မွေးနေ့ပါတီကျင်းပနေစဉ်မှာနတ်နတ်သီးကျွေး တောင်ပိုင်းမှာတဲ့

မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မော်လမြိုင်၊ နိုဝင်ဘာ ၁၆ ။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် မွေးနေ့ပါတီကျင်းပနေစဉ် ဒရုန်းနှင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများမှ တဆင့်သိရှိရပါသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ ဝန်းကျင်အချိန်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းမှ ပေါက်ကွဲသံ (၂) ချက်ကြားရကြောင်း ဒေသခံများက ဆိုပါသည်။

“ ခုဏကပဲ ပစ်နေကြတယ်၊ ပေါက်ကွဲသံကြားပြီး တော့မှပဲ တချက် နှစ်ချက်ပစ်တယ်။ နည်းနည်းကြာပြီးမှ ဆက်ပစ်တာပေါ့ ဒက်ဒက်ဒက် ဆိုပြီးတော့ ထပ်ပစ်တယ်” ဟု ပစ်ခတ်သံကိုကြားခဲ့ရသည့် ဒေသခံ တဦးက Rehmonnya-FM ကိုပြောပြပါသည်။

လက်နက်ငယ်ပစ်ခတ်သံများကို ၆ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ထပ်မံကြားရပြီး ရှေ့တောင်တိုင်းစစ်ဌာနချုပ် ရှေ့တွင် လမ်းသွားလမ်းလာများကို စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသော အရေအတွက်ကို လက်ရှိအချိန်မှာ အတည်ပေးနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် မတ်လ ၁၆ရက်နေ့ ည ၉နာရီ ၄၀ မိနစ်အချိန်တွင်လည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် ပထမအကြိမ် Drone ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

လက်ရှိတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းမှူးမှာ ဗိုလ်ချုပ်မြတ်သက်ဦး ဖြစ်ပြီး ဩဂုတ်လ လလယ်ပိုင်းမှစတင်ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ အသစ်ခန့်ထားခြင်းဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *