ဆားလင်းကြီးမြို့နယ်က ကျားတက်ကျေးရွာတွင် ရခ ၇ကောင်ဂန့်

ဆားလင်းကြီးမြို့နယ်က ကျားတက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ ရဲစခန်းမှူးအပါအဝင် ၇ ဦးသေဆုံး

++++++++++++++

နိုဝင်ဘာ ၁၆

ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ ရဲစခန်းမှူးအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ Salingyi Special Task Force – SSTFယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅က ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ (၁၂) ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ ကျားတက်ရွာထဲ ထွက်လာချိန်မှာ တော်လှန်ရေးရဲဘော်များက ကင်းပုန်းနေရာယူ ပြောက်ကြားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ တစ်နာရီခန့် ကြာခဲ့ပြီး စစ်သားနဲ့ရဲ ၁၅ ဦးခန့်ဟာ တော်လှန်ရေး ရဲဘော်များရဲ့ အကွက်ကျကျတိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးနဲ့ ရဲစခန်းမှူးအပါ ရဲ ၄ ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းအတွင်း ကျန်ရှိနေခဲ့တဲ့ စစ်သားနဲ့ရဲများကိုလည်း Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)} နဲ့ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team (3) PDAF ကောင်းကင်သူရဲကောင်း ညီနောင်၂​ဖော်က ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ စစ်သားနဲ့ရဲများ ထိ​ခိုက်မှုများ ရှိနိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲကနေ MA1 နှစ်လက်၊ MA3 တစ်လက်၊ G4 တစ်လက်၊ လက်ပစ်ဗုံး ငါး လုံး၊ အီနာဂါ F9 တစ်လုံး၊ စစ်အသုံးအဆောင်ပစ္စည်းများနဲ့ ကျည်ဆံများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *