မုံရွာမြို့နယ်အတွင်း စခစခန်း၃ခုကိုနတ်နတ်သီးကျွေး(ရုပ်သံ)

မုံရွာမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၃ ခုကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

+++++++++++++++++++++

နိုဝင်ဘာ ၁၆ ရက်

မုံရွာမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၃ ခုကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် တယ်လို့ Brave Heart Army အဖွဲ့မှ သတင်းရရှိပါတယ်။

နိုဝင်ဘာ ၁၀ ရက်က အကြမ်းဖက်စစ်သားအင်အား ၄၅ ဉီးနဲ့ စခန်းချထားတဲ့ စွမ်းရဘ်ထက်အထိုင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံး၊ နိုဝင်ဘာ ၁၃ ရက် နံနက် ၉ နာရီခန့်က စစ်သားအင်အား ၃၅ ဉီးခန့်နဲ့ တပ်စွဲထားတဲ့ ညောင်ဖြူပင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံး၊ နိုဝင်ဘာ ၁၃ ရက်က စစ်သားအင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ အမြင့်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၅ လုံးတစ်ကြိမ် SHAR HTOO WAWနည်းပညာဒရုန်းတို့နဲ့လည်း တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သားအများအပြားသေဆုံးထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း24၊ တပ်ခွဲ ၃ တိမ်တမာန် လေကြောင်းစစ်ဆင် ရေးတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း၁၀ တပ်ခွဲ၂ CHINDWIN FIGHTER GROUP၊ CGF၊ BRAVE HEART ARMY၊ BHA ၊ ဗန္ဒုလနှင့် အဖွဲသားတွေက လက်တွဲညီညီဆောင်ရွက်ခဲ့ကြတယ်လို့ သိ ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*