အသက်ကိုဥာဏ်စောင့်တယ် မြန်မြန်ပူးပေါင်းကြပါ

ကျောက်ထုအမြောက်တပ်က ဒုအရာခံဗိုလ် ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းဆီ လက်နက်နဲ့တကွ အလင်းဝင်။

ကျပ်သိန်း ၅၀ ဆုချီးမြှင့်…

++++++++++++++++++

နိုဝင်ဘာ ၁၃

ကျောက်ထုအမြောက်တပ်က ဒုအရာခံဗိုလ်တစ်ဦးဟာ ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းဆီ လက်နက်နဲ့တကွ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း YRA-ထီးလင်းက မနေ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က ကျောက်ထုအမြောက်တပ်က ဒုအရာခံဗိုလ်တစ်ဦးဟာ MA – 3 တစ်လက်၊ကျည်ဘောက် ၃ ဘောက်၊ ကျည် ၂၁၉ တောင့်၊ ကျည်ကာအင်္ကျီတစ်ထည်ယူဆောင်ပြီး CDM ပြုလုပ်ဝင်ရောက်လာခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်နေ့ မနေ့က ဂုဏ်ပြုဆုငွေ သိန်း ၅၀ ကျပ်တိတိပေးအပ်ချီးမြှင့်ခဲ့ကာ လွတ်မြောက်နယ်မြေတနေရာမှာ လုံခြုံစွာစောင့်ရှောက်ထားရှိတယ်လို့ YRA-ထီးလင်းက ဆိုပါတယ်။

YRA-ထီးလင်း အနေနဲ့ လက်နက်နဲ့အတူ CDM ပြုလုပ်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက်ု ထိုက်တန်တဲ့ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ လွတ်မြောက်နယ်မြေ(သို့မဟုတ်) သွားလိုတဲ့နေရာများကို ဘေးအန္တရာယ်ကင်းစွာ ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *