်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF)၊ တပ်ခွဲ ၁ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင် မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲဝင်များအားလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများနှင့် အမြန်ဆုံးဆက်သွယ်၍ ပြည်သူလူထုထံ အလင်းဝင် ခိုလှုကြရန် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။

ဓာတ်ပုံ- ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *