ကြယ်၃လုံး စခ၉ကောင် မတန်ပါဘူးကွာ

စစ်သား ၉ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးသော ကလေးမြို့ နယ်၊ မြောက်စည်း ရဲစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ မတ္တရာမြို့ နယ်၊ ရေနံ့သာရဲစခန်း ဗုံးကျဲတိုက်ခိုက်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်စည်းရဲစခန်းကို သိမ်းပိုက်စဉ် လက်နက်ခဲယမ်းများ သိမ်းဆည်းရ ရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်၍ ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို တော် လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ သိမ်း ပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၉ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးခဲ့ ကြောင်း သိရှိရသည်။

” စစ်ခွေး အလောင်း ၉ လောင်း သိမ်းဆည်းရရှိတယ်။ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးတယ်” ဟု VAKOK – CNDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

မြောက်စည်းရဲစခန်းကို တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့သော ရဲဘော် ၂ ဦးမှာ VAKOK – CNDF မှ ရဲဘော် Salai Thawng Tha Cung ၊ RKDF မှ ရဲဘော် ညိုလုံးနှင့် ရဲဘော် မင်းခန့်တို့ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို VAKOK – CNDF၊ Ranger Kalay Defend Force – RKDF ၊ ကလေးခရိုင်တပ်ရင်း ၄ ၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပူပေါင်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ ကြောင်း မတ္တရာမြို့နယ် – ပကဖ မဟာတပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက် အောက်ခံ ရဲကင်းစခန်းကို ဒရုန်းဖြင့် မတ္တရာမြို့နယ် ပကဖ မဟာတပ်ဖွဲ့၊ Special 10 အဖွဲ့နှင့် တိုက် နယ် ၃ အဖွဲ့တို့ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *