မီးစာကုန် ဆီခမ်းဆိုတော့ နီးပြီပေါ့နော်

စစ်ကောင်စီက စက်သုံးဆီအရောင်းဆိုင်များသို့ ဆီခွဲတမ်း မပေးနိုင်တော့၍ ပုံမှန်ခွဲတမ်းထက် ၈၀ ရာခိုင်နှုန်းကျော် လျှော့ချလိုက်သဖြင့် ဆီပြတ်လပ်မှုဖြစ်ပေါ်နေ၊ စစ်ကောင်စီတွင် စက်သုံးဆီတင်သွင်းရန် ဒေါ်လာနည်းပါးနေသည် ဆိုသော သတင်းထွက်လာ

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကောင်စီက စက်သုံးဆီအရောင်းဆိုင်များသို့ ဆီခွဲတမ်း မပေးနိုင်တော့၍ ပုံမှန်ခွဲတမ်းထက် ၈၀ ရာခိုင်နှုန်းကျော် လျှော့ချလိုက်သဖြင့် ဆီပြတ်လပ်မှုဖြစ်ပေါ်နေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက စက်သုံးဆီခွဲတမ်းကို ပုံမှန်ပေးနေကျ ရာခိုင်နှုန်းထက် ၈၀ ရာခိုင်နှုန်းကျော် လျှော့ချပေးလိုက်သဖြင့် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ခွဲတမ်းတွေ လျော့တယ်။ အရင် ဓာတ်ဆီလီတာ ၃သောင်း ခွဲတမ်းချပေးနေတဲ့ ဆိုင်တွေကို အခု ဓာတ်ဆီ၄၀၀၀ လီတာပဲ ချပေးတယ်။ ချပေးတဲ့ ခွဲတမ်းတွေလည်း သီလဝါမှာ ဆီထုတ်ရမလွယ်ဘူး။ အခုက ဆီသွင်းဖို့ ဒေါ်လာ ပြတ်လပ်နေပြီလို့ လည်း ကြားနေရတယ်။ စစ်ကောင်စီက ဒေါ်လာချမပေးဘူးလို့လည်း ကြားရတယ်။ တကယ်တမ်း ဘာလို့ ဆီခွဲတမ်းလျှော့သလဲဆိုတာ ကျနော်တို့ သေချာမသိရသေးဘူး” ဟု ပုဂ္ဂလိက အလတ်စား စက်သုံးဆီပိုင်ရှင်တစ်ဦးက ဆိုသည်။

ယမန်နေ့မှစတင်၍ ရန်ကုန်မြို့တွင် စက်သုံးဆီ ရရှိရန် ကားများ တန်းစီနေရပြီး တချို့ဆိုင်များတွင် ကားတစ်စီးလျှင် စက်သုံးဆီ ၁ သောင်းဖိုး သာရောင်းချပေးကြောင်း၊ စက်သုံးဆီစျေးနှုန်းမှာမူ 92 တစ်လီတာ ၂၀၆၀ ကျပ်နှင့် 95 ဓာတ်ဆီ တစ်လီတာ ၂၁၆၀ ကျပ်စျေးရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ရန်ကုန်တွင် ဆီတန်းစီနေသည့် မြင်ကွင်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *