ဗန်းမောက်မြို့အနီး ဗိုလ် အပါအဝင် စခအုပ်စု (၂၀)ကျော်မြေဩဇာဖြစ် (ရုပ်သံ)

ဗန်းမောက်မြို့အနီးမှာ တိုက်ပွဲဖြစ်ပြီး ဗိုလ် အပါအဝင် စစ်အုပ်စု (၂၀)ကျော် သေ၊

သက်တန့်/ MFP ၊ နိုဝင်ဘာ – ၁၄

စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်မြို့တောင်ဘက် မြို့ဝင်ပေါက်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ မြစ်သေးချင်းရွာ အနီးမှာ နိုဝင်ဘာ(၁၁)ရက်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်အုပ်စု (၂၀)ကျော် သေတယ်လို့ ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က MFP ကို ပြောပါတယ်။

နိုဝင်ဘာ(၁၁)ရက် မနက်(၁၁)နာရီကျော်မှာ တိုက်ပွဲဖြစ်ပြီး ကင်းလှည့်နေတဲ့ စစ်အုပ်စု အင်အား (၅၀)လောက်ကို တော်လှန်ရေး တပ်ဖွဲ့တွေက အလစ်အငိုက် တိုက်ခိုက်ရာမှာ ကနဦးပိုင်းမှာတော့ အရာရှိနှစ်ဦး အပါအဝင် ရှစ်ဦး သေဆုံးတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) က ထုတ်ပြန်ထားပေမယ့် ဒီကနေ့ နောက်ဆုံးရရှိတဲ့ သတင်းအရ စစ်အုပ်စု (၂၀)ကျော် သေဆုံးတာ ဖြစ်တယ်လို့ ဗန်းမောက် – ပကဖ ပြန်ကြားရေးတာဝန်ခံ ပြောပါတယ်။

“(၁၁)ရက်နေ့က ဖြစ်တာ။ (၁၁)ရက်နေ့က ဖြစ်တာကို (၁၂)ရက်နေ့ နေ့ခင်း(၁၁)နာရီနဲ့ (၁၁)နာရီ (၄၀)ဝန်းကျင်က နေပြီးတော့ သူတို့ရဲ့ (၁၁)ရက်နေ့က ကျထားတဲ့ အလောင်းတွေကို ဝင်ကောက်တာ။ ဝင်ကောက်တဲ့ဟာကို (၁၃)ရက်နေ့ မနက်(၉)နာရီလောက်မှာ ပြန်ထွက်ခဲ့တာ။ ဝင်သွားတဲ့အဖွဲ့က။ တိုက်ပွဲ ထိတွေ့မှုဖြစ်တဲ့နေရာကို အလောင်း ဝင်ကောက်တဲ့အဖွဲ့က။ အဲဒီ (၂၂)ယောက်လောက် ကျတယ်ဆိုတာက ဒီနေ့မှ မနက်မှ ရခဲ့တဲ့ သတင်းတွေ။ အဲဒီမှာ သူတို့က (၁၂)ရက်နေ့ မနက်(၁၁)နာရီ (၄၀)ဝန်းကျင်လောက်ကနေ သူတို့ လူနာတင်ကားတစ်စီး အနက်ရောင်၊ နောက်ကပါတဲ့ စကစ အင်အား (၂၀)လောက် ရှိတယ်။ အဲဒါ ဝင်ပြီးတော့မှ အလာင်းတွေ သွားကောက်တယ်။ ကောက်တဲ့နေရာမှာ သာမန်အဆင့် စကစတွေကို ထိတွေ့မှု ဖြစ်တဲ့နေရာမှာပဲ မြှုပ်ခဲ့တယ်လို့ ပြောပါတယ်။ ပြန်သယ်ခဲ့တာကလည်း နှစ်ပွင့်ဗိုလ် တစ်ယောက်ပဲ ပြန်သယ်ခဲ့ပြီးတော့မှ ထွက်ခဲ့တာကလည်း မနေ့က မနက်(၉)နာရီနဲ့ (၁၀)နာရီကြားမှာပဲ ပြန်ထွက်ခဲ့တာ။ နှစ်ပွင့်ဗိုလ်အလောင်းကိုတော့ သူတို့ သယ်လာပြီးတော့မှ အောင်သာကုန်း၊ ထိတွေ့မှု ဖြစ်တဲ့ရွာနဲ့ ဟိုဘက်ရွာ၊ ဒီဘက်ရွာပေါ့။ သူကတော့ မြို့နဲ့ လုံးဝ ဆက်သွားပြီပေါ့။ အဲဒီရွာမှာ သူတို့ ထိုင်တာကတော့ အဲဒီ အောင်သာကုန်းရွာမှာ ထိုင်တာပေါ့။ အဲဒီရွာမှာ မီးသဂြိုဟ်လိုက်တယ်”

စစ်အုပ်စုဘက်က သိမ်းဆည်းရမိတဲ့ လက်နက်တွေက MA 1 တစ်လက်၊ MA 2 1လက်၊ MA 4 နှစ်လက်၊ MA 5 နှစ်လက် စတဲ့ လက်နက်တွေအပြင် ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်း ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဗန်းမောက်မြို့နယ် အနောက်ခြမ်း မိုင်(၃၀)ခန့်အကွာမှာ ရှိတဲ့ ကြောင်လည်ရွာ ဘက်မှာလည်း SNA (ရှမ်းနီ)၊ စစ်အုပ်စု၊ ပျူပူးပေါင်းအဖွဲ့တွေနဲ့ တော်လှန်ရေး တပ်ဖွဲ့ကြား နိုဝင်ဘာ(၁၀)ရက်က ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ကြောင်လည်ရွာတိုက်ပွဲမှာတော့ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း အထိုင်စခန်းတွေကို တော်လှန်ရေးဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗန်းမောက်မြို့နယ် ပကဖ က ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *