လွိုင်ကော်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းမိသားစုတွေကို ကရင်နီတော်လှန်ရေးတပ်တွေ က ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေး(ရုပ်/သံ)
++++++++++++++++
နိုဝင်ဘာ ၁၅ ရက်
လွိုင်ကော်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းမိသားစုတွေကို ကရင်နီတော်လှန်ရေးတပ်တွေ က ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကဆီက သိရပါတယ်။
လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းတွေနဲ့ ၎င်းတို့၏ မိသားစုဝင်တွေကို လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေး များနှင့်အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်မှုအောက်မှာ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားကြောင်း၊ နောက်ဆက်တွဲ လုပ်ငန်းစဉ်အဖြစ် Non-CDM များနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ရေးသားပြုစုထားတဲ့ CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒ စာတမ်းပါ Non-CDM ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုးကားပြီးသော်လည်းကောင်း၊ လူ့အခွင့်အရေးကို အခြေခံပြီး သော်လည်းကောင်း စီမံဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။