” ပြည်ပြေး”တဲ့ ခုတော့သူတို့ဝဋ်လည်ပြီး”ပြည်ပြေး”ဘဝရောက်နေပီ ဘပုရေ

ခမ်းပတ်မြို့မှ ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အိန္ဒိယနိုင်ငံထဲသို့ ရောက်နေ၊ ဒဏ်ရာရသော စစ်သားများ အိန္ဒိယနိုင်ငံထဲတွင် သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့မှ ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီး ဒဏ် ရာရရှိသော စစ်သားတချို့မှာ အိန္ဒိယနိုင်ငံထဲတွင် သေဆုံးသွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း၂ ၊ စစ်ဒေသအထူး တပ်ရင်း ၂ ၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီး အဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း၊ ခမ်းပတ်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းများကို မိသားစုဝင်များနှင့်အတူ စွန့်ခွာ ထွက်ပြေးပြီး အိန္ဒိယနိုင်ငံသို့ ဝင်ရောက်သွားကြကြောင်း၊ ဒဏ်ရာရသူများကိုပါ တစ်ပါတည်း ခေါ်ဆောင်သွား ကြကြောင်း သိရှိရသည်။

“နိုဝင်ဘာလ ၅ ရက်နေ့လောက်ကတည်းက စစ်သားတွေနဲ့ စစ်အရာရှိတွေေ သူတို့ မိန်းမ ကလေးတွေနဲ့ အိန္ဒိယထဲ ထွက်ပြေးသွားကြတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယစစ်တပ်က သူတို့ကို ကူညီထားတယ်။ ဒဏ်ရာရတဲ့သူတွေလည်းပါတယ်။ တချို့လည်း အိန္ဒိယထဲမှာ ဆေးမကုရဘဲ သေကုန်တယ်” ဟု အခြေအနေကို သိရှိထားသော နယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မကြာသေးမီက သိမ်းပိုက်ခဲ့သော ခမ်းပတ်မြို့ရဲစခန်းမှ ရရှိသည့် လက်နက်များ၊ ရဲအရာရှိအဆောင်အယောင်များ၊ ရဲများ၏ ပစ္စည်းများကို တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တချို့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အိန္ဒိယနိုင်ငံထဲ ထွက်ပြေးရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ။ ခမ်းပတ်မြို့ရဲစခန်းမှ သိမ်းဆည်းရရှိသော လက်နက်နှင့် ရဲအသုံးအဆောင်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *