မွန်တို့ဌာနေ ရာမည တောင်ပိုင်းမှာစပီး အောင်ပွဲသံတွေကြားရပီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက တော်လှန်ရေးတပ်ဖွဲ့များက‌ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲကင်းစခန်းနှင့် တံတားလုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရဲကင်းစခန်းနှင့် တံတားကို အပြီး သတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲတွေက လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဖြစ်နေတာ။ ချောင်းနှစ်ခွမှာတိုက်ပွဲအရမ်းထန်နေတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်မှာ ကျိုက်မရော ချောင်းနှစ်ခွ တံတားနှင့်ရဲကင်းစခန်း ကို KNDO နဲ့ ဂဠုန်စစ်ကြောင်း အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းလိုက်ပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေပြီ ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ရဲကင်းစခန်းနှင့် တံတားသိမ်းပိုက်မှုတွင် အရှင်ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများ ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထွက်ပြေးသွားကြကြောင်း၊ အသေးစိတ်ကို သက်ဆိုင်ရာက သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *