“သား အဖ နှစ်ယောက်ခြံထဲထိုင်နေတဲ့အချိန်ညီကိုတွေ ပွဲကခဲ့တာ”(မြောက်ဥက္ကလာပ)

မြောက်ဥက္ကလာပတွင် ရဲမှူးတစ်ဦး၏ နေအိမ်ကို ဗုံးပစ်တိုက်ခိုက်မှု ရဲမှူးနှင့်သားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရဲမှူး တစ်ဦး၏ နေအိမ်ကို ဗုံးပစ်တိုက်ခိုက်ရာ ရဲမှူးနှင့်သားဖြစ်သူတို့ ထိခိုက်ဒဏ်ရာ ရရှိကြောင်း ရန်ကုန်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ ကျောက်ရေတွင်းရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရားလမ်းရှိ ရဲမှူးတစ်ဦး၏ နေအိမ်ကို ရန် ကုန်တိုင်း၊အနောက်ပိုင်းခရိုင်ပကဖ အဖွဲ့ နှင့် Yangon Army ၊ Dark Shadow ၊ Urban Warrior တို့ပူးပေါင်း၍ တိုက်ခိုက်ရာ ရဲမှူးနှင့် သားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်။

“ရဲမှူးအကောင်ကြီးထဲက တစ်ယောက်ရယ် သူ့သားရယ်ထိတယ်ကိုကြီး အတည်ပြုနိုင်ထားတယ်။ သေမသေပဲမသိသေးတာ သား အဖ နှစ်ယောက်ခြံထဲထိုင်နေတဲ့အချိန်ညီကိုတွေ ပွဲကခဲ့တာ။ ရဲမှူးအကောင်ကြီးနဲ့သူ့သားထိတာသေချာပါတယ်” ဟု ရန်ကုန်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“ဗုံးကွဲတာက ရဲမှူးအိမ်မဟုတ်ပါဘူး။ ကျောက်ရေတွင်းရပ်ကွက်ထဲက ကားဝယ်ရောင်းအိမ်ပါ။ အဲဒီအိမ်ပိုင်ရှင် သမီးရဲ့ယောက်ျား၊ သူ့သားမက်က ဗျူဟာမှူးသားပါ။ လူမထိခိုက်ဘူး။ သူတို့အိမ်ရှေ့ခြံဝင်းထဲဗုံးကျတာ။ ကားမှန်ကွဲတယ်။ ကားနောက်ဘီးကွဲတယ်” ဟု မြောက်ဥက္ကလာပဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု စစ်ဆင်ရေးသည် ဒီမိုကရေစီရရှိရေးနှင့် မြောက်ပိုင်းစစ်ဒေသ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ Operation 1027 စစ်ဆင်းရေးကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ လူထု လို့လားသော ဒီမိုကရေစီရရှိရေးအတွက် စစ်တပ်နှင့်ပတ်သက်သော ပစ်မှတ်ကိုထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ နောက်ထပ်ပစ်မှတ်ကြီးများကိုလည်းမဟာမိတ်များနှင့် ပူးပေါင်းပြီးဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်း လုံခြုံရေးချ စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *