အလုံမင်းဒေါင့်ဆိပ်ကမ်း ရေဘဝဲမီးကင်(ရုပ်သံ)

အလုံမင်းဒေါင့်ဆိပ်ကမ်း မှ စစ်ကူလာသည့် အာဏာသိမ်းစစ်တပ်ရေယာဉ် အုပ်စုကို ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

နိုဝင်ဘာလ ၉ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အထက်ပိုင်းတွင် သောင်တင်နေသည့် အာဏာသိမ်းစစ်တပ် ရေယာဉ်အုပ်စုအတွက် စစ်ကူလာသည့် စစ်ရေယာဉ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း “ချိုမိုင်မိုင်” ကနီက ယမန့်နေ့ညပိုင်းတွင် သတင်း ထုတ်ပြန်ထားပါသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၇ ရက်နေ့တွင် ချင်းတွင်းမြစ်အထက်ပိုင်းတွင် ခိုးရာပါပစ္စည်းများ နှင့် ကျောက်စိမ်းများကို တင်ဆောင်လာသည့်အာဏာသိမ်းစစ်တပ်ရေယာဉ်အုပ်စုက နစ်မြုပ်လုနီးဖြစ် နေသည့်အတွက် အလုံမင်းဒေါင့်ဆိပ်ကမ်းမှ စစ်ကူလာသည့် စစ်သင်္ဘောများကို ပြည်သူ့ကာကွယ် ရေးရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အထက်ပါစစ်ဆင်ရေးကို ကနီမြိုနယ်တိုက်ခိုက်‌ရေးကိုယ်စားပြု(ပ.က.ဖ)အဖွဲ၀င်များ ဖြစ်ကြသော ချိုမိုင်မိုင်(ကနီ)၊ သိန်းငှက်ပြောက်ကျား၊ ဒေါင်းစစ်သည်(ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ)၊နှင့်အတူ မုံရွာအခြေစိုက်9 Million (Local PDF) တိုမှပူးပေါင်းကာ ဆောင်ရွက်ခဲ့တာ ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *